Burmese Burmese
ဇွန် 29, 2022

မိမိရဲ့ လစဉ် “ဝင်ငွေ ထွက်ငွေ ငွေစာရင်း (Budgeting) တွေကို စိစစ်ဖို့ မည်သို့သောနည်းလမ်းတွေရှိသလဲ?

သင့်ငွေကို ငွေစာရင်းရှင်းရန် နည်းလမ်းလေးမျိုးအကြောင်း လေ့လာပါ။

မျှဝေပါ။

ကိုယ့်ရဲ့ ဝင်ငွေတွေ ဘယ်လိုမျိုး ကုန်သွားမှန်း မသိ ဖြစ်တတ်ပါသလား? ကိုယ့်ရဲ့ အသုံးစရိတ်ကို ခြေရာခံလိုက်ဖို့ ခက်ခဲနေပါသလား? “ဝင်ငွေ ထွက်ငွေ ငွေစာရင်း” ရှိခြင်းက ကိုယ့်ရဲ့ ငွေကြေးကို စီမံခန့်ခွဲရာမှာ ကူညီနိုင်ပြီးတော့ ရှေ့ရေးအတွက်လည်း စုဆောင်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။ ငွေစာရင်းရှိခြင်းဆိုတာ မိမိရဲ့ ဝင်ငွေနဲ့ ထွက်ငွေကို ပုံမှန်စောင့်ကြည့်တွက်ချက်တဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။

ငွေစာရင်းကို နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ကိုယ် အဆင်ပြေသလို တွက်ချက်ဆောင်ရွက်ကြည့်လို့ရပါတယ်။

 

သုညအခြေပြု ငွေစာရင်းတွက်နည်း

သုညအခြေပြု ငွေစာရင်းတွက်နည်းဆိုတာဘာလဲ?

ကိုယ့်ရဲ့ ဝင်ငွေတစ်ရွက်၊ တစ်ပြားချင်းစီကို ရည်ရွယ်ချက်ရှိရှိနဲ့ပဲသုံးမယ်။ ပြောရမယ်ဆိုရင် သင့်ရဲ့ ဝင်ငွေနဲ့ အသုံးစရိတ်၊ စုငွေတို့တွေဟာ ကွက်တိကျနေမှာပဲဖြစ်ပါတယ်။

ဥပမာ

မိမိဝင်ငွေက ထိုင်းဘတ် ၁,၀၀၀ ဆိုရင်

  • ဘတ် ၅၀၀ ကို ငွေလွှဲရန်၊
  • ဘတ် ၂၀၀ ကို ကုန်စုံဝယ်ရန်၊
  • ဘတ် ၁၀၀ ကို ကိုယ့်ရဲ့ တိုလီမုတ်စ အခြားကိစ္စသုံးရန်၊
  • ဘတ် ၁၀၀ ကို စုရန်၊
  • ဘတ် ၁၀၀ ကို ကိုယ်သုံးချင်တာသုံးရန်၊ အစရှိသဖြင့် သတ်မှတ်ထားပြီးတော့ ကိုယ့်ဝင်ငွေရဲ့ တစ်ကျပ်၊ တစ်ပြား မကျန် သုံးမယ့်၊ စုမယ့်စာရင်း လုပ်ထားခြင်းကို “သုည အခြေပြု ငွေစာရင်းတွက်ခြင်း” လို့ဆိုလိုပါတယ်။

သုည အခြေပြု ငွေစာရင်းတွက်ခြင်း နည်းလမ်းက ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

ဒီငွေစာရင်းနည်းကတော့ ကိုယ့်ရဲ့ ငွေကြေးကို အထိန်းအကွပ်ထားချင်တဲ့ သူတို့အတွက် အကောင်းဆုံး နည်းလမ်းလေးပါပဲ။

အခု ပြောပြထားတဲ့ ငွေစာရင်းတွက်နည်းကို သုံးမယ်ဆိုရင် စဉ်းစားထားရမယ့်အရာတွေက ဘာတွေလဲ?

ဒီနည်းလမ်းကို သုံးမယ်ဆိုရင် မိမိရဲ့ ငွေကြေး အဝင်အထွက်ကို မျက်ခြေမပြတ် ခြေရာခံလိုက်ရန် ပုံမှန်ထက် အချိန်ပိုပြီး ပေးရပါတယ်။ အခုနည်းလမ်းကို ထိထိရောက်ရောက်ဖြစ်စေဖို့ ကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေတို့ကို မကြာခဏ မှတ်တမ်းတင် စာရင်းရေးရမှာပဲဖြစ်ပါတယ်။

 

စာအိတ်ပိတ်စနစ် ငွေစာရင်းတွက်နည်း

စာအိတ်ပိတ်စနစ်ဆိုတာဘာလဲ?

အခု ငွေစာရင်းတွက်နည်းကလည်း အပေါ်က သုညအခြေပြုနည်းနှင့် ဆင်တူပုံစံလေးပါပဲ။ အခုစာအိတ်ပိတ်နည်းကတော့ ကိုယ့်ရဲ့ ငွေကြေးတို့ကို စာအိတ်လေးတွေထဲကို ခွဲပြီးထည့်တဲ့နည်းလမ်းပါပဲ။ စာအိတ်တစ်ခုချင်းစီမှာ အသုံးစရိတ်ပုံစံအမျိုးမျိုးကို ရေးပြီးခွဲထားခြင်းဖြစ်ပါတယ်။

ဥပမာ

မိမိဝင်ငွေက ထိုင်းဘတ် ၁,၀၀၀ ဆိုရင်

  • ဘတ် ၅၀၀ ကို ငွေလွှဲရန်၊
  • ဘတ် ၂၀၀ ကို ကုန်စုံဝယ်ရန်၊
  • ဘတ် ၁၀၀ ကို ကိုယ့်ရဲ့ တိုလီမုတ်စ အခြားကိစ္စသုံးရန်၊
  • ဘတ် ၁၀၀ ကို စုရန်၊
  • ဘတ် ၁၀၀ ကို ကိုယ်သုံးချင်တာသုံးရန်၊ အစရှိသဖြင့် စာအိတ်လေးတွေကို ရေးပြီးတော့ အသီးသီး သတ်မှတ်ထားတာပဲဖြစ်ပါတယ်။

စာအိတ်ပိတ်စနစ် ငွေစာရင်းတွက်ခြင်း နည်းလမ်းက ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

ဘဏ်ကတ် အသုံးပြုတဲ့နေရာမှာ ငွေကို လိုတာထက်ပို၍ သုံးတတ်သောသူများ၊ မိမိရဲ့ဝင်ငွေတွေ ဘယ်ကိုရောက်သွားလဲဆိုတာ မြင်ချင်သိချင်သူများအတွက် ဒီနည်းလမ်းလေးကတော့ အကောင်းဆုံးပါပဲ။

အခု ဝေမျှပေးထားတဲ့ စာအိတ်ပိတ်ငွေစာရင်းတွက်နည်းကို သုံးမယ်ဆိုရင် စဉ်းစားထားရမယ့်အရာတွေက ဘာတွေလဲ?

COVID-19 ရောဂါရဲ့ သက်ရောက်မှု တစ်ခုဖြစ်တဲ့ ငွေသားလက်ခံခြင်းကို နေရာတော်တော်များများမှာ လက်ခံမှုနည်းလာတဲ့အတွက်ကြောင့် ဒီနည်းလမ်းလေးက ပုံမှန်တွေ့နေကျ နည်းလမ်းတစ်ခုတော့မဟုတ်ပါဘူး။ ပြီးတော့ ပိုက်ဆံ ကျပျောက်တတ်ခြင်းနှင့် နေရာမှားထားမိခြင်း စသောအရာတို့ဖြစ်နိုင်ချေရှိပါတယ်။ ငွေသားကိုင်ခြင်းဟာ ကိုယ့်ရဲ့ဘဏ်အကောင့်ကနေ/ကို ငွေအဝင်အထွက်တို့ မရှိတော့ဘဲ ဘဏ်ကနေငွေချေးချင်ပါက ကိုယ့်ဘဏ်ရဲ့ ငွေအဝင်အထွက် သက်သေပြစရာ မရှိတော့ဘဲ ဖြစ်တတ်ပါသေးတယ်။

 

၅၀-၃၀-၂၀ ငွေစာရင်းတွက်နည်း

၅၀-၃၀-၂၀ ငွေစာရင်းတွက်နည်း ဆိုတာဘာလဲ?

ဒီနည်းလမ်းလေးကတော့ သင့်ရဲ့ ဝင်ငွေတို့ကို ရာခိုင်နှုန်းတို့အပေါ်မူတည်ပြီး အုပ်စုသုံးစုခွဲခြင်းပဲ ဖြစ်ပါတယ်။

  • ဝင်ငွေရဲ့ ၅၀%ကို သင်လိုအပ်သော၊ မသုံးမဖြစ် အသုံးစရိတ်အဖြစ်ထားရန်၊
  • ဝင်ငွေရဲ့ ၃၀%ကို သင်လိုချင်သော၊ အရမ်းအရေးမကြီးသော အသုံးစရိတ်အဖြစ်ထားရန်၊
  • နောက်ဆုံးကျန်တဲ့ ဝင်ငွေရဲ့၂၀%ကို သင့်ရဲ့ စုငွေအဖြစ်ထားရန်တို့ပဲဖြစ်ပါတယ်။

ဥပမာ

မိမိဝင်ငွေက ထိုင်းဘတ် ၁,၀၀၀ ဆိုရင်

  • ဘတ် ၅၀၀ကို သင်လိုအပ်သော၊ မသုံးမဖြစ် အသုံးစရိတ် (ဝင်ငွေ ဘတ် ၁,၀၀၀ x ၅၀%)၊
  • ဘတ် ၃၀၀ကို သင်လိုချင်သော၊ အရမ်းအရေးမကြီးသော အသုံးစရိတ် (ဝင်ငွေ ဘတ် ၁,၀၀၀ x ၃၀%)၊

ကျန် ဘတ် ၂၀၀ကို

၅၀-၃၀-၂၀ ငွေစာရင်းတွက်ခြင်း နည်းလမ်းက ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

မိမိဝင်ငွေ ငွေစာရင်းကို ရိုးရိုးသာမန်လေး တွက်ရတာ ကြိုက်နှစ်သက်သော်လည်း ထွက်ငွေအတွက် ခွဲထားတဲ့ အုပ်စုအ ိုက်လေးရှိတာလည်း နှစ်သက်သူတွေအတွက် အကောင်းဆုံးပါပဲ။

၅၀-၃၀-၂၀ ငွေစာရင်းတွက်နည်းကို သုံးမယ်ဆိုရင် စဉ်းစားထားရမယ့်အရာတွေက ဘာတွေလဲ?

အခုနည်းလမ်းက ကိုယ် ယေဘုယျခွဲထားတဲ့ အုပ်စု (၃)စုထဲက တစ်စုချင်းစီထဲမှာပဲ ကိုယ်ဘာကို သုံးလိုက်မိပါလိမ့် ဆိုပြီး ဖြစ်တတ်ပါတယ်။ ဥပမာ – သင်လိုအပ်သောအသုံးစရိတ်အုပ်စုထဲမှာ ကုန်စုံဝယ်တာကို ပုံမှန်ထက်ပိိုဝယ်လိုက်မိပြီး ကားဆီဝယ်ဖို့အတွက် ငွေ မလောက်တော့တာမျိုး ဖြစ်တတ်ခြင်းကိုဆိုလိုတာပါ။ အဲ့လိုမျိုး ဖြစ်တတ်တာကြောင့် ကိုယ့်ဘက်ကနေ မမျှော်လင့်ဘဲ သုံးမိတတ်သော အသုံးစရိတ်ဆိုပြီး ရံ ထားရင် ပိုအဆင်ပြေပါလိမ့်မယ်။

 

ငွေစာရင်းတွက်နည်းမရှိသော ငွေစာရင်း

ငွေစာရင်းတွက်နည်းမရှိသော ငွေစာရင်းဆိုတာဘာလဲ?

အခုနည်းလမ်းကတော့ ကိုယ့်ရဲ့ ဘဏ်အကောင့်မှာ သုညပြမနေဖို့ဘဲနဲ့ ကိုယ်လိုအပ်တာကို ဝယ်ဖို့ ငွေအလုံအလောက်ရှိရင်ပဲ ရပြီဆိုတဲ့ ငွေစာရင်းတွက်နည်းလေးပါ။ ဒီနည်းကတော့ အပေါ်မှာ ပြောပြထားခဲ့တဲ့ သုညအခြေပြု ငွေစာရင်းတွက်ခြင်းနှင့် စာအိတ်ပိတ်စနစ် ငွေစာရင်းတွက်ခြင်းတို့နှင့် ဆန့်ကျင်ဘက်ပါပဲ။ ငွေစာရင်းတွက်နည်းမရှိသော ငွေစာရင်းတွက်နည်းက အခုဖော်ပြထားတဲ့ နည်း(၂)နည်းနဲ့မတူဘဲ ဝင်ငွေ ထွက်ငွေအသုံးစရိတ်တို့အတွက် အုပ်စုခွဲမထားတဲ့ နည်းလမ်းဘဲဖြစ်ပါတယ်။

ဥပမာ

ကိုယ့်ဘဏ်ထဲမှာ ဘတ် ၁,၀၀၀ ရရင် လကုန်ရက်အထိ ဘတ် ၈၀၀ ရှိနေရင်အဆင်ပြေပြီဆိုတာ သင်သိနေတာမျိုးပဲဖြစ်ပါတယ်။ ဝင်ငွေကို ကိုယ်ကြိုက်သလို သုံးလို့ရတယ်။ ကုန်စရာရှိတဲ့ရက်မှာ ပေးနိုင်ဖို့ ပေးရမယ့်ငွေပမာဏရှိနေရင် ရပြီဆိုတဲ့ ငွေစာရင်းတွက်နည်းပဲဖြစ်ပါတယ်။

အခုဝေမျှထားတဲ့ ငွေစာရင်းတွက်ခြင်း နည်းလမ်းက ဘယ်သူတွေအတွက် အသင့်တော်ဆုံးလဲ?

ကိုယ့်ရဲ့ ဝင်ငွေ ထွက်ငွေကို လိုက်လံစစ်ဆေးနေရတာကို မနှစ်သက်သော သူတို့အတွက် အကောင်းဆုံးဖြစ်ပါတယ်။

ဒီနည်းလေးကို သုံးမယ်ဆိုရင် စဉ်းစားထားရမယ့်အရာတွေက ဘာတွေလဲ?

အခုလိုမျိုး နည်းလမ်းသုံးတဲ့သူတို့ဟာ ငွေကို ကုန်မှန်းမသိကုန်အောင် သုံးတတ်သွားနိုင်တာကြောင့် မိမိတစ်ကယ်လိုအပ်တဲ့ အချိန်မှာ လက်ထဲငွေရှိအောင် အရေးပေါ်ငွေဆိုပြီး သီးသန့်ထားရှိဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်။

 

အခုရှင်းပြပေးထားတဲ့ ငွေစာရင်းတွက်နည်း (၄)ခုပဲရှိပါသေးတယ်။ SaverAsia ကနေပြီးတော့ သင်တို့ရဲ့ ဝင်ငွေထွက်ငွေတို့ကို ခြေရာခံကောက်ပြီး ငွေစာရင်းအဝင်အထွက်တွက်ချက်နိုင်ဖို့ အတွက် ဘတ်ဂျက်ဂဏာန်းတွက်စက် (Budget Calculator)ကို SaverAsia ဝက်ဘ်ဆိုဒ်ကနေပဲဖြစ်ဖြစ်၊ အက်ပလီကေးရှင်းကနေပဲဖြစ်ဖြစ် အခမဲ့ အသုံးပြုလို့ရအောင် စီမံဆောင်ရွက်ပေးထားပါတယ်။ အဲ့တာကြောင့် ငွေစာရင်းတွက်နည်းထဲက တစ်ခုဖြစ်တဲ့ SaverAsia ရဲ့ ဘတ်ဂျက်ဂဏာန်းတွက်စက်နဲ့အတူ သင့်ရဲ့ အချိန်နဲ့ ငွေစုနိုင်ဖို့ ဒီနေ့ပဲ စတင်သုံးစွဲကြည့်လိုက်ပါလို့ အကြံပေးတိုက်တွန်းပါရစေနော်။

ငွေများများစုနိုင်ပါစေနော်။

ရေးသားသူ – Malorie Anne Manaois

ဇွန်လ ၆ရက်၊ ၂၀၂၂ခုနှစ်။