နည်းပညာက တစ်နေရာနဲ့ တစ်နေရာ ငွေလွှဲတဲ့အခါ ပိုမို သက်သာမြန်ဆန်စေရန် ဘယ်လိုပြောင်းလဲခဲ့ပါသလဲ? သင်ချစ်တဲ့ လူတွေဆီကို ပိုမိုသက်သာသောနှုန်းဖြင့်ငွေလွှဲစေနိုင်ရုံသာမက ပို၍မြန်ဆန်အောင် ဆောင်ရွက်ပေးတဲ့နေရာမှာ ငွေကြေးဆိုင်ရာ နည်းပညာ(Financial Technology- တစ်နည်းအားဖြင့် FinTech) က အဓိကပါဝင်နေပါတယ်။ FinTech ထဲမှာ ငွေကြေး(Finance) စီမံခန့်ခွဲမှု တိုးတက်လာစေရန် အကူအညီပေးနိုင်သည့် တီထွင်ဖန်တီးမှု အသစ်တွေပါဝင်တယ်။ ဥပမာ – စုဆောင်းငွေ၊ သုံးငွေ၊ နဲ့ ငွေလွှဲတာ အစရှိသဖြင့် တီထွင်မှုတွေ FinTech မှာပါဝင်နေတယ်။
MoneyMatch ဆိုတာ ငွေလွှဲဝန်ဆောင်မှုတစ်ခုဖြစ်တယ်။ MoneyMatchကို သုံးပြီး ငွေလွှဲတဲ့အခါ ဘဏ်တွေနဲ့ယှဉ်လိုက်ရင် ပိုပြီးမြန်ဆန်တယ်၊ ပိုပြီးစျေးသက်သာပါတယ်။ MoneyMatch က ဘာကြောင့် သုံးစွဲသူတွေကို အခုလို သက်သာ၊မြန်ဆန်စွာ ဝန်ဆောင်မှု ပေးနိုင်တာလဲ? အဲ့ဒါ FinTech ကြောင့်မို့ပါ။
MoneyMatch ဟာ မလေးရှားနိုင်ငံမှာ ပထမဆုံးသော e-KYC (electronic – Know Your Customer) ဆိုတဲ့ အရာကို စတင်မိတ်ဆက်ပေးခဲ့တဲ့ ငွေလွှဲ ဝန်ဆောင်မှုပဲ ဖြစ်ပါတယ်။ e-KYC က ငွေလွှဲဝန်ဆောင်မှုသုံးစွဲရန် Sign up လုပ်တဲ့နေရာမှာ Online ကနေပဲ လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ပြုလုပ်ပေးတဲ့အရာပဲ ဖြစ်ပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာမဆို ဖုန်းတစ်လုံးနှင့် အင်တာနက်ရှိရုံဖြင့် အလွယ်တကူ Sign up လုပ်နိုင်ပါတယ်။ ပြီးတော့ Sign up အတည်ပြုချက်ကို ၁ရက်အတွင်း ရနိုင်ပါတယ်။ အရင်ကလို ငွေလွှဲချင်ရင် စာရွက်စာတမ်းတွေထုတ်သွားရ၊ ဘဏ်ကိုသွားရ စတဲ့အရာတွေကို မေ့လိုက်လို့ရပါပြီနော်။
MoneyMatch က ပိုပြီး ငွေလွှဲခ သက်သာရုံသာမက ပိုမိုရရှိတဲ့ ငွေလွှဲနှုန်းထားအမျိုးမျိုးကို သူ့ရဲ့ blockchain နည်းပညာကြောင့်မို့ အခုလိုမျိုး ပုံမှန်ဘဏ်တွေထက် အခကြေး သက်သာအောင် ကူညီပေးနိုင်တာပဲဖြစ်ပါတယ်။ အခုလို တီထွင်ဖန်တီးမှုက သင်ငွေလွှဲတဲ့အခါမှာ ပိုပြီးရှင်းလင်းလွယ်ကူ၊ မြန်ဆန်ရုံသာမက ငွေလွှဲလက်ခံသူဆီကို နာရီပိုင်းအတွင်းရောက်နိုင်အောင် ဆောင်ရွက်ပေးတဲ့ နည်းပညာဖန်တီးမှုပဲဖြစ်ပါတယ်။ SWIFT လို့ခေါ်တဲ့ ဘဏ်တွေအသုံးပြုတဲ့ နည်းပညာဟာ သင်ငွေလွှဲရင် ၁-၂ရက်အတွင်း ငွေလွှဲလက်ခံသူဆီကို ရောက်ရှိတဲ့ နည်းပညာထက် MoneyMatch အသုံးပြုတဲ့ နည်းပညာက သိသိသာသာ ပိုမိုမြန်ဆန်ပါတယ်။
MoneyMatch ကို စတင်မိတ်ဆက်တဲ့ အချိန် 2017 တွင် သုံးစွဲသူ အယောက် 100 မှ၊ 2021 တွင် သုံးစွဲသူ 20,000 ကျော်ရှိနေပြီဖြစ်တယ်။
မလေးရှား ရင်းဂစ်(MYR) ၂.၃ ဘီလီယံကျော်ကိုလည်း သုံးစွဲသူတို့အတွက် တစ်နေရာမှ တစ်နေရာ ငွေလွှဲပြောင်းပေးခဲ့ပြီးပါတယ်။ ဒါ့အပြင် MoneyMatch မှ သုံးစွဲသူတို့အား Malaysia၊ Australia၊ Brunei တို့မှ အခြားနိုင်ငံပေါင်း 80ကျော်ကို ပို့ပေးနိုင်အောင် ဆောင်ရွက်ထားပေးပါတယ်။
MoneyMatch က ဝန်ဆောင်မှုကျစရိတ်တို့ကို ငွေမလွှဲမီ ကြိုတင် ဖော်ပြထားတာမို့ သင့်ဘက်မှ သင့်မိသားစုကို ငွေလွှဲတဲ့အခါ ငွေလွှဲပေးမဲ့ ပမာဏအတိုင်း မိသားစုမှ အကုန်ရရှိမှာပဲဖြစ်ပါတယ်။
MoneyMatch ကို သုံးပြီး ပထမဆုံးငွေလွှဲမည်ဆိုပါက Promo Code ကိုလည်း ရယူပြီး စျေးသက်သာစွာ ငွေလွှဲဖို့ မမေ့နဲ့နော်။
အောက်ပါအချက်တွေအတိုင်း အဆင့်ဆင့်ဆောင်ရွက်ကာ ငွေလွှဲနိုင်ပါပြီ။
- MoneyMatch အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဆွဲခြင်းဖြစ်စေ၊ MoneyMatch websiteကို သွားရောက်သည်ဖြစ်စေ မိမိ အဆင်ပြေရာ လုပ်ဆောင်ပါ။
- သင်၏ အချက်အလက်များထည့်ကာ အကောင့်ပြုလုပ်ပါ။ မှန်ကန်ကြောင်းစိစစ် (Verification)ဖနု့အတွက် ID (သို့) Passport ယူထားပါ။
- သင် လွှဲချင်သော ငွေပမာဏကို ထည့်ပါ။
- ငွေလွှဲ လက်ခံမည့်သူရဲ့ နာမည်၊ ဘဏ်အကောင့်နံပါတ်နှင့် အခြားလိုအပ်သည့် အချက်အလက်များထည့်ပါ။
- သင်၏ ဘဏ်အကောင့်အချက်အလက်ထည့်ပါ။
- Confirm နှင့် Pay နှိပ်၍ ငွေလွှဲလိုက်ပါ။
အကောင့်ပြုလုပ်ရန် အဆင့်ဆင့်ကို လေ့လာချင်ရင် ဒီကိုနှိပ်ပါ