Burmese Burmese
အခွန်ကိစ္စများအတွက် Guideline အကျဉ်း ဇူလိုင် 16, 2022

အခွန်ဆိုတာဘာလဲ? အခွန်ကို ဘာ့ကြောင့်နဲ့ ဘယ်လို ဆောင်ရတာလဲ?

မျှဝေပါ။

နိုင်ငံအတော်များများမှာ အခွန်ဆောင်ရမယ့် အချိန်ရောက်လာပြီဆိုတော့၊ သင့်ဘက်ကနေ အခွန်ဆိုတာဘာလဲဆိုတာနဲ့ ဘယ်လိုအခွန်ဆောင်းမယ်ဆိုတာကို သိချင်နေမှာပါပဲ။ ကျွန်မတို့ SaverAsia ကနေပြီးတော့ သင့်အတွက် အောက်ပါ Guideline ကနေတစ်ဆင့် ကူညီပေးချင်ပါတယ်။

 

အခွန်ဆိုတာဘာလဲ?

အခွန်ဆိုတာ သင်ဝင်ငွေရသည့်အခါတိုင်း အစိုးရဆီကို ပေးဆောင်တဲ့ငွေပဲဖြစ်ပါတယ်။ သင့်ရဲ့ အလုပ်မှ လစာငွေနဲ့ သင့်ကိုယ်ပိုင်လုပ်ငန်းကနေ ဝင်ငွေရလာတဲ့အခါ ထိုဝင်ငွေတို့ကို အခွန်ငွေကောက်ခံပါတယ်။ အခြားအရာ၊လုပ်ငန်းတို့မှ ဝင်တဲ့ ဝင်ငွေကိုလည်း အခွန်ပေးရပါတယ်။

 

ဘာလို့အခွန်ငွေဆောင်ရတာလဲ?

အခွန်ငွေမှရလာတဲ့ ငွေကြေးတို့ကို အစိုးရကနေ နိုင်ငံရှိပြည်သူတို့ရဲ့ ဝန်ဆောင်မှုတို့အတွက် သုံးစွဲတာပဲဖြစ်ပါတယ်။ အစိုးရကနေ ဆောင်ရွက်ပေးတဲ့ဝန်ဆောင်မှုတွေဆိုတာ လမ်းများ၊ မီးရထား၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ လူမှုဖူလုံရေးနှင့် ပညာရေး အစရှိသည်တို့ပဲဖြစ်ပါတယ်။

လူအများသုံးဝန်ဆောင်မှုတွေသည် နိုင်ငံတွင်းရှိ ပြည်သူတို့အတွက် ရရှိနိုင်သောအရာတို့ကို ပြောခြင်းဖြစ်ပါတယ်။

 

အခွန်ဘယ်လိုဆောင်ရတာလဲ?

များသောအားဖြင့် အခွန်ကို သင့်၏ လစာထဲကနေ အလုပ်ရှင်မှ ကျသင့်သောအခွန်ကို ထုတ်ယူပြီးတော့ အစိုးရကို အခွန်ငွေဆောင်ပေးပါသည်။ ပြောရမယ်ဆိုရင် သင်လက်ခံရရှိသော လစာသည် အခွန်ပေးပြီး လစာ/ဝင်ငွေ ပဲဖြစ်ပါတယ်။

တကယ်လို့ မိမိရဲ့ ကိုယ်ပိုင်လုပ်ငန်းဆိုရင် လုပ်ငန်းမှ ရသော ဝင်ငွေတို့ကို မိမိကိုယ်တိုင် အစိုးရဆီသို့ တိုက်ရိုက် ပေးနိုင်ကောင်းပေးနိုင်ရပါတယ်။

သင့်ဘက်ကနေ အခွန်ဝင်ငွေစာရင်းကို နှစ်တိုင်းတင်ပြရပါတယ်။ အခွန်ဝင်ငွေစာရင်းမှ အစိုးရကို သင်၏နှစ်စဉ်ပေးရမည့် ကျသင့်ငွေအခွန်ငွေအမှန်ကို တွက်ချက်နိုင်စေရန် ဆောင်ရွက်ကူညီပေးပါတယ်။

‘အခွန်ဝင်ငွေစာရင်း’ မှ သင့်ကို အောက်ပါအချက်တို့ကို တောင်းဆိုပါလိမ့်မယ်။

  • သင်၏နှစ်စဉ်ဝင်ငွေ၊
  • ယခုနှစ်ဝင်ငွေတို့အတွက် အခွန်ငွေဘယ်လောက်ဆောင်ပြီးပြီလဲ၊
  • အခွန်ငွေကနေ ငွေမည်မျှ သင်ပြန်နှုတ်နိုင်ကြောင်း၊ အစရှိသည်တို့ကို မေးမြန်းပါလိမ့်မည်။

တကယ်လို့ မိမိဘက်ကနေ အခွန်ငွေအပြည့်မဆောင်ရသေးဘူးဆိုရင် ကျန်သည့်အခွန်ငွေကို အစိုးရကို ပေးဆောင်ရပါမယ်။

တကယ်လို့ သင့်ဘက်ကနေ ပေးဆောင်ရမည့် အခွန်ငွေထက် ပိုပြီးပေးဆောင်ထားပါက အစိုးရမှ သင့်ပိုပေးထားသော ငွေပမာဏကို ပြန်လည်ပေးအပ်ပါလိမ့်မယ်။ ဒီလိုပြန်လည်ပေးအပ်တာကို အခွန်ငွေ ပြန်ပေးခြင်း’လို့ ခေါ်ပါတယ်။

 

အခွန်ငွေနှုတ်ခြင်းဆိုတာဘာလဲ?

အခွန်ငွေနှုတ်ခြင်းသည် မိမိရဲ့ ကိုယ်ပိုင်ငွေသုံး၍ပေးထားပြီးသော အရာကို ပြောခြင်းဖြစ်ပါသည်။ အခွန်ဝင်ငွေစာရင်းထဲမှာ အပေါ်မှပြောထားသော မိမိရဲ့ ကိုယ်ပိုင်ငွေသုံး၍ပေးထားပြီးသော အရာပါဝင်နေရင် သင်ပေးဆောင်ရမည့် အခွန်ငွေထက် ပမာဏနည်းသွားနိုင်ပါတယ်။

သင့်အတွက်ဆိုရင် များသောအားဖြင့် အလုပ်နဲ့သက်ဆိုင်သော အရာတွေဖြစ်တဲ့ အလုပ် uniform၊ အဝတ်လျှော်ရာတွင်ကျသင့်သောငွေကြေးနှင့် အိမ်မှအလုပ်လုပ်ရာတွင် ကျသင့်သော အင်တာနက်ကြေး အစရှိသည်တို့ပဲဖြစ်ပါတယ်။ ဒါကြောင့် အခွန်ငွေနှုတ်နိုင်ဖို့အတွက် အစိုးရရဲ့ ဝက်ဘ်ဆိုဒ်တွေကနေ ဘယ်အရာတွေကနေ အခွန်ငွေနှုတ်ယူလို့ရလဲ၊ ဒါမှမဟုတ်ရင် အခွန်အေးဂျင့်ဘယ်လိုရှာရမလဲဆိုတာတွေကို စုံစမ်းလေ့လာကြည့်သင့်ပါတယ်။

အခွန်အေးဂျင့်ဆိုတာဘာလဲ?

သင့်ရဲ့ အခွန်ငွေတို့ကို ပြန်လည်နှုတ်ယူနိုင်ဖို့အတွက် သင်ကိုယ်တိုင်မဆောင်ရွက်ချင်ပါက အခွန်အေးဂျင့်ကနေ ကိုယ်စားကူညီဆောင်ရွက်ပေးပါတယ်။ သူတို့ကနေ အစိုးရမှ လိုအပ်တဲ့ အလျက်အလက်တို့ကို သင့်ကိုမေးမြန်းပြီး သင့်ဘက်ကနေ အခွန်ငွေအမှန်ဆောင်နိုင်အောင် လုပ်ဆောင်ပေးပါတယ်။ နိုင်ငံတိုင်ူမှာ မတူညီတဲ့ အခွန်ငွေဥပဒေတွေရှိပါတယ်။ တစ်ခါတစ်လေ အစိုးရတွေဆီမှ မတူညီတဲ့ အခွန်ဥပဒေတို့သည် နားလည်ရခက်တဲ့အတွက်ကြောင့် ထိုဥပဒေတွေကို ကျွမ်းကျင်တဲ့ အခွန်အေးဂျင့်တို့ကို ရှာဖွေကာ အကူအညီယူရတာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် များသောမားဖြင့် အခွန်အေးဂျင့်တို့ရဲ့ ဝန်ဆောင်မှုအတွက် သင့်ဘက်မှ ကျသင့်သော ဝန်ဆောင်ခပေးရမှာပဲဖြစ်ပါတယ်။ အခွန်အေးဂျင့်သုံး/ငှါးမယ်ဆိုရင် ထိုအေးဂျင့်ရဲ့ အရည်အချင်းနဲ့ မှတ်ပုံတင်ထားသောလုပ်ငန်း ဟုတ်၊မဟုတ်ကြောင်းကို အရင်စစ်ဆေးလေ့လာသင့်ပါတယ်။

အခုဝေမျှပေးထားတဲ့ guideline ကနေပြီးတော့ သင့်ရဲ့ အခွန်ဆောင်ရမယ့်အချိန်ရောက်လာရင် နည်းနည်းစိတ်သက်သာစေပြီးတော့ အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အကူအညီလိုရင် လိုက်ရှာဖို့အမြဲသတိရပါ။ ငွေကြေးဆိုင်ရာနဲ့ ပက်သက်ပြီး ဘယ်လိုကိုင်တွယ်ထြေရှင်းရမလဲဆိုတာကို လေ့လာချင်ရင် SaverAsia ရဲ့ အခြားသော ငွေကြေးဆိုင်ရာ အရင်းအမြစ်တို့ကို သွားရောက်လေ့လာနိုင်ပါတယ်နော်။

မသက်ဆိုင်ကြောင်းရှင်းလင်းချက် – အခုဝေမျှထားသော ဆောင်းပါသည် ယေဘုယျသာဖြစ်သောကြောင့် တိကျသော အကြံဥာဏ်အဖြစ် မယူသင့်ကြောင်းအကြံပေးချင်ပါတယ်။ သင်၏ကိုယ်ပိုင် ငွေကြေးကိစ္စတို့အတွက် ပို၍တိကျစွာ သိချင်ပါက အကူအညီရှာပါလို့ အကြံပေးပါရစေ။

ရေးသားသူ – Malorie Manaois

ဇွန်လ ၂၈ရက် ၂၀၂၂ခုနှစ်။