သင်၏ချစ်ရသူထံမှ နိုင်ငံခြားငွေလွှဲလက်ခံဖို့ရှိပါသလား။ သို့မဟုတ် သင်သည်အိမ်သို့ငွေလွှဲလိုက်ပြီး သင်လွှဲသည့်ငွေအား ငွေသားဖြင့်ထုတ်ယူနိုင်မည့်အကောင်းဆုံးသောနည်းလမ်းကို သိရှိလိုပါသလား။ မည်သည့်နေရာတွင် မည်သည့်နည်းလမ်းဖြင့် ငွေလွှဲလက်ခံလိုသည်ကို စဉ်းစားကြည့်ပါ။
ဘဏ်အကောင့်
ဘဏ်အကောင့်မှငွေလွှဲလက်ခံလျှင် ငွေလွှဲလက်ခံသူသည် မည်သည့်အဆင့်ကိုမျှပြုလုပ်စရာမလိုဘဲ မိမိအကောင့်သို့ အလိုလိုငွေလွှဲရောက်ရှိမည်ဖြစ်သည်။
မိုဘိုင်းပိုက်ဆံအိတ်
မိုဘိုင်းပိုက်ဆံအိတ်မှငွေလွှဲလက်ခံလျှင် ငွေလွှဲလက်ခံသူသည် မည်သည့်အဆင့်ကိုမျှပြုလုပ်စရာမလိုဘဲ မိမိအကောင့်သို့ အလိုလိုငွေလွှဲရောက်ရှိမည်ဖြစ်သည်။
ငွေသားထုတ်ယူခြင်း
လူကိုယ်တိုင်ငွေသားထုတ်ယူလိုပါက အောက်ပါအဆင့်များကိုပြုလုပ်ပေးပါ။
၁။ အနီးဆုံးအေးဂျင့်တည်နေရာကိုရှာဖွေပါ. ငွေလွှဲလက်ခံသူသည် ငွေလွှဲအော်ပရေတာ၏ အင်တာနက်စာမျက်နှာမှတဆင့် အနီးအနားရှိအေးဂျင့်တည်နေရာကိုရှာဖွေနိုင်ပါသည်။
၂။ သင်၏ကိုယ်ရေးအချက်အလက်ကိုယူဆောင်လာပါ. ငွေလွှဲလက်ခံသူအား အတည်ပြုနိုင်ရန် ငွေလွှဲနံပါတ်နှင့် မှတ်ပုံတင်ကိုယူဆောင်လာရန်လိုအပ်ပါမည်။ ငွေလွှဲနံပါတ်သည် ငွေလွှဲသူ၏ ငွေလွှဲ ဘောက်ချာ သို့မဟုတ် ငွေလွှဲအတည်ပြုအီးမေးလ်တွင်ပါရှိသော နံပါတ်ဖြစ်သည်။ မှတ်ပုံတင်အတွက် အစိုးရအသိအမှတ်ပြုနိုင်ငံသားဖြစ်ကြောင်းအမှတ်အသား သို့မဟုတ် နေထိုင်ခွင့်ပါမစ်ရထားသော သက်သေအထောက်အထားကို ယူဆောင်လာနိုင်သည်။ သင်ယူဆောင်လာသော မှတ်ပုံတင် အထောက်အထားတွင် လိပ်စာမပါဝင်ပါက လိပ်စာကိုလည်းဖော်ပြရန် လိုအပ်နိုင်သည်။
၃။ ငွေလွှဲလက်ခံသည့်လုပ်ငန်းစဉ်ကိုဆောင်ရွက်ပါ. ငွေလွှဲလက်ခံသူသည် မိမိယူဆောင်လာသော ငွေလွှဲနံပါတ်နှင့် မှတ်ပုံတင်ကိုအသုံးပြု၍ ငွေလွှဲလက်ခံလျှောက်လွှာအား ဖြည့်သွင်းရန် လိုအပ်မည်ဖြစ်သည်။
\