Burmese Burmese
ဇူလိုင် 25, 2022

ငွေကြေး - ငွေကြေးဖောင်းပွခြင်း/ကုန်စျေးနှုန်းတက်ခြင်းဆိုတာဘာလဲ? ငွေကြေးဖောင်းပွခြင်း/ကုန်စျေးနှုန်းတက်ခြင်းဟာ ငွေလွှဲမှုတွေအပေါ် မည်သို့သက်ရောက်မှုရှိသလဲ?

ငွေကြေးဖောင်းပွခြင်း/ကုန်စျေးနှုန်းတက်ခြင်းဆိုတာဘာလဲနှင့် ငွေကြေးဖောင်းပွခြင်း/ကုန်စျေးနှုန်းတက်ခြင်းဟာ ငွေလွှဲမှုတွေအပေါ် မည်သို့သက်ရောက်မှုရှိသလဲ အစရှိတာတွေကို လေ့လာကြည့်လိုက်ပါနော်။

မျှဝေပါ။

ငွေကြေးဖောင်းပွခြင်း/ ကုန်စျေးနှုန်းတက်ခြင်းဆိုတာဘာလဲ?

မိမိနေ့စဉ်ဝယ်နေကျ အစားအသောက်၊ ကုန်စုံ တို့၏ စျေးနှုန်းတက်လာခြင်းကို ငွေကြေးဖောင်းပွခြင်း/ကုန်စျေးနှုန်းတက်ခြင်း ဟုခေါ်သည်။ ထိုသို့ကုန်စျေးနှုန်းတို့ တက်နေခြင်းဟာ ငွေကြေးဖောင်းပွမှုမြင့်မားနေမှုကြောင့်ဖြစ်ပြီး ငွေကြေးဖောင်းပွမှုမြင့်မားနေရင် ကုန်စျေးနှုန်းတွေ အမြန်မြင့်တက်လာပါတယ်။

ငွေကြေးဖောင်းပွခြင်း/ ကုန်စျေးနှုန်းတက်ခြင်းရဲ့ နှုန်းဆိုတာဘာလဲ?

ငွေကြေးဖောင်းပွခြင်းနှုန်းကိုတိုင်းတာပုံမှာ ကုန်စျေးနှုန်းအားလုံးရဲ့ စျေးနှုန်းပြောင်းလဲမှု နှုန်းကိုဖြစ်သည်။ ကုန်စျေးနှုန်းဆိုသည်မှာ အစားအသောက်၊ အဝတ်အစားမှစ၍ အိမ်နှင့် လေယာဉ်စျေးနှုန်းတို့အထိပါဝင်သည်။

ဥပမာပြောရရင်

လွန်ခဲ့သောအပတ်က အစားအသောက်ဝယ်ရာတွင် ထိုင်းဘတ် ၅၀၀ ကျခဲ့ပမယ့်လည်း ဒီအပတ်မှာ လွန်ခဲ့တဲ့အပတ်ကလို အစားအသောက်ပမာဏ ပုံစံတူ ဝယ်ပေမယ်လည်း စျေးနှုန်းကတော့ ဘတ် ၆၀၀ ကျသင့်နေတာဟာ စျေးနှုန်းတွေတက်လာလို့ပဲဖြစ်ပါတယ်။ သင်၏ ဝင်ငွေကတော့ တိုးမလာဘူးဆိုရင် လွန်ခဲ့သောအပတ်ကထက် သင်ဟာ ပိုပြီးတော့ ဆင်းရဲသွားသည်ဟုဆိုနိုင်သည်။

ငွေကြေးဖောင်းပွခြင်း/ကုန်စျေးနှုန်းတက်ခြင်းဟာ ငွေလွှဲမှုတွေအပေါ် မည်သို့သက်ရောက်မှုရှိသလဲ?

ပုံမှန်အားဖြင့် ငွေကြေးဖောင်းပွမှုသည် သင်နေထိုင်တဲ့ နိုင်ငံငွေကြေးတန်ဖိုးအား အခြားနိုင်ငံခြားငွေတန်ဖိုးတို့ထက် ကျဆင်းသွားစေသည်။ ပြောရမယ်ဆိုရင် သင်နေထိုင်တဲ့နိုင်ငံမှာ ငွေကြေးဖောင်းပွမှုမြင့်နေပြီး သင်နေထိုင်နေသောနိုင်ငံ၏ငွေကြေးဖြင့် စျေးဝယ်ရာတွင် အရင်ကထက် ပို၍နည်းသော ကုန်ပမာဏကို ရမှာပဲဖြစ်ပါတယ်။

နောက်ထပ်ဥပမာတစ်ခုပေးရရင်

သင်ဟာ ငွေကြေးဖောင်းပွမှုမြင့်နေတဲ့ ထိုင်းနိုင်ငံမှာလာရောက် အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သားဆိုကြပါစို့။ သင်က မြန်မာနိုင်ငံမှာရှိတဲ့ သင်၏မိသားစုကို တစ်လတစ်လ ထိုင်းဘတ် ၅,၀၀၀ ပုံမှန်ပို့ပေးနေတယ်။ သင်နေထိုင်တဲ့နိုင်ငံရဲ့ငွေကြေးမှာ ထိုင်းဘတ်ဖြစ်ပြီး အခြားနိုင်ငံငွေကြေးမှာ မြန်မာကျပ်ဖြစ်သည်။

လွန်ခဲ့သောလရဲ့ ငွေလွှဲနှုန်းမှာ ၁ ဘတ်= ၄၉ကျပ် ဖြစ်သောကြောင့် သင်၏မိသားစု လက်ခံရငွေမှာ ၂၄၅,၀၀၀ကျပ်(ဘတ် ၅,၀၀၀ x ၄၉ကျပ်) ဖြစ်သည်။ ယခင်လမှစ၍ ထိုင်းနိုင်ငံ၏ ကုန်စျေးနှုန်းများ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ယခုလတွင် ငွေလွှဲနှုန်းသည် ၁ဘတ် = ၄၀ကျပ် သာရှိတော့သည်။ ဒါ့ကြောင့် အခုလငွေလွှဲလျှင် သင့်မိသားစုလက်ခံရရှိငွေမှာ ၂၀၀,၀၀၀ကျပ်ပဲရှိတော့မည်ဖြစ်သည်။ ငွေကြေးဖောင်းပွမှုကြောင့် ငွေလွှဲရာတွင် အရင်လထက် ငွေ ၄၅,၀၀၀ နည်းသွားခြင်းဖြစ်သည်။

အကြောင်းရင်းမှာ သင်အလုပ်လုပ်နေသော ထိုင်းနိုင်ငံတွင် ငွေကြေးဖောင်းပွမှုများဖြစ်နေသောကြောင့် ထိုင်းဘတ် ၁ဘတ်ကို ၄၉ကျပ်ဖြစ်ရမယ့်အစား ထိုင်းဘတ် ၄၀ ဖြစ်သွားသောကြောင့်ဖြစ်သည်။

ငွေကြေးဖောင်းပွခြင်း/ ကုန်စျေးနှုန်းတက်ခြင်းကြောင့် ငွေလဲနှုန်းနှင့် ငွေလွှဲပေးခြင်းတို့အပေါ်သက်ရောက်မှုတွေဖြစ်စေပြီးသောကြောင့် ၄င်းတို့ကို နားလည်ထားရန်မှာ အရေးကြီးပါသည်။ ငွေလဲနှုန်းတို့သည် ငွေကြေးဖောင်းပွမှုနှင့် အခြားသောအကြောင်းအရာအမျိုးမျိုးတို့၏ ရလဒ်ကြောင့် အမြဲပင် ပြောင်းလဲနေပါတယ်။ SaverAsia ရဲ့ အခမဲ့ ငွေလဲနှုန်းနှိုင်းယှဉ်ပေးသည့် လုပ်ဆောင်ချက် (free Compare Rates tool) ဟာ သင့်အား ငွေလဲနှုန်းတို့ကို အချိန်နှင့်တပြေးညီရရှိစေရန် ဆောင်ရွက်ပေးထားပါသည်။ ဒီလုပ်ဆောင်ချက်လေးကို SaverAsia အက်ပလီကေးရှင်းနဲ့ ဝက်ဘ်ဆိုဒ်တို့မှာ အခမဲ့ သုံးစွဲနိုင်ပါတယ်။

ငွေလဲနှုန်းနှင့်ပက်သက်၍ ပိုမိုလေ့လာချင်ပါက ယခင်ဆောင်းပါးတွင် လေ့လာနိုင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကုန်စျေးနှုန်းတွေမြင့်တက်နေပေမယ့်လည်း မိမိရဲ့ ငွေကြေးကို ကောင်းမွန်စွာစီမံခန့်ခွဲနိုင်မှုနဲ့ပက်သက်သော ငွေကြေးဆိုင်ရာအကြောင်းအရာတို့ကို လေ့လာချင်ပါက ယခင်ကရေးထားသောဆောင်းပါးတို့တွင် ဤဝက်ဘ်ဆိုဒ်၌ ဖတ်ရှုလေ့လာနိုင်ပါတယ်နော်။

ငွေများများစုနိုင်ပါစေ။

ရေးသားသူ – Malorie Anne Manaois

ဇွန်လ ၈ရက် ၂၀၂၂ခုနှစ်။