Burmese Burmese
ဖေ‌ဖော်ဝါရီ 15, 2023

စာရင်းရှင်စုငွေနှင့် စာရင်းသေအပ်ငွေဆိုသည်မှာ အဘယ်နည်း။

ငွေစုလိုသော်လည်း မည်သည့်နည်းလမ်းဖြင့်ငွေစုရမည်ကို မသေမချာဖြစ်နေပါသလား။ ငွေစုအကောင့်နှင့် အပ်ငွေသက်တမ်းများအကြောင်းကို ကျွန်ုပ်တို့၏နောက်ဆုံးဆောင်းပါးတွင် လေ့လာနိုင်ပါသည်။

မျှဝေပါ။

ငွေစုသည့်အခါ မိမိလိုချင်သည့်ပန်းတိုင်အလျောက် ရနိုင်သည့်ငွေစုခြင်းနည်းလမ်းများစွာရှိပါသည်။ ထိုအထဲတွင် ပုံမှန်စုငွေအကောင့်၊ စာရင်းသေအပ်ငွေနှင့် အခြားသောနည်းလမ်းများပါဝင်သည်။ ဤဆောင်းပါးတွင် အဆိုပါ နည်းလမ်းများနှင့်အလုပ်လုပ်ပုံများ၊ သင့်အတွက်အကိုက်ညီဆုံးနည်းလမ်းကိုသိရှိနိုင်ရန် ရှင်းပြပေးသွားပါမည်။  

  

စုငွေစာအုပ်များ၏အခြေခံအချက်များ  

စာရင်းရှင်စုငွေအကောင့်နှင့် စာရင်းသေအပ်ငွေအကောင့်များသည် သင်၏ပိုက်ဆံအား ရေတို၊ရေရှည် စုဆောင်း နိုင်ရန်အတွက် ရည်ရွယ်ထားသည့်နည်းလမ်းများဖြစ်သည်။ အဆိုပါနည်းလမ်းများသည် သင်၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်နှင့် အစီအစဉ်များအကောင်အထည်ဖော်နိုင်ရန် မျှော်မှန်းထားသည့်စုငွေပမာဏ ရောက်သည်အထိ ငွေစုနိုင်ရန်အထောက်အကူပေးရုံသာမက အရေးပေါ်အခြေအနေများနှင့် အလုပ်လက်မဲ့ အခြေအနေများတွင် ဖြစ်ပေါ် နိုင်သော ငွေကြေးအကြပ်အတည်းများမှ ကာကွယ်ပေးနိုင်ပါသည်။  

စာရင်းရှင်စုငွေအကောင့်နှင့် စာရင်းသေအပ်ငွေအကောင့်သည် အတူတူပင်ဖြစ်ပါသည်။ နည်းလမ်းနှစ်မျိုးစလုံး တွင် အားသာချက်၊အားနည်းချက်ရှိကြပြီး စုငွေအမျိုးအစားများကို  မရွေးချယ်မီ အားသာချက်၊အားနည်းချက် များကို နှိုင်းယှဉ်ရန်လိုအပ်ပါသည်။  

  

စုငွေအကောင့်အမျိုးအစားများကိုဖော်ပြပါ။  

စုငွေအကောင့်များသည် မိမိစုငွေမှ အတိုးရရှိနိုင်သော နည်းလမ်းကောင်းဖြစ်သည်။  

  • စာရင်းရှင်စုငွေအကောင့် (ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပြီး ချက်လတ်မှတ်များအသုံးပြုနိုင်သည့် ငွေစုအကောင့်) မှာ အခြေခံအကျဆုံးစုငွေအကောင့်ဖြစ်ပြီး ဤစုငွေအကောင့်ကို ဘဏ်တွင် ပြုလုပ်နိုင်သည်။ အကြွေးဝယ်ကဒ်နှင့် ချက်လက်မှတ်များကိုအသုံးပြုနိုင်သဖြင့် မိမိနှစ်သက်သလို ငွေသွင်းငွေထုတ်ပြုလုပ်နိုင်ပါသည်။  
  • အကောင့်ဖွင့်ရန် စရံငွေပေးသွင်းရသည့် စုငွေအကောင့်သည် အတိုးနှုန်းမြင့်သောစုငွေအကောင့် ဖြစ်ပြီး စရံငွေအပေါ်မူတည်ပြီး လစဉ်အတိုးနှုန်းထားမြင့်သွားမည်ဖြစ်သည်။ ဥပမာအားဖြင့် ပထမနှစ်တွင် ၂၅ဒေါ်လာစုငွေအတွက် ၁ရာခိုင်နှုန်း၊ ဒုတိယနှစ်တွင် ၅၀-၉၉ဒေါ်လာစုငွေ အတွက် ၂ရာခိုင်နှုန်း၊ တတိယနှစ်တွင် ဒေါ်လာ၁၀၀-၂၄၉ စုငွေ အတွက် ၃ရာခိုင်နှုန်း၊ အနာဂတ်တွင် ဒေါ်လာ၂၅၀နှင့်အထက်စုငွေအတွက် ၄ရာခိုင်နှုန်းစသည်ဖြင့် လစဉ်အတိုးနှုန်း ပေးခြင်းဖြစ်ပါသည်။  အချို့ဘဏ်များတွင် ငွေစုသူများ အတိုးနှုန်းပိုမိုရရှိရန် ငွေပမာဏအချို့ကို အချိန်အတိုင်းအတာ တစ်ခုအထိမထုတ်ပဲ ဘဏ်တွင်စုထားသည့်နည်းလမ်းရှိနိုင်သည်။ ၎င်းကို  

အလိုအလျောက်ရင်းနှီး မြှပ်နှံခြင်း (certificates of deposit) ဟု ခေါ်ပါသည်။ ဤနည်းလမ်းကို ရွေးချယ်မည်ဆိုလျှင် အချိန်မတန်သေးခင် ကြိုတင်ငွေထုတ်ခဲ့ပါက ဒဏ်ငွေပေးဆောင်ရနိုင် သဖြင့် အကယ်၍ မမျှော်လင့်ထားသော ငွေကြေးအကြပ်အတည်းတစ်ခုခု (အလုပ်လက်မဲ့ ဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း)  ကြုံလာခဲ့ပါက ဤနည်းလမ်းသည် အဆင်ပြေမည် မဟုတ်ပေ။    

  

မတူညီသောစုငွေစာအုပ်များမှ မည်သည့်အကျိုးကျေးဇူးများရရှိနိုင်သနည်း။  

  • အတိုးနှုန်းများ. အတိုးနှုန်းဆိုသည်မှာ စုငွေအကောင့်တွင် သင်၏ငွေအားစုဆောင်းခြင်းဖြင့် အဆိုပါငွေပမာဏအတွက်ရရှိသော အတိုးငွေဖြစ်သည်။ အတိုးနှုန်းများသည် ဘဏ်မှသင်၏ ပိုက်ဆံကို ပြန်လည်ချေးငှားသည့်အခါ အသုံးပြုသည့်နည်းလမ်းအပေါ် မူတည်ပြီး စွန့်စားမှုများ သည့် စုငွေအကောင့်အမျိုးအစားတွင် အတိုးနှုန်းများလေ့ရှိသည်။   
  • အနည်းဆုံးအပ်ငွေပမာဏ. ဘဏ်အများစုတွင် အကောင့်ဖွင့်ရန် အနည်းဆုံးအပ်ငွေပမာဏ သတ်မှတ်ချက်ရှိသဖြင့် အကောင့်မဖွင့်ခင်လေ့လာထားရန်လိုအပ်ပါသည်။  
  • အကောင့်ဖွင့်ခြင်းနှင့် ထိန်းသိမ်းခများ. အချို့ဘဏ်များတွင် အကောင့်ဖွင့်ပေးသည့်အခါတိုင်း ဝန်ဆောင်မှုကြေးပေးဆောင်ရလေ့ရှိပြီး အချို့ဘဏ်များမှာမူ တစ်နှစ်လျှင် တစ်ကြိမ်၊နှစ်ကြိမ် သာ ပေးဆောင်ရလေ့ရှိသည်။ ဘဏ်နှင့်ဘဏ်၏မူဝါဒပေါ်တွင် မူတည်သည်။  
  • ငွေလွှဲငွေထုတ်ဝန်ဆောင်မှုကြေး: ဘဏ်အများစုသည် မိမိတို့ဘဏ်နှင့်မချိတ်ဆက်ထားသော အခြားATMမှ ငွေထုတ်ယူပါက ငွေလွှဲငွေထုတ်ဝန်ဆောင်မှုကြေး ကောက်ယူကြပါသည်။ (ATM မရှိသည့်နေရာများမှလွဲ၍) သို့ဖြစ်၍ မည်သည့်စုငွေအကောင့်အမျိုးအစားအား အသုံးပြု၍ ငွေစုမည်ကိုမဆုံးဖြတ်ခင် လေ့လာကြည့်ရန်လိုအပ်ပါသည်။  
  • အများဆုံးထုတ်ယူနိုင်သောစုငွေပမာဏ အချို့ဘဏ်များသည်  စုငွေအကောင့်အမျိုးအစား အချို့(အရေးပေါ်စုငွေအကောင့်)မှ ထုတ်ယူနိုင်သည့် ငွေပမာဏသတ်မှတ်ချက်ရှိပြီး အချို့တွင်မူ အလုံးအရင်းမထုတ်ယူနိုင်သောငွေပမာဏသတ်မှတ်ချက်များ သို့မဟုတ် (ကာစတန်မာများ၏ ထုတ်ငွေအလုံးစုံကို ဘဏ်၌ရှိငွေများက ကာမိမည်မဟုတ်ဟု ထုတ်ပြန်ထားသော ဘဏ်၏ ပေါ်လစီကြောင့်) အချိန်ကာလသတ်မှတ်ချက်တစ်ခုအတွင်း ထုတ်ယူခွင့်မရှိဟူသော ကန့်သတ်ချက်များ မရှိတတ်ပေ။ တစုံတစ်ယောက်သည် ကနဦးပေးသွင်းငွေထက် များပြားသည့်ငွေပမာဏအား ထုတ်ယူရန်ကြိုးစားပါက ဘဏ်၏စီမံခန့်ခွဲဌာနမှ အဆိုပါအကောင့်အား ကြေညာချက်တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ  အသုံးပြုခွင့်ခေတ္တပိတ်ပင်တတ်သည်။ သို့သော်လည်း အဆိုပါအခြေအနေမျိုး အကြိမ်ကြိမ်ဖြစ်ပေါ်လာပါက ဒဏ်ငွေရိုက်ခြင်း သို့မဟုတ် ချက်ချင်းအကောင့်ရပ်ဆိုင်းခြင်းအထိ ဖြစ်နိုင်ပါသည်။  

  

စာရင်းသေအပ်ငွေဆိုသည်မှာ အဘယ်နည်း။  

စာရင်းသေအပ်ငွေဆိုသည်မှာ စုငွေပမာဏတစ်ခုအား အချိန်ကာလတစ်ခုအထိ(အများအားဖြင့် ၆လနှင့် အထက်) စာရင်းသေအပ်နှံစုဆောင်းခြင်းကိုဆိုလိုသည်။ အတိုးနှုန်းမှာ စုငွေအကောင့်ဖွင့်သည့်အချိန်မှစ၍ သတ်မှတ်ထားပြီးဖြစ်ပြီး ကာလတစ်လျှောက်ပြောင်းလဲခြင်းမရှိပေ။  

စာရင်းသေအပ်ငွေ၏အကျိုးကျေးဇူးမှာ သင်၏စုငွေအကောင့်အား အတိုးတောက်လျှောက်ရသည့်အပြင် မိမိအကောင့်အားဆက်လက်အသုံးပြုခွင့်ရှိနေခြင်းဖြစ်သည်။ သို့သော် သတ်မှတ်ထားသောအချိန်အတိုင်းအတာ မပြီးဆုံးခင် မိမိစုငွေများကိုထုတ်ယူမည်ဆိုပါက ဒဏ်ငွေအဖြစ် ရက်၉၀စာ အတိုးအား ဘဏ်မှသိမ်းဆည်းမည် ဖြစ်သည်။  

စာရင်းသေအပ်ငွေအများစုသည် ရင်းနှီးမြှပ်နှံသူများအား မိမိစုငွေများကို ဒဏ်ငွေပေးဆောင်ရန်မလိုပဲ အချိန်မရွေး ထုတ်ယူခွင့်ပေးထားပါသည်။ သို့သော် ဘဏ်အားလုံးတွင် ဤနည်းအားထပ်တူအသုံးပြုကြမည် မဟုတ်ပေ။ ဥပမာအားဖြင့်ဆိုသော် – ဘဏ်တစ်ခုတွင် စုငွေထည့်သွင်းပြီးချိန်မှစ၍ ၁၄ရက်အတွင်း ဒဏ်ကြေး မဆောင်ရဘဲ ငွေထုတ်ယူနိုင်သောစုငွေအကောင့်များကို ရရှိနိုင်သော်လည်း အခြားဘဏ်တွင်မူ မိမိစုငွေ စုဆောင်းသည့်အချိန်ကာလအပေါ်မူတည်၍ အတိုး ၃လစာ မှ ၁နှစ်စာအထိ ဒဏ်ကြေးများကောက်နိုင်သည်။  

  

စာရင်းသေအပ်ငွေအား မရွေးချယ်မီ မည်သည့်အချက်အလက်များသိရှိထားရန် လိုအပ်မည်နည်း။  

  • အတိုးနှုန်း။ သင်၏စုငွေကို အချိန်ကာလတစ်ခုအထိ မထုတ်ယူဘဲစုဆောင်းထားလျှင် ရရှိမည့်အတိုးနှုန်းကို ဆိုလိုပါသည်။ အချိန်ကာလရှည်ကြာလေလေ အတိုးနှုန်းတက်လေ ဖြစ်ပါသည်။ အကယ်၍ အချိန်စေ့သွားသည့်စုငွေအကောင့်တွင် မိမိ၏စုငွေအား ဆက်လက် ထားမည်၊မထားမည်ကို သေချာစွာမဆုံးဖြတ်နိုင်သေးပါက အချိန်ကာလတိုတောင်းသည့် စုငွေအကောင့်ကို ဦးစွာြပုလုပ်ပြီး နောက်တစ်ချိန်တွင် အချိန်ကာလရှည်သည့်စာရင်းသေအပ်ငွေ အမျိုးအစားတွင် ပြန်လည်ရင်းနှီးမြှပ်နှံနိုင်သည်။  
  • ထပ်ပေါင်းအတိုး။ ထပ်ပေါင်းအတိုးသည် သင်၏အကောင့်တွင် အချိန်ကြာလာသည်နှင့်အမျှ ငွေပမာဏပိုမိုတိုးပွားလာခြင်းကိုဆိုလိုသည်။ (သင့်စုငွေများကို အခြားစုငွေအကောင့်များတွင် ပေါင်းထည့်လိုက်ခြင်းကိုမဆိုလိုပါ) ဤအမျိုးအစား၏ အတိုးနှုန်းသည်  အခြား စုငွေအမျိုးအစားများထက် အတိုးနှုန်း မြင့်မားသည်။  
  • အနည်းဆုံးအပ်ငွေပမာဏ: အပ်ငွေမည်မျှပေးသွင်းရန်လိုအပ်မည်နည်း။ အချို့သော ဘဏ်များသည် ရေရှည်အဆင်ပြေနိုင်သည်၊မပြေနိုင်သည်ကို မဆုံးဖြတ်ခင်အထိ ငွေပမာဏ အနည်းငယ်ကိုသာ ပေးသွင်းစေသည်။ အခြားဘဏ်တွင်မူ ကနေဦးပေးသွင်းငွေအဖြစ် ငွေပမာဏ အများအပြား ပေးသွင်းရလေ့ရှိပြီး နောက်ဆုံးတွင် ဝန်ဆောင်ခများ၊အထွေထွေစရိတ်များကြောင့် အခြားသောနေရာတွင်ရင်းနှီးခြင်းထက် စရိတ်ပိုမိုကြီးမားနိုင်ပါသည်။  

  

မိမိအတွက်ကိုက်ညီမည့်စုငွေအမျိုးအစားအားမရွေးချယ်မီ ရှေးဦးစွာသုတေသနပြုလုပ်ရန် တိုက်တွန်းလို ပါသည်။  

စုငွေအကောင့်မဖွင့်မီတွင် မိမိရွေးချယ်သည့်စုငွေအမျိုးအစား၏အင်္ဂါရပ်တစ်ခုချင်းစီအား နားလည်ထားနိုင်ရန် ပြုလုပ်ပါ။ အချို့စုငွေများတွင် ဝန်ဆောင်ခများပေးစရာမလိုသည့်အပြင် အတိုးနှုန်းမြင့်မားနိုင်ပါသည်။ သို့သော် အဆိုပါစုငွေများတွင် အကောင့်တစ်ခုမှ တစ်ခုသို့ ငွေလွှဲခြင်း၊ လစဉ်ငွေထုတ်နိုင်သည့်ပမာဏ အကန့်အသတ်ရှိ ခြင်းတို့ကို တွေ့ကြုံနိုင်သည်။ အတိုးများထုတ်ပေးလေ့ရှိသည့် အချိန်ကိုလည်း လေ့လာရန်လိုအပ်ပါသည်။ အချို့စုငွေအကောင့်တွင် လစဉ်ထုတ်ပေးတတ်ပြီး အချို့တွင်မူ လေးလတစ်ခါ၊ တစ်နှစ်တခါ ထုတ်ပေးလေ့ ရှိသည်။ 

မိမိနှင့်ကိုက်ညီသည့် စုငွေအမျိုးအစား ရှာဖွေရာတွင် အချိန်ယူပြီး မတူညီသောဘဏ်များ၏နှုန်းထားများ၊ ဝန်ဆောင်မှုများကို နှိုင်းယှဉ်ပါ။ ထိုမှသာ မိမိ၏လိုအပ်ချက်နှင့်ကိုက်ညီမှုရှိသည့် အင်္ဂါရပ်များပါဝင်သည့် စုငွေအမျိုးအစား ကိုတွေ့ရှိနိုင်ပါမည်။ အတိုးနှုန်းများအား နှိုင်းယှဉ်သည့်အပြင် ဝန်ဆောင်မှုနှုန်းထားများကို လေ့လာကြည့်ပါ။ ပုံမှန်ဘဏ်အကောင့် သို့မဟုတ် အကြွေးဝယ်ကဒ်များ၏ဝန်ဆောင်မှုနှုန်းထားများထက် များပြားနေတတ်ပါသည်။  

  

နိဂုံး  

ဤဆောင်းပါးကိုဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် စာရင်းရှင်စုငွေအမျိုးအစားများနှင့် စာရင်းသေအပ်ငွေ အမျိုးအစားများအကြောင်း နားလည်နိုင်မည်ဟု မျှော်လင့်ပါသည်။ စုငွေအမျိုးအစားများသည် တစ်ခုနှင့် တစ်ခုမတူညီသောကြောင့် မိမိအသုံးပြုမည့် စုငွေအမျိုးအစားကို မရွေးချယ်မီလေ့လာဆန်းစစ်မှုများပြုလုပ်ရန် သတိရပါ။ အတွေ့အကြုံရှိသည့် မိသားစုဝင်၊ သူငယ်ချင်းများနှင့်ဆွေးနွေးတိုင်ပင်ပြီး သူတို့ရွေးချယ်သည့် စုငွေအမျိုးအစားနှင့်ပတ်သက်၍ သူတို့၏အမြင်ကိုမေးမြန်းပါ။ ကံကောင်းပါစေ။