Burmese Burmese
ဖေ‌ဖော်ဝါရီ 11, 2023

မည်သို့ငွေလွှဲနိုင်သနည်း။

ငွေလွှဲနိုင်သည့်နည်းလမ်းများကို ရှာဖွေနေပါသလား။ သင်၏အိမ်သို့ လုံခြုံစိတ်ချစွာငွေလွှဲနိုင်သည့် နည်းလမ်းများရှိသည့်အနက် အသုံးများသောနည်းလမ်း ၄ခုအား ဤဆောင်းပါးတွင်ဖော်ပြပေးသွား ပါမည်။

မျှဝေပါ။

 နိုင်ငံရပ်ခြားသို့ငွေလွှဲမည်ဆိုလျှင် သက်သာလွယ်ကူ၊ လုံခြုံစွာငွေလွှဲနိုင်မည့်နည်းလမ်းကို စဉ်းစားမိနိုင်ပါသည်။ SaverAsiaမှ မိမိအိမ်သို့ငွေလွှဲသည့်အခါကုန်ကျစရိတ်များကို နှိုင်းယှဉ်နိုင်မည့်လွယ်ကူသောနည်းလမ်းများကို ဖော်ပြပေးလိုပါသည်။ သက်သာြမန်ဆန်စွာ ငွေလွှဲနိုင်မည့်နည်းလမ်းများအကြောင်းကို ဆက်လက်ဆွေးနွေးသွား ပါမည်။   

၁။ ငွေလွှဲအော်ပရေတာများ 

၂။ မိုဘိုင်းပိုက်ဆံအိတ်များ 

၃။ ဘဏ်မှတဆင့်ငွေလွှဲခြင်းများ 

၄။ငွေသားဖြင့်ငွေလွှဲခြင်းများ 

  

ငွေလွှဲအော်ပရေတာများကိုအသုံးပြု၍ မည်သို့ငွေလွှဲနိုင်သနည်း။  

ငွေလွှဲအော်ပရေတာများမှငွေလွှဲများကို မိုဘိုင်းပိုက်ဆံအိတ်အကောင့်မှဖြစ်စေ၊ ဘဏ်အကောင့်မှဖြစ်စေ သို့မဟုတ် ငွေသားဖြစ်စေထုတ်ယူနိုင်သည်။ အော်ပရေတာများသည် နိုင်ငံအများစုတွင် ရှိနေသောကြောင့် ဤနည်းလမ်းသည် လွယ်ကူပါသည်။ ငွေလွှဲသည့်အခါ ဒစ်ဂျစ်တယ်ငွေ၊ ငွေသားနှစ်မျိုးစလုံးအားအသုံးပြုနိုင်ပြီး အကြွေးဝယ်ကဒ်၊ အင်တာနက်နှင့် အက်ပလီကေးရှင်းများမှ ငွေလွှဲနိုင်သည်။ ငွေလွှဲလက်ခံရာတွင်လည်း ငွေသားဖြင့်ဖြစ်စေ၊ ဘဏ်အကောင့်ဖြစ်စေ သို့မဟုတ် မိုဘိုင်းပိုက်ဆံအိတ်အကောင့်ဖြစ်စေ အသုံးပြုနိုင်သည်။ ငွေလွှဲအော်ပရေတာများတွင် ယေဘူယျအားဖြင့် သင့်တင်မျှတသော နိုင်ငံခြားငွေလဲနှုန်းထားများ ရှိတတ်သည်။ SaverAsiaတွင်လည်း ကြားဖြတ်ဈေးကွက်ငွေလဲနှုန်းထားများကို ဖော်ပြထားသဖြင့် မည်သည့် ငွေလွှဲအော်ပရေတာတွင် သင်၏ငွေလွဲအတွက် အကောင်းဆုံးနှုန်းထားရှိသည်ကို သိရှိနိုင်ပါသည်။  

ငွေလွှဲအော်ပရေတာများ: MoneyGram,Western Union, Ria,  WorldRemit, MoneyMatch, Remitly,  Instarem.   

 

 

မိုဘိုင်းပိုက်ဆံအိတ်များကိုအသုံးပြု၍ မည်သို့ငွေလွှဲနိုင်သနည်း။  

ဤနည်းလမ်းကို မိုဘိုင်းပိုက်ဆံအိတ်အကောင့်တစ်ခုမှ အခြားတစ်ခုသို့ငွေလွှဲသည့်အခါ အသုံးများပြီး မိုဘိုင်းပိုက်ဆံအိတ်မှငွေလွှဲကို ငွေလွှဲအော်ပရေတာများတွင်လည်းထုတ်ယူနိုင်ပါသည်။ ငွေလွှဲအော်ပရေတာ များသည် သင်ငွေလွှဲမည့်နိုင်ငံရှိ မိုဘိုင်းပိုက်ဆံအိတ်ကုမ္ပဏီများနှင့် ပါတနာချိတ်ဆက်ထားတတ်သည်။ မိုဘိုင်း ပိုက်ဆံအိတ်မှတဆင့်ငွေလွှဲများကို ငွေသား သို့မဟုတ် ဒစ်ဂျစ်တယ်ငွေဖြင့် လက်ခံရယူနိုင်ပြီး အက်ပလီကေးရှင်းမှတဆင့် သို့မဟုတ် ATM စက်များ သို့မဟုတ် အေးဂျင့်များမှတဆင့်ငွေလွှဲရယူနိုင်သည်။ အကောင့်ဖွင့်ခ၊ ထိန်းသိမ်းခအတွက် ဝန်ဆောင်မှုကြေးများမရှိသော်ကြောင့် သက်သာချောင်ချိသော နည်းလမ်း ဖြစ်ပါသည်။ ထို့အပြင် အကောင့်ထဲရှိ မိုဘိုင်းပိုက်ဆံအား မိမိနေရပ်တွင်ရှိသော အခြားသူများထံသို့လည်း ငွေလွှဲ ပြုလုပ်နိုင်ပါသည်။ မိုဘိုင်းပိုက်ဆံအိတ်အကောင့်သည် သင်၏ဖုန်းနံပါတ်နှင့်ချိတ်ဆက်ထားပြီး ငွေလွှဲမှုတိုင်း အတွက် လုံခြုံရေးကုဒ်ဖြင့် ကာကွယ်ထားသောကြောင့် ငွေလွှဲလုပ်ငန်းစဉ်သည် အလွန်လုံခြုံမှုရှိပါသည်။ အက်ပလီကေးရှင်းအားဒေါင်းလုတ်ဆွဲပြီး အကောင့်ဖွင့်လိုက်ရုံဖြင့် ငွေလွှဲနိုင်ပြီဖြစ်ပါသည်။  

မိုဘိုင်းပိုက်ဆံအိတ်ကုမ္ပဏီများ : GCash (Philippines), Wing (Cambodia), True Money (ASEAN), LinkAja (Indonesia).    

 

ဘဏ်မှတဆင့် မည်သို့ငွေလွှဲနိုင်သနည်း။  

ဘဏ်မှတဆင့်ငွေလွှဲသည့်အခါ ဘဏ်အကောင့်တစ်ခုမှတစ်ခုသို့ ငွေလွှဲနိုင်ပါသည်။ သင်နေထိုင်သည့်နိုင်ငံတွင် သင့်ဘဏ်အကောင့်ရှိနေပြီး မိမိငွေလွှဲလိုသည့်နိုင်ငံတွင် သင့်မိသားစုတစ်ဦး၏ဘဏ်အကောင့်ရှိလျှင် ဤနည်းလမ်းသည် ကောင်းမွန်သောရွေးချယ်မှုဖြစ်နိုင်ပါသည်။ ဘဏ်အကောင့်ဖွင့်ခနှင့် ထိန်းသိမ်းခ ဝန်ဆောင်မှု ကြေးများရှိတတ်သော်လည်း လုံခြုံစိတ်ချရပြီး အင်တာနက်ပေါ်မှတဆင့်၊ အက်ပလီကေးရှင်းမှတဆင့် လွယ်ကူစွာဆောင်ရွက်နိုင်သော ဝန်ဆောင်မှုများကိုရရှိနိုင်ပါသည်။ ဘဏ်၏နိုင်ငံခြားငွေလဲနှုန်းများသည် အခြားငွေလဲနှုန်းထားများနှင့် ကွာခြားလေ့ရှိသဖြင့် လေ့လာထားလျှင် အထောက်အကူဖြစ်နိုင်ပါသည်။    

ဘဏ်များ: သင်ငွေလွှဲပို့သည့်နိုင်ငံနှင့် သင့်ငွေလွှဲလက်ခံမည့်နိုင်ငံပေါ်တွင် မူတည်သည်။    

 

ငွေသားဖြင့် မည်သို့ငွေလွှဲနိုင်သနည်း။ 

သင်၏အိမ်ရှိမိသားစု၊ သူငယ်ချင်းများထံ ငွေသားဖြင့် ငွေလွှဲလိုပါက ဝန်ဆောင်မှုဌာနတစ်ခုခုအားဖြင့် ငွေလွှဲ နိုင်ပါသည်။ (ဥပမာ – အပေါ်တွင်ရှင်းပြထားသကဲ့သို့ ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ငွေလွှဲအော်ပရေတာ သို့မဟုတ် ဘဏ်များ) ထို့အပြင် အိမ်သို့ပြန်သည့်အခါ ငွေသားသယ်ယူသွားနိုင်သည်။ ငွေသားသယ်ယူခြင်းသည် ဈေးသက်သာသည်ဟုထင်ရသော်လည်း လုံခြုံမှုအနည်းဆုံးနည်းလမ်းဖြစ်သည်။ ငွေလွှဲခပေးရန်မလိုသော်လည်း ပြည်တွင်းငွေလဲကောင်တာများသည် မိမိပိုက်ဆံအတွက် အကောင်းဆုံးငွေလဲနှုန်းထား ပေးနိုင်မည်မဟုတ်ပေ။ ထို့အပြင် ဈေးကွက်ပေါက်ဈေးများကို ဖော်ပြထားလေ့ မရှိသဖြင့် ငွေလဲသည့်အခါ ပေါက်ဈေးအမှန်ကိုသိနိုင်ရန် ခက်ခဲမည်ဖြစ်ပြီး ငွေလဲနှုန်းထားအနည်းငယ်ကိုသာ ရရှိနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏နှိုင်းယှဉ်ပြဇယား  

(SaverAsia compare tool) ကိုအသုံးပြု၍ ငွေသားဖြင့်ငွေလွှဲနိုင်သည့် အကောင်းဆုံးသောငွေလွှဲအော်ပရေတာ များ ရှာဖွေလိုက်ပါ။  

ဤဆောင်းပါးသည် မိမိ၏စုငွေများတိုးတက်စေမည့် နည်းလမ်းကောင်းများရွေးချယ်နိုင်ရန် အထောက်အကူပြုမည်ဟု မျှော်လင့်ပါသည်။   

အဆင်ပြေချောမွေ့စွာငွေလွှဲနိုင်ပါစေ