Burmese Burmese

ငွေကြေးဆိုင်ရာ အခြေခံအချက်များ

ဤအခန်းကတွင် သင်အိမ်သို့ ငွေလွှဲပို့သောအခါ ဖြစ်ပေါ်လာနိုင်သော မေးခွန်းများကို ဖြေကြားပေးထားပါသည်။ ထို့အပြင် သင့်အား ငွေကြေးဆိုင်ရာ ထပ်ဆောင်းအကြံပြုချက်များကိုလည်း ပံ့ပိုးပေးထားပါသည်။

‌ငွေလဲနှုန်းဆိုတာ ဘာလဲ။

‌ငွေလဲနှုန်းဆိုတာ ဘာလဲ။

နိုင်ငံခြားငွေလဲနှုန်းဆိုသည်မှာ ပြည်ပနိုင်ငံတစ်ခု၏ ငွေကြေးနှင့် မိခင်နိုင်ငံ၏ ငွေကြေး လဲလှယ်တန်ဖိုး ဖြစ်သည်။ သင် နိုင်ငံခြားသို့ ငွေလွှဲပို့သည့်အခါ ငွေလွှဲကုမ္ပဏီက မိခင်နိုင်ငံ၏ ငွေကြေးကို ထုတ်ယူမည့်နိုင်ငံ၏ ငွေကြေးအလိုက်တွက်ချက်ပေးမည်ဖြစ်သည်။ ပုံမှန်အားဖြင့် ငွေလဲနှုန်းတွက်ချက်ရာတွင် အဖွဲ့အစည်းတစ်ရပ်သည် “ပုံသေမျဉ်း” တစ်ခုကို ထည့်သွင်း တွက်ချက်ကြ၍ ယင်းကို “ငွေကြေးလဲလှယ်နှုန်း” ဟု […]

နိုင်ငံခြားငွေလဲနှုန်းဆိုသည်မှာ ပြည်ပနိုင်ငံတစ်ခု၏ ငွေကြေးနှင့် မိခင်နိုင်ငံ၏ ငွေကြေး လဲလှယ်တန်ဖိုး ဖြစ်သည်။ သင် နိုင်ငံခြားသို့ ငွေလွှဲပို့သည့်အခါ ငွေလွှဲကုမ္ပဏီက မိခင်နိုင်ငံ၏ ငွေကြေးကို ထုတ်ယူမည့်နိုင်ငံ၏ ငွေကြေးအလိုက်တွက်ချက်ပေးမည်ဖြစ်သည်။

ပုံမှန်အားဖြင့် ငွေလဲနှုန်းတွက်ချက်ရာတွင် အဖွဲ့အစည်းတစ်ရပ်သည်ပုံသေမျဉ်းတစ်ခုကို ထည့်သွင်း တွက်ချက်ကြ၍ ယင်းကိုငွေကြေးလဲလှယ်နှုန်းဟု ခေါ်ပါသည်။ သင်၏ ငွေလွှဲပို့ခြင်းတွင် အပိုငွေ ထည့်သွင်းတွက်ချက်ကြြခင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းသည် ငွေလွှဲခြင်းနှင့် ဘဏ်လုပ်ငန်းက၏ပုံမှန်လုပ်ဆောင်ချက်ပင်ဖြစ်သည်။ထိုငွေမှာအများအားဖြင့်ဖေါ်ပြထားခြင်းမရှိသောကြောင့်ငွေလွှဲဝန်ဆောင်မှုများ၏နှုန်းထားများကိုနှိုင်းယှဉ်ကြည့်ရန်အကြံပြုပါသည်။

ငွေကြေးအသိပညာဆိုတာ ဘာလဲ။

ငွေကြေးအသိပညာဆိုတာ ဘာလဲ။

ငွေကြေးအသိပညာဆိုတာ ကိုယ့်ရဲ့ငွေကြေးအကြောင်းကို နားလည်မှုရှိပြီး စနစ်တကျ စီမံခန့်ခွဲတတ်သော စွမ်းရည်ဖြစ်သည်။ ငွေကြေးအသိပညာသည် ကျွန်ုပ်တို့၏ ဝင်ငွေ၊ ကုန်ကျစရိတ်၊ ဘတ်ဂျက်၊ ငွေစုခြင်း၊ ငွေချေး ခြင်းတို့ကို ထိရောက်စွာ စီမံတတ်စေသည့် အသိပညာများနှင့် ကျွမ်းကျင်မှုများဖြစ်ပြီး မိမိငွေကို အကောင်းဆုံး စီမံတတ်ရန် ဤအရာသည် အရေးကြီးပေသည်။ ငွေကြေးအသိပညာသည် သင်ပြည်ပတွင် […]

ငွေကြေးအသိပညာဆိုတာ ကိုယ့်ရဲ့ငွေကြေးအကြောင်းကို နားလည်မှုရှိပြီး စနစ်တကျ စီမံခန့်ခွဲတတ်သော စွမ်းရည်ဖြစ်သည်။ ငွေကြေးအသိပညာသည် ကျွန်ုပ်တို့၏ ဝင်ငွေ၊ ကုန်ကျစရိတ်၊ ဘတ်ဂျက်၊ ငွေစုခြင်း၊ ငွေချေး ခြင်းတို့ကို ထိရောက်စွာ စီမံတတ်စေသည့် အသိပညာများနှင့် ကျွမ်းကျင်မှုများဖြစ်ပြီး မိမိငွေကို အကောင်းဆုံး စီမံတတ်ရန် ဤအရာသည် အရေးကြီးပေသည်။

ငွေကြေးအသိပညာသည် သင်ပြည်ပတွင် အလုပ်လုပ်ကိုင်ခြင်းနှင့် သင်၏မိသားစုကို အောက်ပါတို့အတွက် အထောက်အကူဖြစ်စေသည်။

ဘဝရည်မှန်းချက်များကို သေချာ ချမှတ်လာနိုင်ပြီး ရွှေ့ပြောင်းသွားလာခြင်းဖြင့် ထိုရည်မှန်းချက်များကို ဖြစ်မြောက်လာခြင်း

အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရောက်ရှိနေသော နိုင်ငံနှင့် မူရင်းနေရပ်နှစ်ခုစလုံးအတွက် ရေတိုရေရှည် ငွေကြေးရည်မှန်းချက် ပန်းတိုင်များ သတ်မှတ်လာနိုင်ခြင်း

ဘတ်ဂျက်တစ်ခု အသုံးပြုပြီး ငွေစုခြင်း စွမ်းရည်တိုးတက်လာခြင်း

အခက်အခဲစီမံခန့်ခွဲခြင်း နည်းလမ်း/ဗျူဟာများ ရေးဆွဲလာနိုင်ခြင်း

SaverAsia တွင်သင့်နိုင်ငံရှိငွေကြေးအသိပညာဆိုင်ရာအရင်းအမြစ်များနှင့်သင်တန်းများကိုရှာဖွေရယူနိုင်သည်။

ဘဏ်ကတ်ဆိုတာ ဘာလဲ။

ဘဏ်ကတ်ဆိုတာ ဘာလဲ။

ဘဏ်ကတ်ဆိုသည်မှာ ဘဏ်ကထုတ်ပေးသော တတ်များဖြစ်ပြီး အီလက်ထရောနစ်စနစ်ဖြင့် ငွေအသွင်း/အထုတ် ပြုလုပ်နိုင်ပေသည်။ ထိုဘဏ်ကတ်များတွင်  ATM ကတ်များ၊ ငွေကြိုသွင်းရသော debit ကတ်နှင့် အကြွေးဝယ် credit ကတ်ဟူ၍ ကတ်အမျိုးအစားအမျိုးမျိုးရှိပေသည်။

ဘဏ်ကတ်ဆိုသည်မှာ ဘဏ်ကထုတ်ပေးသော တတ်များဖြစ်ပြီး အီလက်ထရောနစ်စနစ်ဖြင့် ငွေအသွင်း/အထုတ် ပြုလုပ်နိုင်ပေသည်။ ထိုဘဏ်ကတ်များတွင်  ATM ကတ်များ၊ ငွေကြိုသွင်းရသော debit ကတ်နှင့် အကြွေးဝယ် credit ကတ်ဟူ၍ ကတ်အမျိုးအစားအမျိုးမျိုးရှိပေသည်။

debit ကတ်ဆိုတာ ဘာလဲ။

debit ကတ်ဆိုတာ ဘာလဲ။

ဒဲဘစ်ကတ် (debit card) သည် သင်၏ ဘဏ်အကောင့်ထဲမှ ငွေကြေးကို အလိုအလျောက် ငွေထုတ် စက်ဟု ခေါ်သော ATM မှ ထုတ်ယူနိုင်သော ကတ်ဖြစ်သည်။ ဘဏ်အကောင့်ထဲမှ ငွေထုတ်ယူခြင်း အပြင် သင်၏ဘဏ်စာရင်းလက်ကျန်ငွေကိုလည်း ATM စက်တွင် စစ်ဆေး ကြည့်နိုင်ခြင်း၊ အကောင့် တစ်ခုမှ […]

ဒဲဘစ်ကတ် (debit card) သည် သင်၏ ဘဏ်အကောင့်ထဲမှ ငွေကြေးကို အလိုအလျောက် ငွေထုတ် စက်ဟု ခေါ်သော ATM မှ ထုတ်ယူနိုင်သော ကတ်ဖြစ်သည်။ ဘဏ်အကောင့်ထဲမှ ငွေထုတ်ယူခြင်း အပြင် သင်၏ဘဏ်စာရင်းလက်ကျန်ငွေကိုလည်း ATM စက်တွင် စစ်ဆေး ကြည့်နိုင်ခြင်း၊ အကောင့် တစ်ခုမှ အခြားအကောင့်တစ်ခုသို့ ငွေလွှဲပြောင်းနိုင်ခြင်းနှင့် မိမိ၏ အကောင့်ထဲသို့ ငွေသွင်းခြင်းများ ပြုလုပ်နိုင်ပါသည်။

ယင်းအပြင် debit ကတ်ဖြင့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ပေသည်။ ထိုသို့ဝယ်ယူရန် သင်၏ ဘဏ် အကောင့်ထဲတွင် လုံလောက်သောငွေပမာဏရှိရန် လိုအပ်ပေသည်။ သင်ပစ္စည်း ဝယ်ယူသည့် တပြိုင်နက် သင်၏ဘဏ်အကောင့်ထဲမှ ငွေကို ချက်ချင်းဖြတ်ယူသွားမည် ဖြစ်သည်။ သင်၏ ငွေစာရင်းထဲမှ ဖြတ်တောက်ငွေများနှင့် လက်ကျန်ငွေစာရင်းကို ဘဏ်က သင့်ထံသို့ ပုံမှန်ပို့ပေးမည် ဖြစ်သည်။

အချို့နိုင်ငံများရှိ ဘဏ်အချို့သည် ATM ဝန်ဆောင်မှုများကိုသာရရှိနိုင်ပါသည်။

‌ငွေချေးယူခြင်းဆိုသည်မှာ ဘာလဲ။

‌ငွေချေးယူခြင်းဆိုသည်မှာ ဘာလဲ။

သင်၏ကိုယ်ပိုင်ငွေ မဟုတ်ဘဲ အခြားသူ တယောက်၏ငွေကို အသုံးပြုခြင်းကို ငွေချေးယူခြင်းဟု ခေါ်ပါသည်။ ငွေချေးယူပါက ပြန်ပေးရန် တာဝန်ရှိပေသည်။ ငွေချေးယူရန် ဆုံးဖြတ်ချက်ကို လွယ်လွယ်မချသင့်ပေ။ ငွေချေးမယူမှုမပြုမီ သေချာလေ့လာမှုများ ပြုလုပ်သင့်ပေသည်။ အကြွေးဝယ်ခြင်း၊ ချေးငွေယူခြင်း (သို့) ဘဏ်ကငွေချေးယူခြင်းများမပြုမီသတ်မှတ်ချက်များကိုသေချာစွာစစ်ဆေးကြည့်သင့်ပေသည်။

သင်၏ကိုယ်ပိုင်ငွေ မဟုတ်ဘဲ အခြားသူ တယောက်၏ငွေကို အသုံးပြုခြင်းကို ငွေချေးယူခြင်းဟု ခေါ်ပါသည်။

ငွေချေးယူပါက ပြန်ပေးရန် တာဝန်ရှိပေသည်။ ငွေချေးယူရန် ဆုံးဖြတ်ချက်ကို လွယ်လွယ်မချသင့်ပေ။ ငွေချေးမယူမှုမပြုမီ သေချာလေ့လာမှုများ ပြုလုပ်သင့်ပေသည်။ အကြွေးဝယ်ခြင်း၊ ချေးငွေယူခြင်း (သို့) ဘဏ်ကငွေချေးယူခြင်းများမပြုမီသတ်မှတ်ချက်များကိုသေချာစွာစစ်ဆေးကြည့်သင့်ပေသည်။

‌ငွေချေးယူသင့်သလား။

‌ငွေချေးယူသင့်သလား။

တခါတရံ ငွေချေးယူခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်နိုင်ပေသည်။ သို့သော် ငွေချေးယူခြင်းက ပြဿနာများနှင့် အခက်အခဲဖြစ်စေသော အခြေအနေများကို ဖြစ်စေနိုင်ပါ သည်။ ငွေချေးယူပါက အချိန်မှီ ပြန်လည်ပေးဆပ်ရန် တာဝန်ရှိပေသည်။ ငွေချေးသူကို ချေးငွေအပြင် ချေးယူငွေအတွက် အတိုးကိုပါ ပေးရမည်။ ငွေပေးဆပ်နိုင်ခြင်း မရှိပါက (သို့) ပေးဆပ်ရန် […]

တခါတရံ ငွေချေးယူခြင်းက ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်နိုင်ပေသည်။ သို့သော် ငွေချေးယူခြင်းက ပြဿနာများနှင့် အခက်အခဲဖြစ်စေသော အခြေအနေများကို ဖြစ်စေနိုင်ပါ သည်။ ငွေချေးယူပါက အချိန်မှီ ပြန်လည်ပေးဆပ်ရန် တာဝန်ရှိပေသည်။ ငွေချေးသူကို ချေးငွေအပြင် ချေးယူငွေအတွက် အတိုးကိုပါ ပေးရမည်။ ငွေပေးဆပ်နိုင်ခြင်း မရှိပါက (သို့) ပေးဆပ်ရန် နောက်ကျနေပါက အတိုးပိုပေးရခြင်းနှင့် ဉပဒေအရ ရင်ဆိုင်ရခြင်းစသော ဆိုးကျိုး များကို ရင်ဆိုင်ရနိုင်ပါသည်။

ချေးငွေမယူမီ အောက်ပါမေးခွန်းသုံးခုကို သင့်ကိုယ်သင် မေးကြည့်ပါ။

၁။ ငွေချေးပြီး ဒီအရာကိုဝယ်ယူဖို့ မဖြစ်မနေ လိုအပ်နေပါသလား။

၂။ ဒီချေးငွေကို လွယ်လွယ်ကူကူ ပြန်ပေးရန် (သို့) လစဉ်ပေးချေရန် တတ်နိုင်ပါသလား။

၃။ ချေးငွေနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေက ကိုယ့်အတွက် အဆင်ပြေရဲ့လား။

ထိုမေးခွန်းသုံးခုရဲ့ အဖြေတွေက ဟုတ်ကဲ့ဆိုပါက သင်သည် ငွေချေးယူချင်ပါက ချေးယူနိုင်ပေ သည်။ ထိုသို့မဟုတ်ပါက အကောင်းဆုံးမှာ အချိန်ခေတ္တစောင့်ဆိုင်းပြီး ငွေစုကာ ငွေမချေးယူရ ဘဲ လိုချင်တာကို ဝယ်ယူနိုင်ပေသည်။ အခြေအနေအားလုံးတိုင်း၌ ပစ္စည်းဝယ်ယူမှုတိုင်း အတွက် ချေးငွေမယူဘဲ ကိုယ်ပိုင် ငွေကြေးဖြင့် ဝယ်ယူခြင်းကသာ အကောင်းဆုံးဖြစ်ပေသည်။

အကြွေးဝယ်ကတ်နှင့် ချေးငွေများအတွက် အကောင်းဆုံး အသက်သာဆုံး အခြေအနေကို သိရှိစေရန် သတင်း အချက်အလက်များကို နေရာအနှံ့တွင် မေးမြန်းစုံစမ်းသင့်ပေသည်။ အတိုးနှုန်း များသော ချေးငွေများကို ရှောင်ရှားပါ။ ကိုယ့်ပတ်ဝန်းကျင်ရှိ ငွေတိုးချေးသူများထက် ဉပဒေဖြင့် ှတ်ပုံတင်ထားသည့်  ငွေကြေး အဖွဲ့အစည်းများထံက ရယူရန် စဉ်းစားသင့်ပေသည်။

အချုပ်အားဖြင့်ဆိုသော် ငွေချေးယူခြင်းသည် တာဝန်ရှိစွာ အသုံးပြုပါက အလွန်အသုံးဝင်မည်ဖြစ်ပြီး တာဝန်ယူမှုမရှိပါက အလွန်အန္တရာယ်များပေသည်။

အကြွေးဝယ်ခြင်း credit ဆိုတာဘာလဲ။

အကြွေးဝယ်ခြင်း credit ဆိုတာဘာလဲ။

ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုများအတွက် ပေးရန် ငွေချေးယူခြင်းကို အကြွေးဝယ်ခြင်း ခရက်ဒစ် (credit) ဟု ခေါ်ပါသည်။ ထိုသို့ ချေးယူအသုံးပြုခြင်းကြောင့် သတ်မှတ်ချိန်တွင် အတိုးဖြင့် ထိုငွေကို ပြန်ပေးရန်လိုအပ်ပေ သည်။ ထိုသို့ ချေးယူအသုံးပြုရာတွင် ခရက်ဒစ်ကတ်များ၊ စတိုးကတ်များ၊ ဘဏ်ချေးငွေစာရွက်များနှင့် ချေးငွေများ အပါအဝင် ပုံစံအမျိုးမျိုး […]

ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှုများအတွက် ပေးရန် ငွေချေးယူခြင်းကို အကြွေးဝယ်ခြင်း ခရက်ဒစ် (credit) ဟု ခေါ်ပါသည်။ ထိုသို့ ချေးယူအသုံးပြုခြင်းကြောင့် သတ်မှတ်ချိန်တွင် အတိုးဖြင့် ထိုငွေကို ပြန်ပေးရန်လိုအပ်ပေ သည်။ ထိုသို့ ချေးယူအသုံးပြုရာတွင် ခရက်ဒစ်ကတ်များ၊ စတိုးကတ်များ၊ ဘဏ်ချေးငွေစာရွက်များနှင့် ချေးငွေများ အပါအဝင် ပုံစံအမျိုးမျိုး ရှိပေသည်။

ခရက်ဒစ်ကတ်နှင့် စတိုးကတ်ဆိုတာ ဘာလဲ။

ခရက်ဒစ်ကတ်နှင့် စတိုးကတ်ဆိုတာ ဘာလဲ။

ခရက်ဒစ်ကတ်ဟုခေါ်သော အကြွေးဝယ်ကတ်ဆိုသည်မှာ ကတ်ကိုင်ဆောင်သူကို သတ်မှတ်ချေးယူနိုင်သော ပမာဏအတွက် ဘဏ်က ထုတ်ပေးသော ဘဏ်ကတ်ဖြစ်သည်။ သင်သည် ကုန်ပစ္စည်းဝယ်ယူရာတွင် ထိုကတ်ကို အသုံးပြု၍ ငွေပေးချေခဲ့ပါက သင်သည် ထိုဘဏ်မှ ငွေချေးယူခဲ့ခြင်းပင် ဖြစ်သည်။ ကုန်ပစ္စည်း ဝယ်ယူသည့် အကြိမ်တိုင်း သင်၏ ဘဏ်အကောင့်မှ ငွေဖြတ်မည့်အစား (ATM နှင့် […]

ခရက်ဒစ်ကတ်ဟုခေါ်သော အကြွေးဝယ်ကတ်ဆိုသည်မှာ ကတ်ကိုင်ဆောင်သူကို သတ်မှတ်ချေးယူနိုင်သော ပမာဏအတွက် ဘဏ်က ထုတ်ပေးသော ဘဏ်ကတ်ဖြစ်သည်။ သင်သည် ကုန်ပစ္စည်းဝယ်ယူရာတွင် ထိုကတ်ကို အသုံးပြု၍ ငွေပေးချေခဲ့ပါက သင်သည် ထိုဘဏ်မှ ငွေချေးယူခဲ့ခြင်းပင် ဖြစ်သည်။ ကုန်ပစ္စည်း ဝယ်ယူသည့် အကြိမ်တိုင်း သင်၏ ဘဏ်အကောင့်မှ ငွေဖြတ်မည့်အစား (ATM နှင့် debit ကတ်တို့တွင် ဘဏ်အကောင့်မှ တခါတည်း ဖြတ်ယူသည်) ဘဏ်က ရောင်းသူကို ငွေစိုက်ထားပေးပြီး သင်၏ ခရက်ဒစ် ကတ်မှ ဝယ်ယူမှုများအတွက် သင့်ထံသို့ လစဉ် ပြေစာပို့ပေးမည်ဖြစ်သည်။ ရက်ပေါင်း ၃၀ အတွင်း ထိုကတ်မှ အသုံးပြုခဲ့ သော ငွေများကို ပြန်မပေးပါ ပြန်မပေးရသေးသော ငွေပမာဏအလိုက် သင်သည် အတိုးပေးရမည်။

ခရက်ဒစ်ကတ်များသည် ရေတိုကာလ ပေးချေမှုအတွက် ကုန်ပစ္စည်းများ ဝယ်ယူရန် အသုံးဝင်သော ပုံစံတစ်ခု ဖြစ်သည်။ နေ့စဉ် ဝယ်ယူမှုများအတွက် ငွေကြေးပုံစံအဖြစ် ခရက်ဒစ်ကတ်များကို အသုံးပြုနိုင်သော်လည်း အချိန်မီ ငွေပြန်မပေးနိုင်ပါက လျှင်မြန်စွာ အကြွေးတင်နိုင်ပေသည်။ အသုံးပြုမည့်ငွေကို အမြန်ဆုံးပြန်လည် ပေးချေနိုင်ပါမှ ခရက်ဒစ်ကို အသုံးပြုသင့်ပေသည်။

နိုင်ငံများစွာတွင် စတိုးကတ်များလည်း ရရှိနိုင်ပေသည်။ ထိုကတ်များမှာ ခရက်ဒစ်ကတ်ကဲ့သို့ပင် အသုံးပြုနိုင်သော်လည်း စတိုးဆိုင်တစ်ခု (သို့မဟုတ် ထိုစတိုးနှင့် ကွန်ယက်ချိတ်ထားသော စတိုးဆိုင်များ) တွင်သာ အသုံးပြုနိုင်ပေသည်။

ဘဏ်ချေးငွေစာရွက် bank overdraft ဆိုတာဘာဘဲ။

ဘဏ်ချေးငွေစာရွက် bank overdraft ဆိုတာဘာဘဲ။

overdraft ဆိုသည်မှာရေတိုငွေကြေးပုံစံတစ်ရပ်အဖြစ်အသုံးပြုနိုင်သောဘဏ်ကထုတ်ထားပေးသောချေးငွေစာရွက်ဖြစ်သည်။ထိုစာရွက်ကသင်၏ဘဏ်အကောင့်တွင်ငွေမရှိစေကာမူသင်သည်ထိုစာရွက်ဖြင့်ငွေထုတ်ယူရန်ဘဏ်ကခွင့်ပြုပေးခြင်းဖြစ်သည်။သင်သုံးလိုက်သောငွေနှင့်သင့်တွင်ရှိသောငွေကြေးနှစ်ခုကြားကွာခြားမှုကိုဖြည့်ဆည်းရန်လိုအပ်လာပါကထိုချေးငွေစာရွက်အတွက်အခကြေးငွေပေးရပါသည်။ သင်၏ဘဏ်အကောင့်တွင် ထိုချေးငွေစာရွက်ဝန်ဆောင်မှု ပါဝင်ပြီးသားဖြစ်နိုင်သကဲ့သို့ သင်လိုအပ်သည့် အခါ မှ လျှောက်ထားရယူနိုင်တာလည်း ရှိနိုင်သည်။ ထိုဘဏ်ချေးငွေစာရွက်များ အသုံးပြုမည်ဆိုပါက သေချာ စီစဉ်သင့်သည်။ သေချာစီစဉ်မှုမရှိြခင်း (သို့) မတော်တဆအနေဖြင့်သင်၏ဘဏ်စာရင်းမှငွေအများအပြားထုတ်ယူမှုများပြုလုပ်ခဲ့ပါကအနှုတ်လက္ခဏာဆောင်သောလက်ကျန်စာရင်းများကိုသင်ရင်ဆိုင်ရနိုင်ပါသည်။ အစီအစဉ်တကျဖြစ်စေ၊ မတော်တဆဖြစ်စေ ဘဏ်ချေးငွေစာရွက် overdraft ကို အသုံးပြုမိပါက သင်သည် ဘဏ်ကို […]

overdraft ဆိုသည်မှာရေတိုငွေကြေးပုံစံတစ်ရပ်အဖြစ်အသုံးပြုနိုင်သောဘဏ်ကထုတ်ထားပေးသောချေးငွေစာရွက်ဖြစ်သည်။ထိုစာရွက်ကသင်၏ဘဏ်အကောင့်တွင်ငွေမရှိစေကာမူသင်သည်ထိုစာရွက်ဖြင့်ငွေထုတ်ယူရန်ဘဏ်ကခွင့်ပြုပေးခြင်းဖြစ်သည်။သင်သုံးလိုက်သောငွေနှင့်သင့်တွင်ရှိသောငွေကြေးနှစ်ခုကြားကွာခြားမှုကိုဖြည့်ဆည်းရန်လိုအပ်လာပါကထိုချေးငွေစာရွက်အတွက်အခကြေးငွေပေးရပါသည်။

သင်၏ဘဏ်အကောင့်တွင် ထိုချေးငွေစာရွက်ဝန်ဆောင်မှု ပါဝင်ပြီးသားဖြစ်နိုင်သကဲ့သို့ သင်လိုအပ်သည့် အခါ မှ လျှောက်ထားရယူနိုင်တာလည်း ရှိနိုင်သည်။ ထိုဘဏ်ချေးငွေစာရွက်များ အသုံးပြုမည်ဆိုပါက သေချာ စီစဉ်သင့်သည်။ သေချာစီစဉ်မှုမရှိြခင်း (သို့) မတော်တဆအနေဖြင့်သင်၏ဘဏ်စာရင်းမှငွေအများအပြားထုတ်ယူမှုများပြုလုပ်ခဲ့ပါကအနှုတ်လက္ခဏာဆောင်သောလက်ကျန်စာရင်းများကိုသင်ရင်ဆိုင်ရနိုင်ပါသည်။

အစီအစဉ်တကျဖြစ်စေ၊ မတော်တဆဖြစ်စေ ဘဏ်ချေးငွေစာရွက် overdraft ကို အသုံးပြုမိပါက သင်သည် ဘဏ်ကို အကြွေးပေးရတော့မည် ဖြစ်သည်။ မြင့်မားသောအတိုးနှုန်းကို ရှောင်ရှားနိုင်စေရန်နှင့် ချေးငွေ ပမာဏကို ပိုများများရစေရန် ချေးယူထားမှုများကို မြန်မြန်ပြန်ဆပ်သင့်ပေသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်သည် အတိုးအတွက် ငွေအများကြီး ကုန်ကျခံရန် မလိုအပ်တော့ပေ။

ချေးငွေဆိုသည်မှာ ဘာလဲ။

ချေးငွေဆိုသည်မှာ ဘာလဲ။

ချေးငွေယူခြင်းဆိုသည်မှာ ဘဏ်၊ အသေးစားချေးငွလုပ်ငန်း၊ ခရက်ဒစ်အသင်းအဖွဲ့ (သို့) ဒေသန္တရငွေချေးသူ များကဲ့သို့ ငွေကြေးအဖွဲ့အစည်းတစ်ခုခုမှ ငွေချေးယူခြင်းဖြစ်သည်။ အများအားဖြင့် သတ်မှတ်ကာလတစ်ခု တွင် ပြန်ပေးရမည့် စုစုပေါင်းပမာဏ ချေးငွေဖြစ်သည်။ ငွေချေးယူသူသည် (ချေးယူထားသော ငွေပမာဏ အပေါ် ရာခိုင်နှုန်းအလိုက်) အတိုးပေးရသည့်အပြင် ချေးယူငွေအတွက် စပေါ်ငွေ (ကနဉီးသတ်မှတ်ငွေပမာဏ) ကိုလည်း […]

ချေးငွေယူခြင်းဆိုသည်မှာ ဘဏ်၊ အသေးစားချေးငွလုပ်ငန်း၊ ခရက်ဒစ်အသင်းအဖွဲ့ (သို့) ဒေသန္တရငွေချေးသူ များကဲ့သို့ ငွေကြေးအဖွဲ့အစည်းတစ်ခုခုမှ ငွေချေးယူခြင်းဖြစ်သည်။ အများအားဖြင့် သတ်မှတ်ကာလတစ်ခု တွင် ပြန်ပေးရမည့် စုစုပေါင်းပမာဏ ချေးငွေဖြစ်သည်။ ငွေချေးယူသူသည် (ချေးယူထားသော ငွေပမာဏ အပေါ် ရာခိုင်နှုန်းအလိုက်) အတိုးပေးရသည့်အပြင် ချေးယူငွေအတွက် စပေါ်ငွေ (ကနဉီးသတ်မှတ်ငွေပမာဏ) ကိုလည်း ပေးရသည်။

ရည်ရွယ်ချက် အမျိုးမျိုးအတွက် ချေးငွေရယူနိုင်သည်။ ဉပမာကားဝယ်ခြင်း (သို) အိမ်ဝယ်ခြင်း (သို့) ရွှေ့ပြောင်းသွားလာစရိတ်တို့ဖြစ်သည်။ လကုန်ရက်အတွက် ချေးငွေများ၊ ရေတိုအတွက်ငွေချေးခြင်းတို့မှာ လစာမရမီ သုံးစွဲရန် အသုံးစရိတ်များအတွက်ဖြစ်ပြီး အလွန်ရေးပန်းစားလျက်ရှိသည်။ ထိုသို့သော ချေးငွေမှာ အတိုးနှုန်းအလွန်များသောကြောင့် ချေးယူသူမှာ ပြန်ဆပ်ရန် အလွန်ခဲယဉ်းပေသည်။

ချေးငွေအမျိုးအစားနှင့်ချေးပေးသူ၏မူဝါဒများအလိုက်အတိုးနှုန်း၊အခများ၊စုဆောင်းငွေလိုအပ်ချက်၊အာမခံသူများနှင့်အာမခံပစ္စည်းများအပေါ်မူတည်ပြီးကွဲပြားမှုရှိပေသည်။ချေးငွေမယူမီချေးငွေပေးသူများထံမှစရိတ်များကိုနှိုင်းယှဉ်ကြည့်ရန်လိုအပ်ပေသည်။

အတိုးဆိုတာ ဘာလဲ။

အတိုးဆိုတာ ဘာလဲ။

အတိုးဆိုသည်မှာငွေချေးယူသူကငွေချေးသူကိုချေးယူသည့်ပမာဏအပြင်ငွေကြေးအသုံးပြုခြင်းအတွက်ထပ်ဆောင်းပေးရသောပေးရသောငွေဖြစ်သည်။ ခရက်ဒစ် (သို့) ချေးငွေတစ်ရပ်ရပ်ကို စဉ်းစားနေပါက အတိုးနှုန်းနှင့် ရရှိနိုင်သေ ချေးငွေသတ်မှတ်ချက်များကို နေရာအစုံတွင် လိုက်လံမေးမြန်းစုံစမ်းပါ။ အတိုးနှုန်းမြင့်သော နေရာများနှင့် ဒေသန္တရငွေချေးသူများကို ရှောင်ရှားပြီး တရားဝင်သတ်မှတ်ထားသော ငွေကြေးအဖွဲ့အစည်းများကိုသာ အသုံးပြုပါ။

အတိုးဆိုသည်မှာငွေချေးယူသူကငွေချေးသူကိုချေးယူသည့်ပမာဏအပြင်ငွေကြေးအသုံးပြုခြင်းအတွက်ထပ်ဆောင်းပေးရသောပေးရသောငွေဖြစ်သည်။

ခရက်ဒစ် (သို့) ချေးငွေတစ်ရပ်ရပ်ကို စဉ်းစားနေပါက အတိုးနှုန်းနှင့် ရရှိနိုင်သေ ချေးငွေသတ်မှတ်ချက်များကို နေရာအစုံတွင် လိုက်လံမေးမြန်းစုံစမ်းပါ။ အတိုးနှုန်းမြင့်သော နေရာများနှင့် ဒေသန္တရငွေချေးသူများကို ရှောင်ရှားပြီး တရားဝင်သတ်မှတ်ထားသော ငွေကြေးအဖွဲ့အစည်းများကိုသာ အသုံးပြုပါ။

အာမခံပစ္စည်းဆိုတာ ဘာလဲ။

အာမခံပစ္စည်းဆိုတာ ဘာလဲ။

ငွေချေးယူသူက အကြောင်းကြောင်းကြောင့် ချေးငွေပြန်မဆပ်နိုင်မှုများအတွက် ငွေချေးပေးသူကို ပေးထား ရသော တန်ဖိုးရှိ ပစ္စည်းတစ်ခုခုကို ဆိုလိုပါသည်။ ဉပမာ – မြေပိုင်ဆိုင်မှု၊ ကား၊ စုဆောင်းထားမှုများ စသည်တို့ ဖြစ်သည်။ သင်၏ မိသားစုအတွက် မရှိမဖြစ်လိုအပ်သော အရာများ ဉပမာ – မိသားစုအိမ်ကို အာမခံပစ္စည်းမဖြစ် မထားပါနှင့်။ […]

ငွေချေးယူသူက အကြောင်းကြောင်းကြောင့် ချေးငွေပြန်မဆပ်နိုင်မှုများအတွက် ငွေချေးပေးသူကို ပေးထား ရသော တန်ဖိုးရှိ ပစ္စည်းတစ်ခုခုကို ဆိုလိုပါသည်။ ဉပမာမြေပိုင်ဆိုင်မှု၊ ကား၊ စုဆောင်းထားမှုများ စသည်တို့ ဖြစ်သည်။ သင်၏ မိသားစုအတွက် မရှိမဖြစ်လိုအပ်သော အရာများ ဉပမာမိသားစုအိမ်ကို အာမခံပစ္စည်းမဖြစ် မထားပါနှင့်။ သင် အကြွေးပြန်မဆပ်နိုင်ပါက ဆုံးရှုံးသွားနိုင်ပေသည်။

အာမခံပေးသူဆိုတာ ဘာလဲ။

အာမခံပေးသူဆိုတာ ဘာလဲ။

သင်အကြွေးပြန်မဆပ်ခဲ့ပါက သင်၏အကြွေးကို ဆပ်ပေးရမည့်သူဖြစ်သည်။ ထိုသူသည် ငွေချေးပေးသူနှင့် သဘောတူညီမှုပြုလုပ်ရာ၌ သင်နှင့်အတူလက်မှတ်ရေးထိုးရန် လိုအပ်ပေသည်။

သင်အကြွေးပြန်မဆပ်ခဲ့ပါက သင်၏အကြွေးကို ဆပ်ပေးရမည့်သူဖြစ်သည်။ ထိုသူသည် ငွေချေးပေးသူနှင့် သဘောတူညီမှုပြုလုပ်ရာ၌ သင်နှင့်အတူလက်မှတ်ရေးထိုးရန် လိုအပ်ပေသည်။

ဘဏ်အကောင့်တစ်ခု ဘယ်လိုဖွင့်ကြမလဲ။

ဘဏ်အကောင့်တစ်ခု ဘယ်လိုဖွင့်ကြမလဲ။

ဘဏ်တွေက သူတို့ရဲ့ ဝန်ဆောင်မှုရယူသူတွေ လိုအပ်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက် ပေးပါတယ်။ သင့်အနေနဲ့ ဘဏ်အကောင့်တစ်ခု (သို့) ဘဏ်ရဲ့ ဝန်ဆောင်မှုဟာ သင့်လိုအပ်ချက် နဲ့ ကိုက်ညီမှုရှိဖို့အတွက် သတ်မှတ်ချက်တွေကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။ သင်၏ လိုအပ်ချက်နှင့်ကိုက်ညီမယ့် ဘဏ်ကို ရှာတွေ့ပြီဆိုလျှင် အကောင့်ဖွင့်ဖို့ ဘဏ်က လိုအပ်တဲ့ […]

ဘဏ်တွေက သူတို့ရဲ့ ဝန်ဆောင်မှုရယူသူတွေ လိုအပ်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက် ပေးပါတယ်။ သင့်အနေနဲ့ ဘဏ်အကောင့်တစ်ခု (သို့) ဘဏ်ရဲ့ ဝန်ဆောင်မှုဟာ သင့်လိုအပ်ချက် နဲ့ ကိုက်ညီမှုရှိဖို့အတွက် သတ်မှတ်ချက်တွေကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

သင်၏ လိုအပ်ချက်နှင့်ကိုက်ညီမယ့် ဘဏ်ကို ရှာတွေ့ပြီဆိုလျှင် အကောင့်ဖွင့်ဖို့ ဘဏ်က လိုအပ်တဲ့ စာရွက်စာရွက်စာတမ်းတွေကို စစ်ဆေးကြည့်ပါ။ ပုံမှန်အားဖြင့် ဘဏ်အကောင့်တစ်ခုဖွင့်ရန် အောက်ပါအထောက်အထားတွေ လိုအပ်ပါတယ်                   

သင်နိုင်ငံထဲတွင် နေထိုင်ခွင့်အထောက်အထားဉပမာ နေထိုင်ခွင့် စာရွက်စာတမ်း/ အလုပ်လုပ်ခွင့်လက်မှတ်

အလုပ်လုပ်ကိုင်ခွင့်ဉပမာအလုပ်အကိုင်ဗီဇာ၊အလုပ်ရှင်ထံမှထောက်ခံစာ၊၊လိုအပ်ချက်အသေးစိတ်ကိုသင်ရွေးချယ်ထားသောဘဏ်ကိုမေးမြန်းပါ။

ဓါတ်ပုံအထောက်အထားဉပမာပတ်စ်ပို့

ဘဏ်ကသတ်မှတ်ထားသောအနည်းဆုံးဘဏ်တွင်ထည့်ဝင်ထားရမည့်ပမာဏ။သတ်မှတ်ထားသောမူဝါဒအသေးစိတ်ကိုမူရွေးချယ်ထားသောဘဏ်တွင်စစ်ဆေးကြည့်ပါ။

အချို့ဘဏ်များကအချက်အလက်များကိုပိုမိုတောင်းခံနိုင်သည်။

နေရပ်လိပ်စာ အထောက်အထားဉပမာအိမ်ငှားစာချုပ် (သို့) ရေဖိုးမီးဖိုးသွင်းရသောပြေစာများ

ပတ်စ်ပို့အရွယ် ဓါတ်ပုံများ                                                                                      

သင်ရောက်ရှိနေသော နိုင်ငံတွင် ဘဏ်အကောင့်ဖွင့်ရန် အကူအညီလိုအပ်ပါက SaverAsia   www.saverasia.com တွင် ရွှေ့ပြောင်းအလုပ်သမား ဝန်ဆောင်မှုများတွင် ဆက်သွယ် မေးမြန်းနိုင်ပါသည်။

‌ငွေဘယ်လို ပို့ရသလဲ။

‌ငွေဘယ်လို ပို့ရသလဲ။

နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံတစ်ခုသို့ ငွေလွှဲရာတွင် နည်းလမ်းများစွာ ရှိပေသည် – • ငွေသားမှ ငွေသားလွှဲခြင်း – သင်သည် ငွေလွှဲပို့ရာတွင် မိသားစုရှိနေသည့်နိုင်ငံ၌ ငွေသားကို ထုတ်ယူနိုင် စေရန် ငွေလွှဲပေးပို့သော အဖွဲ့အစည်းတစ်ခုခု၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပေသည်။ SaverAsia တွင် သင်နှင့်အနီးဆုံးနှင့် သင်၏ မိသားစုနေထိုင်ရာ […]

နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံတစ်ခုသို့ ငွေလွှဲရာတွင် နည်းလမ်းများစွာ ရှိပေသည်

ငွေသားမှ ငွေသားလွှဲခြင်းသင်သည် ငွေလွှဲပို့ရာတွင် မိသားစုရှိနေသည့်နိုင်ငံ၌ ငွေသားကို ထုတ်ယူနိုင် စေရန် ငွေလွှဲပေးပို့သော အဖွဲ့အစည်းတစ်ခုခု၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပေသည်။ SaverAsia တွင် သင်နှင့်အနီးဆုံးနှင့် သင်၏ မိသားစုနေထိုင်ရာ အနီးရှိ ငွေလွှဲလုပ်ငန်းများ၏ ရုံးခွဲများကို ရှာဖွေနိုင်ပြီး ငွေလဲနှုန်းများကိုလည်း နှိုင်းယှဉ်နိုင်ပေသည်။

ကတ်ထဲမှ အခြားကတ်သို့လွှဲခြင်းသင်နှင့် သင်၏မိသားစုများတွင် ဘဏ်ကတ်များရှိပါက သင်၏ဘဏ်ကတ် ကို အသုံးပြုပြီး ငွေလွှဲနိုင်ပေသည်။ သင်၏ လွှဲပို့ငွေကို ထုတ်ယူသူသည် ATM တစ်ခုတွင် ငွေသား ထုတ်ယူခြင်း (သို့) ကတ်ကို လက်ခံသော စတိုးဆိုင်များတွင် အသုံးပြုနိုင်ပေသည်။

ဘဏ်မှ ဘဏ်သို့လွှဲခြင်းသင်နှင့် သင်၏မိသားစုတွင် ဘဏ်အကောင့်များရှိပါက သင်၏ ဘဏ် အကောင့်မှ အခြားနိုင်ငံရှိ သင့်မိသားစု၏ ဘဏ်အကောင့်ထဲသို့ ငွေလွှဲပေးနိုင်သည်။ ထိုသို့ လွှဲပို့ခြင်း ကို SWIFT ဖြင့်လွှဲခြင်းဟု ခေါ်ဆိုကြသည်။ ဆိုလိုသည်မှာ ငွေလွှဲနည်းလမ်း အမည်ဖြစ်သည်။

အွန်လိုင်းဖြင့်လွှဲခြင်းငွေလွှဲကုမ္ပဏီအများစုသည် ယခုအခါ အင်တာနက်မှတဆင့် ငွေလွှဲခြင်းကို ခွင့်ပြုလာ ကြသည်။ သင်သည် အထူးအကောင့်တစ်ခုဖွင့်ရန် လိုအပ်ပြီး ကုမ္ပဏီက သင့်မိသားစု၏ ဘဏ်အကောင့် (သို့) ငွေသားဖြင့် ငွေထုတ်ယူရရှိစေသည်။

မိုဘိုင်းပိုက်ဆံအိတ်မှ ငွေသား (သို့) မိုဘိုင်းပိုက်ဆံအိတ်သို့ လွှဲခြင်းမိုဘိုင်းဖုန်းဖြင့် ငွေလွှဲခြင်းသည် တိုးတက်လာသောနည်းပညာအသစ်တစ်ခုဖြစ်ပြီး စမတ်ဖုန်းများရှိသူတိုင်း ပိုမိုအသုံးပြုလာကြပြီ ဖြစ်သည်။ မိုဘိုင်းပိုက်ဆံအိတ်၌ ငွေလက်ခံရရှိသောအခါ ငွေထုတ်နိုင်သော နေရာများတွင် ငွေသား ထုတ်ယူနိုင်ပေသည်။ (သို့) မိုဘိုင်းပိုက်ဆံအိတ်ထဲမှ ပေးစရာ ပြေစာများ၊ မိုဘိုင်းအတွက် အသုံးပြု သောအရာများ၊ အွန်လိုင်းဈေးဝယ်ခြင်းများ (သို့) ATM က ငွေသားထုတ်ယူခြင်းများကိုလည်း ပြုလုပ် နိုင်သည်။ သင်ရောက်ရှိနေသောနိုင်ငံနှင့် သင့်မိသားစုနေထိုင်သော နိုင်ငံအကြား မိုဘိုင်းဖုန်းငွေလွှဲ ဝန်ဆောင်မှုရှိ/ မရှိကို SaverAsia တွင် ကြည့်ရှုနိုင်သည်။ သင့်မိသားစု၌ မိုဘိုင်းပိုက်ဆံအိတ် မရှိပါက ငွေသားထုတ်ယူနိုင်သော အနီးဆုံးငွေထုတ်ပေးသည့်နေရာကို သေချာစစ်ဆေးကြည့်သင့်ပေသည်။

‌ငွေလဲနှုန်းဆိုတာ ဘာလဲ။

‌ငွေလဲနှုန်းဆိုတာ ဘာလဲ။

ငွေလွှဲကုမ္ပဏီက လွှဲပို့မည့် ငွေကြေးနှင့် လက်ခံရရှိမည့်ငွေကြေးတန်ဖိုးတွက်ချက်ရာတွင် အသုံးပြုသောနှုန်း တစ်ရပ်သည် ငွေလဲနှုန်းဖြစ်သည်။ ငွေလွှဲနှုန်းအခ – ပုံမှန် ငွေလဲနှုန်းကို တွက်ချက်သောအခါ “ပုံသေမျဉ်း”အဖြစ် “ငွေကြေးလဲလှယ်ခ” ကို ထည့်သွင်းတွက်ချက်လေ့ရှိသည်။ ငွေလွှဲလိုက်သည့် အဆင့်တိုင်းအတွက် ထပ်ဆောင်းငွေပေးရပြီး ထိုသို့ကောက်ယူခြင်းသည် ငွေလွှဲဝန်ဆောင်မှုများနှင့် ဘဏ်လုပ်ငန်းအတွက် ပုံမှန်ပင် ဖြစ်သည်။ ထိုအခမှာ […]

ငွေလွှဲကုမ္ပဏီက လွှဲပို့မည့် ငွေကြေးနှင့် လက်ခံရရှိမည့်ငွေကြေးတန်ဖိုးတွက်ချက်ရာတွင် အသုံးပြုသောနှုန်း တစ်ရပ်သည် ငွေလဲနှုန်းဖြစ်သည်။ ငွေလွှဲနှုန်းအခပုံမှန် ငွေလဲနှုန်းကို တွက်ချက်သောအခါပုံသေမျဉ်းအဖြစ်ငွေကြေးလဲလှယ်ခကို ထည့်သွင်းတွက်ချက်လေ့ရှိသည်။ ငွေလွှဲလိုက်သည့် အဆင့်တိုင်းအတွက် ထပ်ဆောင်းငွေပေးရပြီး ထိုသို့ကောက်ယူခြင်းသည် ငွေလွှဲဝန်ဆောင်မှုများနှင့် ဘဏ်လုပ်ငန်းအတွက် ပုံမှန်ပင် ဖြစ်သည်။ ထိုအခမှာ အများအားဖြင့် ဖေါ်ပြထားခြင်း မရှိသောကြောင့် ငွေလွှဲဝန်ဆောင်မှုများ၏ စရိတ်များကို နှိုင်းယှဉ်ကြည့်ရန် အကြံပြုလိုပါသည်။

‌ငွေလဲနှုန်းသည် အာမခံချက်ရှိပါသလား။

‌ငွေလဲနှုန်းသည် အာမခံချက်ရှိပါသလား။

နိုင်ငံခြားငွေလဲနှုန်းသည် ပြည်ပနိုင်ငံတစ်ခု၏ ငွေကြေးတန်ဖိုးကို မိခင်နိုင်ငံ၏ ငွေကြေးတန်ဖိုးအလိုက်တွက် ချက်ရန် သတ်မှတ်ချက်ဖြစ်သည်။ ပြည်ပသို့ငွေလွှဲရာတွင် ငွေလွှဲကုမ္ပဏီက သင်လွှဲမည့်ငွေကြေးနှင့် လက်ခံ မည့်ငွေကြေးကို ပြောင်းလဲတွက်ချက်ပေးမည်ဖြစ်သည်။

နိုင်ငံခြားငွေလဲနှုန်းသည် ပြည်ပနိုင်ငံတစ်ခု၏ ငွေကြေးတန်ဖိုးကို မိခင်နိုင်ငံ၏ ငွေကြေးတန်ဖိုးအလိုက်တွက် ချက်ရန် သတ်မှတ်ချက်ဖြစ်သည်။ ပြည်ပသို့ငွေလွှဲရာတွင် ငွေလွှဲကုမ္ပဏီက သင်လွှဲမည့်ငွေကြေးနှင့် လက်ခံ မည့်ငွေကြေးကို ပြောင်းလဲတွက်ချက်ပေးမည်ဖြစ်သည်။

မိသားစု (သို့) မိတ်ဆွေများထံသို့ ငွေလွှဲလိုက်ပါက သူတို့၏ ငွေကြေးဖြင့် မည်မျှလက်ခံရရှိမည်နည်း။

မိသားစု (သို့) မိတ်ဆွေများထံသို့ ငွေလွှဲလိုက်ပါက သူတို့၏ ငွေကြေးဖြင့် မည်မျှလက်ခံရရှိမည်နည်း။

သင်လွှဲပို့မည့်ငွေ ပမာဏကို ငွေလက်ခံရရှိမည့် နိုင်ငံ၏ ငွေကြေးတန်ဖိုးနှင့်အညီ ထိုနေ့၏ နိုင်ငံခြားငွေလဲနှုန်း ပေါက်ဈေးဖြင့် တွက်ချက်ပေးမည်ဖြစ်သည်။ ထို့အပြင် သင်အသုံးပြုမည့် ငွေလွှဲဝန်ဆောင်မှုအလိုက် ထိုလွှဲပို့ ငွေပမာဏထဲမှ ငွေလွှဲခကိုလည်း ဖြတ်တောက်မည်ဖြစ်သည်။ SaverAsia တွင် ဝန်ဆောင်မှုအလိုက် ကောက်ခံသော ဝန်ဆောင်ခ၊ ငွေလဲနှုန်းနှင့် ငွေလက်ခံမည့်သူ မည်မျှရရှိမည်တို့ကို ဖေါ်ပြပေးထားသည်။

သင်လွှဲပို့မည့်ငွေ ပမာဏကို ငွေလက်ခံရရှိမည့် နိုင်ငံ၏ ငွေကြေးတန်ဖိုးနှင့်အညီ ထိုနေ့၏ နိုင်ငံခြားငွေလဲနှုန်း ပေါက်ဈေးဖြင့် တွက်ချက်ပေးမည်ဖြစ်သည်။ ထို့အပြင် သင်အသုံးပြုမည့် ငွေလွှဲဝန်ဆောင်မှုအလိုက် ထိုလွှဲပို့ ငွေပမာဏထဲမှ ငွေလွှဲခကိုလည်း ဖြတ်တောက်မည်ဖြစ်သည်။ SaverAsia တွင် ဝန်ဆောင်မှုအလိုက် ကောက်ခံသော ဝန်ဆောင်ခ၊ ငွေလဲနှုန်းနှင့် ငွေလက်ခံမည့်သူ မည်မျှရရှိမည်တို့ကို ဖေါ်ပြပေးထားသည်။

ငွေလွှဲပို့မည်ဆိုပါက မိမိတကယ်ကုန်ကျရမည့် true cost ဆိုသည်မှာ ဘာလဲ။

ငွေလွှဲပို့မည်ဆိုပါက မိမိတကယ်ကုန်ကျရမည့် true cost ဆိုသည်မှာ ဘာလဲ။

ငွေလွှဲပို့သည့်အခါ အမှန်တကယ် စုပေါင်းကုန်ကျမှုတွင် ကများစွာ ပါဝင်လျက်ရှိသည်။ • ငွေလွှဲပို့ခများ – ငွေလွှဲပို့ခမှာ ထင်သာမြင်သာရှိပြီး ကုမ္ပဏီအလိုက် သိသာစွာ ကွာခြားနိုင်သည်။ ထိုအခမှာ ငွေလွှဲသူမှ ပေးရမည်ဖြစ်ကာ လွှဲပို့သည့် ငွေပမာဏအလိုက် ကွာခြားမှုရှိနိုင်ပေသည်။ • လက်ခံစရိတ် – ငွေလက်ခံသူလက်ကလည်း ငွေလက်ခံရရှိမှုအတွက်ပေးရသော ထပ်ဆောင်း […]

ငွေလွှဲပို့သည့်အခါ အမှန်တကယ် စုပေါင်းကုန်ကျမှုတွင် ကများစွာ ပါဝင်လျက်ရှိသည်။

ငွေလွှဲပို့ခများငွေလွှဲပို့ခမှာ ထင်သာမြင်သာရှိပြီး ကုမ္ပဏီအလိုက် သိသာစွာ ကွာခြားနိုင်သည်။ ထိုအခမှာ ငွေလွှဲသူမှ ပေးရမည်ဖြစ်ကာ လွှဲပို့သည့် ငွေပမာဏအလိုက် ကွာခြားမှုရှိနိုင်ပေသည်။

လက်ခံစရိတ်ငွေလက်ခံသူလက်ကလည်း ငွေလက်ခံရရှိမှုအတွက်ပေးရသော ထပ်ဆောင်း စရိတ် များ ရှိနိုင်ပေသည်။ ငွေလွှဲလုပ်ငန်း (MTO) (သို့) ယင်းတို့၏ ကိုယ်စားလှယ်များတွင် ငွေသားဖြင့် ငွေလွှဲပါက ထိုအပိုထပ်ဆောင်းငွေကို ပုံမှန်အားဖြင့် မပေးရပေ။ ဘဏ်အကောင့်မှတဆင့် လွှဲပို့ ငွေကို လက်ခံရရှိခဲ့ပါက တခါတရံတွင် နိုင်ငံခြင်းငွေလဲနှုန်း (သို့) အခြားဘဏ်မှ ကောက်ယူခများကို ငွေလွှဲ သူအနေနဲ့ ကြိုတင်မသိနိုင်ပေ။ ထိုအခများကို နောက်ဆုံးလက်ခံရရှိမည့် ပမာဏထဲမှ ထုတ်ယူသွား မှာ ဖြစ်သည်။ ငွေလက်ခံခကို မိုဘိုင်းပိုက်ဆံကိုယ်စားလှယ်များကလည်း ကောက်ယူတတ်ပါသည်။

ငွေလွှဲနှုန်းအခပုံမှန် ငွေလဲနှုန်းကို တွက်ချက်သောအခါပုံသေမျဉ်းအဖြစ်ငွေကြေးလဲလှယ်ခကို ထည့်သွင်းတွက်ချက်လေ့ရှိသည်။ ငွေလွှဲလိုက်သည့် အဆင့်တိုင်းအတွက် ထပ်ဆောင်းငွေပေး ရပြီး ထိုသို့ကောက်ယူခြင်းသည် ငွေလွှဲဝန်ဆောင်မှုများနှင့် ဘဏ်လုပ်ငန်းကအတွက်ပုံမှန်ပင်ဖြစ်သည်။ထိုအခမှာအများအားဖြင့်ဖေါ်ပြထားခြင်းမရှိသောကြောင့်ငွေလွှဲဝန်ဆောင်မှုများ၏စရိတ်များကိုနှိုင်းယှဉ်ကြည့်ရန်အကြံပြုလိုပါသည်။

‌လွှဲလိုက်သောငွေကို မည်သည့်နေရာတွင် ထုတ်ယူနိုင်ပါသလဲ။

‌လွှဲလိုက်သောငွေကို မည်သည့်နေရာတွင် ထုတ်ယူနိုင်ပါသလဲ။

ငွေလက်ခံမည့်သူက လွှဲပို့ငွေကို ငွေထုတ်ယူတိုင်သည့်သတ်မှတ်နေရာများတွင် ထုတ်ယူနိုင်ပါသည်။ ငွေထုတ် ယူခြင်းအတွက် ငွေလွှဲနံပါတ်နှင့် အသေးစိတ်အချက်အလက်များကို စစ်ဆေးရန် ယူဆောင်သွားဖို့ လိုအပ် သည်။ 

ငွေလက်ခံမည့်သူက လွှဲပို့ငွေကို ငွေထုတ်ယူတိုင်သည့်သတ်မှတ်နေရာများတွင် ထုတ်ယူနိုင်ပါသည်။ ငွေထုတ် ယူခြင်းအတွက် ငွေလွှဲနံပါတ်နှင့် အသေးစိတ်အချက်အလက်များကို စစ်ဆေးရန် ယူဆောင်သွားဖို့ လိုအပ် သည်။ 

ငွေပျောက်သွားပါက ဘယ်လိုလုပ်ရမလဲ။

ငွေပျောက်သွားပါက ဘယ်လိုလုပ်ရမလဲ။

သင်ငွေကို လွှဲပို့ပေးသော ကုမ္ပဏီကိုဆက်သွယ်သင့်ပြီး ငွေဘယ်မှာရှိသလဲဆိုတာကို မေးမြန်းနိုင်သည်။ ငွေလက်ခံမည့်သူကိုလည်းဆက်သွယ်ပြီး ငွေသွားထုတ်ယူရန် အကြောင်းကြားသင့်သည်။ ထိုသို့လုပ်ဆောင် သော်လည်း ငွေလက်ခံရရှိမှုမရှိပါက အောက်ဖေါ်ပြပါ အဖွဲ့အစည်းတစ်ခုခုကို ဆက်သွယ်သင့်သည်။ ငွေလွှဲရာတွင် မတော်တဆ ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက ဖြေရှင်းနိုင်စေရန် သင်ငွေလွှဲလိုက်သည့် စလစ်ကို သေချာစွာ သိမ်းဆည်းထားရန် လိုအပ်ပေသည်။ 

သင်ငွေကို လွှဲပို့ပေးသော ကုမ္ပဏီကိုဆက်သွယ်သင့်ပြီး ငွေဘယ်မှာရှိသလဲဆိုတာကို မေးမြန်းနိုင်သည်။ ငွေလက်ခံမည့်သူကိုလည်းဆက်သွယ်ပြီး ငွေသွားထုတ်ယူရန် အကြောင်းကြားသင့်သည်။ ထိုသို့လုပ်ဆောင် သော်လည်း ငွေလက်ခံရရှိမှုမရှိပါက အောက်ဖေါ်ပြပါ အဖွဲ့အစည်းတစ်ခုခုကို ဆက်သွယ်သင့်သည်။

ငွေလွှဲရာတွင် မတော်တဆ ပြဿနာတစ်စုံတစ်ရာဖြစ်လာပါက ဖြေရှင်းနိုင်စေရန် သင်ငွေလွှဲလိုက်သည့် စလစ်ကို သေချာစွာ သိမ်းဆည်းထားရန် လိုအပ်ပေသည်။