Burmese Burmese
ဖေ‌ဖော်ဝါရီ 7, 2023

မည်သို့ချေးငွေရယူနိုင်သနည်း။

ခရီးထွက်ရန်အတွက် ငွေချေးလိုပါသလား။ သို့မဟုတ် နိုင်ငံရပ်ခြားတွင် အိမ်ဝယ်ယူလိုပါသလား။ သို့မဟုတ် ငွေကြေးစီးဆင်းမှုကိုစီမံခန့်ခွဲရန် အကြွေးဝယ်ကဒ်လိုအပ်ပါသလား။ အမျိုးမျိုးသော ချေးငွေစနစ်နှင့် ချေးငွေအားမည်သို့ရယူနိုင်သည်ကို ကျွန်ုပ်တို့၏နောက်ဆုံးဆောင်းပါးတွင် ‌ဖတ်ရှု လေ့လာနိုင်ပါသည်။

မျှဝေပါ။

အမျိုးမျိုးသောရင်းမြစ်များမှ ရယူနိုင်သောချေးငွေစနစ်အမျိုးမျိုးရှိပါသည်။ ချေးငွေစနစ်ကို အသုံးပြုနိုင်ပုံမှာ မိမိအားချေးငွေထုတ်ပေးမည့်သူမှ တောင်းဆိုသည့်လိုအပ်ချက်များ၊ မိမိရယူထားသောချေးငွေစနစ် သို့မဟုတ် ချေးငွေထုတ်ကုန် နှင့် မိမိချေးငွေရယူမည့်နိုင်ငံပေါ်တွင် မူတည်ပါသည်။   

ရှေးဦးစွာ ရွှေ့ပြောင်းနေထိုင်သူများအသုံးပြုလေ့ရှိသည့် အောက်ပါချေးငွေစနစ်များကိုသိရှိထားလျှင် အထောက်အကူ ဖြစ်နိုင်ပါသည်။  

၁။ အကြွေးဝယ်ကဒ် 

၂။ ကိုယ်ပိုင်ချေးငွေရယူခြင်း 

၃။ အိမ်ချေးငွေရယူခြင်း 

၄။ လုပ်ငန်းချေးငွေရယူခြင်း   

 

အကြွေး သို့မဟုတ် ချေးငွေရယူသည့်အခါ မိမိရယူထားသည့်ချေးငွေအားလုံးနှင့်တကွ အတိုးကိုပြန်လည် ပေးဆောင်ရမည်ဖြစ်သည်။ အတိုးဆိုသည်မှာ သင်ရယူထားသောငွေပမာဏအတွက် အပိုဆောင်းပေးဆောင် ရသောငွေဖြစ်ပြီး မိမိအားချေးငွေပေးသူမှအကျိုးအမြတ်ခံစားသည့် ပမာဏဖြစ်သည်။ ယေဘုယျအားဖြင့် အတိုးနှုန်းဟု ခေါ်ဆိုပြီး မိမိရယူထားသည့်ချေးငွေ၏ ရာခိုင်နှုန်းဖြစ်ပါသည်။  

အဆိုပါချေးငွေကို စာချုပ်တွင်ပါဝင်သော သဘောတူညီထားသည့်အချိန်ကာလအတွင်း ပေးဆောင်ရန်လိုအပ်ပြီး အဆိုပါအချိန်ကာလအတွင်း မည်သည့်အချိန်တွင်ဖြစ်စေ ပေးဆောင်နိုင်ပါသည်။ သို့သော်လည်း ယေဘူယျ အားဖြင့် ငွေပေးချေမှုများအား လစဉ်ပြုလုပ်ရန်လိုအပ်လေ့ရှိသည်။ အကယ်၍ ငွေပေးချေမှုတစ်ခုအားပြုလုပ် ရန် နောက်ကျခဲ့လျှင် နောက်ကျကြေးပေးဆောင်ရလေ့ရှိသည်။  

အ‌ပေါင်ထားရသည့်ချေးငွေစနစ်နှင့် အပေါင်ထားစရာမလိုသည့်ချေးငွေစနစ်တို့၏ ကွဲပြားခြားနားချက်ကို သိရှိထားရန်အရေးကြီးပါသည်။ အ‌ပေါင်ထားရသည့်ချေးငွေစနစ်တွင် မိမိမှအချိန်မှီ ချေးငွေပြန်လည်မဆပ်နိုင် ပါက ဘဏ်မှသိမ်းဆည်းနိုင်သည့် စိတ်ချရသည့်အပေါင်ခံပစ္စည်း သို့ မိမိ၏ပိုင်ဆိုင်မှုတစ်ခုလိုအပ်ပါသည်။ အပေါင်ထားစရာမလိုသည့်ချေးငွေစနစ်တွင်မူ အပေါင်ထားရန် ပစ္စည်းမလိုအပ်ပါ။  

  

အကြွေးဝယ်ကဒ်ဆိုသည်မှာ အဘယ်နည်း။    

အကြွေးဝယ်ကဒ်ကို ထုတ်ကုန်ပစ္စည်း သို့ ဝန်ဆောင်မှုများအတွက် ရေတိုအကြွေးရယူလိုသည့်အခါ အသုံးပြု လေ့ရှိသည်။ ဘဏ်မှကြိုတင်ရယူငွေဖြစ်ပြီး မြင့်မားသောအတိုးနှုန်းဖြင့် ပြန်လည်ပေးဆောင်ရသောချေးငွေ ဖြစ်သည်။ ဤချေးငွေကို ဘေလ်ပေးဆောင်ခြင်း၊ လက်ဆောင်ပစ္စည်းဝယ်ယူခြင်း၊ လေယာဉ်လက်မှတ်များ၊ အိမ်သုံးပစ္စည်းများဝယ်ယူခြင်းနှင့် ရေတိုသုံးငွေများစသည့် အသေးစားဝယ်ယူမှု များပြုလုပ်သည့်အခါ အသုံးပြုနိုင်သည်။ ဤချေးငွေစနစ်တွင် ချေးငွေအတွက်အတိုးပေးဆောင်ရုံသာမက နှစ်စဉ်အကြွေးဝယ်ကဒ် အသုံးပြုခွင့်ငွေကိုလည်း ပေးဆောင်ရနိုင်သည်။  

အကြွေးဝယ်ကဒ်များတွင် ရယူနိုင်သည့်ချေးငွေပမာဏကန့်သတ်ချက်ရှိပြီး အဆိုပါကန့်သတ်ချက်ကျော်လွန်ပါ က အပိုဆောင်းငွေထပ်မံပေးဆောင်ရနိုင်သည်။  

အချို့သောအကြွေးဝယ်ကဒ်များသည် အပိုဆုများပေးလေ့ရှိသည်။ အကြွေးဝယ်ကဒ်အသုံးပြုမှုများလေလေ အမှတ်များများရလေဖြစ်ပြီး မိမိရရှိထားသောအမှတ်များဖြင့် အကြွေးဝယ်ကဒ်ကုမ္ပဏီမှထုတ်လုပ်သော ထုတ်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကို ဝယ်ယူနိုင်ပါသည်။  

အကြွေးဝယ်ကဒ်များသည် အ‌ပေါင်ထားရသည့်ချေးငွေစနစ် သို့မဟုတ် အပေါင်ထားစရာမလိုသည့်ချေးငွေစနစ် ဖြစ်နိုင်ပါသည်။   

  

ကိုယ်ပိုင်ချေးငွေဆိုသည်မှာအဘယ်နည်း။   

ကိုယ်ပိုင်ချေးငွေသည် အကြွေးဝယ်ကဒ်နှင့်ဝယ်ယူ၍မရနိုင်သော အကြီးစားဝယ်ယူမှုများအတွက်အသုံးပြု နိုင်ပြီး အပေါင်ထားစရာမလိုသည့်ချေးငွေစနစ်ဖြစ်သည်။ ဤချေးငွေအမျိုးအစားကို ဘဏ်နှင့် အခြားသော ငွေကြေးအဖွဲ့အစည်းများတွင်ရယူနိုင်သည်။ ချေးငွေပမာဏ၊ အတိုးနှုန်းနှင့် ပေးဆောင်ရမည့်လုပ်ငန်းစဉ်များမှာ ချေးငွေရယူထားသည့်အဖွဲ့အစည်းနှင့် မိမိရယူထားသောချေးငွေပုံစံတွင် မူတည်သည်။ ကိုယ်ပိုင်ချေးငွေများကို အများအားဖြင့် သတ်မှတ်ထားသောအချိန်ကာလအတွင်း လစဉ်ပေးဆောင်ရန်သတ်မှတ်ထားသောပမာဏအား ပေးသွင်းရန်လိုအပ်ပါသည်။  

  

အိမ်ချေးငွေဆိုသည်မှာ အဘယ်နည်း။    

အိမ်ချေးငွေ တနည်းအားဖြင့် ပေါင်နှံငွေဆိုသည်မှာ အိမ်ခြံမြေပိုင်ဆိုင်မှုအားဝယ်ယူသည့်အခါ အသုံးပြုနိုင်သည့် ချေးငွေအမျိုးအစားတစ်ခုဖြစ်သည်။ ချေးငွေယူထားသူသည် ချေးငွေအားလုံးအား အကြေပေးချေသည်အထိ ပုံမှန်ပေးဆောင်မှုပြုလုပ်ရသည်။ အဆိုပါချေးငွေဖြင့်ဝယ်ယူထားသောပိုင်ဆိုင်မှုပစ္စည်းသည် ချေးငွေအတွက် အပေါင်ထားရသော အပေါင်ပစ္စည်းဖြစ်ပြီး မိမိဘက်မှ ချေးငွေပမာဏအားလုံးကိုမဆပ်နိုင်ပါက ဝယ်ယူထား သည့် ပိုင်ဆိုင်မှုပစ္စည်းကို ဘဏ်မှသိမ်းယူနိုင်သည်။  

  

လုပ်ငန်းသုံးချေးငွေဆိုသည်မှာ အဘယ်နည်း။  

လုပ်ငန်းသုံးချေးငွေဆိုသည်မှာ အထူးသဖြင့် စီးပွားရေးကဏ္ဍအတွက်အသုံးပြုနိုင်သော ချေးငွေအမျိုးအစား ဖြစ်ပြီး စီးပွားရေးလုပ်ငန်းတည်ထောင်ခြင်း၊ လည်ပတ်နေသောစီးပွားရေးလုပ်ငန်းအားတိုးချဲ့ခြင်း၊ လုပ်ငန်းသုံး ပစ္စည်းများ သို့မဟုတ် အိမ်ခြံမြေဝယ်ယူခြင်း၊ လုပ်ငန်းမတည်ငွေအဖြစ်ရယူခြင်းစသည်တွင် အသုံးပြုနိုင်သည်။ ဤချေးငွေအမျိုးအစားကို ဘဏ်များ၊ အတိုးနှုန်းသက်သာသည့်ချေးငွေအဖွဲ့အစည်းများနှင့် အခြားသော ငွေကြေးအဖွဲ့အစည်းများအပြင် အစိုးရချေးငွေအေဂျင်စီနှင့် ပုဂ္ဂလိကချေးငွေ လုပ်ငန်းများတွင် ရယူနိုင်ပါသည်။  

  

အကြွေးဝယ်ကဒ် သို့မဟုတ် ချေးငွေကို မည်ကဲ့သို့လျှောက်ထားရယူနိုင်သနည်း။   

လုပ်ငန်းစဉ်များသည် မိမိရယူမည့်ချေးငွေ သို့ အကြွေးယူစနစ်တွင်မူတည်၍ ကွဲပြားမှုရှိနိုင်သည်။ ထို့အပြင် ချေးငွေထုတ်ပေးသူပေါ်မူတည်၍ ကွဲပြားမှုရှိနိုင်သည်။   

၁။ ချေးငွေထုတ်ပေးမည့်သူအကြောင်းကိုလေ့လာပါ: ဘဏ်၊ အတိုးနှုန်းသက်သာသည့်ချေးငွေအဖွဲ့အစည်း နှင့် အင်တာနက်ပေါ်ရှိချေးငွေထုတ်ပေးသူတို့၏ အတိုးနှုန်းထားများ၊ အသုံးပြုခွင့်အတွက် ပေးဆောင် ရသည့်နှုန်းထား နှင့် ချေးငွေဆိုင်ရာစည်းမျဉ်းစည်းကမ်းများကို နှိုင်းယှဉ်ပါ။   

၂။ မိမိရရှိထားသည့် ချေးငွေဆိုင်ရာအဆင့်သတ်မှတ်ချက်ကိုဆန်းစစ်ပါ : ချေးငွေဆိုင်ရာ အဆင့် သတ်မှတ်ချက်သည် မိမိအကြွေးအားပြန်လည်ပေးဆောင်နိုင်မည့်ရာခိုင်နှုန်း ရှိမရှိကို ဆန်းစစ်ပေးသည်။ အဆိုပါအဆင့်သတ်မှတ်ချက်သည် မိမိ၏လုပ်ဆောင်မှုသမိုင်းပေါ်တွင် မူတည်သည်။ အဆိုပါ အဆင့် သတ်မှတ်ချက်သည် မိမိရယူလိုသောချေးငွေစနစ်အား ရရှိနိုင်သည်၊ မရရှိနိုင်သည်ကို အဆုံးအဖြတ်ပေးနိုင် သဖြင့် ချေးငွေရယူရန်အတွက်မလျှောက်ထားမီ သိရှိထားရန်အရေးကြီးပါသည်။ (မှတ်ချက်: အချို့နိုင်ငံများ တွင် ချေးငွေဆိုင်ရာအဆင့်သတ်မှတ်ချက်အား ပြသရန်မလိုအပ်ပေ။ သို့ပါ၍ ချေးငွေထုတ်ပေးသူနှင့် သက်ဆိုင်ပါသည်။)  

     ၃။ လိုအပ်သည့်စာရွက်စာတမ်းများကို ပြင်ဆင်ပါ: သင်၏ဝင်ငွေအထောက်အထားဖြစ်သည့် လစာစလစ် သို့မဟုတ် အခွန်ဆောင်ထားသည့်အချက်အလက်များ နှင့် လက်ရှိရယူထားသည့် ချေးငွေအထောက်အထား များကို ပြင်ဆင်ရန်လိုအပ်ပါသည်။ အိမ်ခြံမြေဝယ်ယူမည်ဆိုပါက မိမိဝယ်ယူမည့်အိမ်ခြံမြေအကြောင်းကို ဖော်ပြရန်လိုအပ်ပါသည်။ လုပ်ငန်းသုံးချေးငွေလျှောက်ထားမည်ဆိုပါက ငွေကြေးအထောက်အထား၊ အခွန်ဆောင်ထားသည့်အချက်အလက်များ၊ လုပ်ငန်းအစီအစဉ်နှင့် လုပ်ငန်းပိုင်ရှင်များထံမှ အာမခံချက် လိုအပ်ပါသည်။  

၄။ ချေးငွေလျှောက်လွှာကိုဖြည့်ပါ: ချေးငွေလျှောက်လွှာအား အင်တာနက်မှဖြစ်စေ၊ ဖုန်း သို့မဟုတ် လူကိုယ်တိုင်ဖြစ်စေ ဖြည့်နိုင်ပါသည်။   

၅။ အတည်ပြုချက်ကိုစောင့်ပါ: ချေးငွေထုတ်ပေးမည့်အဖွဲ့အစည်းမှ မိမိလျှောက်လွှာနှင့် ချေးငွေဆိုင်ရာ အဆင့်သတ်မှတ်ချက်ကိုစစ်ဆေးပြီး ချေးငွေပမာဏမည်မျှထုတ်ပေးမည်ကို အတည်ပြုပေးပါမည်။  

၆။ ချေးငွေဆိုင်ရာစည်းမျဉ်းစည်းကမ်းကို စစ်ဆေးပြီးလက်ခံပါ: အတည်ပြုချက်ရရှိပါက ချေးငွေထုတ်ပေးသူမှ အတိုးနှုန်းထား၊ အသုံးပြုခွင့်နှုန်းထားနှင့် ပြန်လည်ပေးဆောင်ရမည့် အချိန်ကာလကို ဖော်ပြထားသည့် ချေးငွေဆိုင်ရာစည်းမျဉ်းစည်းကမ်းကို သင့်အားသိရှိစေမည်ဖြစ်သည်။ အဆိုပါ စည်းမျဉ်းများကို သဘောတူညီမှုမပြုလုပ်မီတွင် နားလည်အောင်ဖတ်ရှုစစ်ဆေးပါ။