Burmese Burmese
ဖေ‌ဖော်ဝါရီ 6, 2023

နိုင်ငံခြားငွေလဲနှုန်းထားဆိုသည်မှာ အဘယ်နည်း။

နိုင်ငံခြားငွေလဲနှုန်းထားအကြောင်းနှင့် ငွေလွှဲဝန်ဆောင်မှုအော်ပရေတာများ၊ ဘဏ်များ၏ငွေလွှဲနှုန်း ထားများကို မည်သို့ဖတ်ရှုနိုင်ကြောင်း သိရှိလိုပါသလား။ ကျွန်ုပ်တို့၏နောက်ဆုံးဆောင်းပါးတွင် အထက်ပါအကြောင်းအရာများနှင့်ပတ်သက်၍ ဖတ်ရှုလေ့လာနိုင်ပါသည်။

မျှဝေပါ။

င်ငံခြားငွေလဲနှုန်းထား သို့မဟုတ် forex ဆိုသည်မှာ သင်၏ပြည်တွင်းသုံးငွေကြေးဖြင့် နိုင်ငံခြားငွေကို ဝယ်ယူ သည့်အခါ မည်မျှဝယ်ယူနိုင်ကြောင်းဖော်ပြသည့်ကိန်းဂဏန်းဖြစ်ပါသည်။ နိုင်ငံရပ်ခြားတွင်နေထိုင်သည့် သင်၏ မိသားစုဝင်များကို ငွေလွှဲသည့်အခါ ပြည်တွင်းသုံးငွေကြေးမှ နိုင်ငံခြားငွေအဖြစ်သို့ မည်မျှလွှဲပြောင်းနိုင်ကြောင်း ဖော်ပြသည့်ကိန်းဂဏန်းလည်း ဖြစ်ပါသည်။  

ဥပမာအားဖြင့်ဆိုရလျှင်    

သင်သည် ဩစတေးလျဒေါ်လာ(AUD) မှ ဖိလစ်ပိုင်ပီဆိုငွေ (PHP) အဖြစ် ငွေလွှဲလိုသည်ဟု ဆိုကြပါစို့။ သင်၏ ပြည်တွင်းသုံးငွေကြေးသည် AUD ဖြစ်ပြီး နိုင်ငံခြားငွေမှာ PHP ဖြစ်သည်။ အဆိုပါငွေကြေးနှစ်ခုအတွက် 

ငွေလွှဲနှုန်းမှာ 1AUD = 38 PHP ဖြစ်ပြီး အဓိပ္ပါယ်မှာ ၁ဒေါ်လာဖြင့် ၃၈ ပီဆိုငွေအား ဝယ်ယူနိုင်သည်။ အကယ်၍ ဖိလစ်ပိုင်ရှိမိသားစုဝင်များကို ဒေါ်လာ ၂၅၀ ငွေလွှဲ မည်ဆိုပါက ဒေါ်လာ ၂၅၀ကို ၃၈ ပီဆိုဖြင့်မြှောက်ရမည် ဖြစ်ပြီး သင်၏မိသားစုဝင်များသည် ၉,၅၀၀ ပီဆိုငွေ ရရှိမည်ဖြစ်သည်။ (250 AUD x 38 PHP).  

 

နိုင်ငံခြားငွေလဲနှုန်းထားများကို မည်သို့ဖတ်ရှုရမည်နည်း။   

နိုင်ငံခြားငွေလဲနှုန်းထားများကို အများအားဖြင့် ဘဏ်များ သို့မဟုတ် နိုင်ငံခြားငွေလွှဲဝန်ဆောင်မှု အော်ပရေတာများ (MTO) တွင် ဖော်ပြလေ့ရှိသည်။ အောက်ပါဇယားတွင် မည်ကဲ့သို့ဖတ်ရှုနိုင်ကြောင်း ရှင်းပြထားပါသည်။   

 

နိုင်ငံခြားငွေလဲနှုန်းထားဖော်ပြခြင်း  အနက်အဓိပ္ပါယ် 
ကျွန်ုပ်ဝယ်လိုသည့်အခါ ဘဏ်မှအရောင်းနှုန်း 

 

ဘဏ် သို့မဟုတ် နိုင်ငံခြားငွေလွှဲအော်ပရေတာများသည် ပြည်တွင်းသုံး ငွေကြေးနှင့်ကိုက်ညီသည့် နိုင်ငံခြားသုံးငွေကြေးအား ရောင်းချခြင်းဖြစ်သည်။ 

ဥပမာအားဖြင့်: သင်သည် ဖိလစ်ပိုင်နိုင်ငံသို့ ငွေလွှဲခြင်း သို့မဟုတ် ခရီးထွက်လိုသဖြင့် ဖိလစ်ပိုင်ပီဆိုအား ဝယ်ယူလိုသည်ဟု ဆိုကြပါစို့။ အဓိပ္ပါယ်မှာ သင်သည် ပြည်တွင်းသုံးငွေကြေး ဩစတေးလျဒေါ်လာဖြင့် နိုင်ငံခြားငွေကြေး ဖိလစ်ပိုင်ပီဆိုငွေအား ‘ဝယ်ယူလိုခြင်း’ ဖြစ်သည်။ သိုမဟုတ် ဩစတေးလျ ဒေါ်လာအတွက် ဖိလစ်ပိုင်ပီဆိုငွေကို ‘ဘဏ်မှရောင်းချခြင်း’ ဖြစ်သည်။   

ကျွန်ုပ်ရောင်းလိုသည့်အခါ ဘဏ်မှအဝယ်နှုန်း 

 

ဘဏ် သို့မဟုတ် နိုင်ငံခြားငွေလွှဲအော်ပရေတာများသည် ပြည်တွင်းသုံး ငွေကြေးနှင့်ကိုက်ညီသည့် နိုင်ငံခြားသုံးငွေကြေးအား ဝယ်ယူခြင်းဖြစ်သည်။ 

ဥပမာအားဖြင့်: သင်သည် ဖိလစ်ပိုင်နိုင်ငံမှ ဩစတေးလျနိုင်ငံသို့ ပြန်လာသည့်အခါ သင့်ထံတွင် ဖိလစ်ပိုင်ပီဆိုငွေ လက်ကျန် ရှိနေသည်ဟုဆိုကြပါစို့။ အဓိပ္ပါယ်မှာ သင်သည် အဆိုပါ နိုင်ငံခြားပီဆိုငွေကို ပြည်တွင်းသုံးငွေကြေး ဩစတေးလျဒေါ်လာ အဖြစ် ‘ရောင်းချလိုခြင်း’ ဖြစ်သည်။ သို့မဟုတ် ဖိလစ်ပိုင်ပီဆိုငွေအတွက် ဩစတေးလျဒေါ်လာဖြင့် ‘ဘဏ်မှဝယ်ယူခြင်း’ ဖြစ်သည်။   

  

 

ကြားဖြတ်ဈေးကွက်ငွေလဲနှုန်းထားဆိုသည်မှာ အဘယ်နည်း။   

မတူညီသည့်ငွေကြေးနှစ်ခု၏ ငွေလဲနှုန်းထား ‘အရောင်း’ နှင့် ‘အဝယ်’ ကြားတွင် အချိန်မရွေးဖြစ်ပေါ်နေသည့် ကြားဖြတ်နှုန်းထားဖြစ်သည်။ သို့ဖြစ်၍ အဆိုပါနှုန်းထားများသည် ငွေကြေးများ၏ရောင်းလိုအားနှင့်ဝယ်လိုအား အပေါ် မူတည်၍ အမြဲပြောင်းလဲနေသည်။  

 

ဘဏ်နှင့် နိုင်ငံခြားငွေလွှဲအော်ပရေတာများတွင် တွေ့ရသည့်ငွေလဲနှုန်းထားများသည် ကြားဖြတ်ဈေးကွက် ငွေလဲနှုန်းထားနှင့် ကွာြခားနေသည်မှာ အဘယ်ကြောင့်နည်း။  

ကြားဖြတ်ဈေးကွက်ငွေလဲနှုန်းထားသည် ဘဏ်နှင့် နိုင်ငံခြားငွေလွှဲအော်ပရေတာများတွင် တွေ့ရသည့် ငွေလဲနှုန်းထားများနှင့် ကွာခြားလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါအဖွဲ့အစည်းများသည် ငွေလွှဲခြင်းလုပ်ငန်းစဉ်များမှ အကျိုးအမြတ်ရရှိနိုင်ရန် ငွေလဲနှုန်းထားများကို လက်ရှိပေါက်ဈေးထက် မြှင့်ထားလေ့ရှိသောကြောင့် ဖြစ်သည်။  

 

နိုင်ငံခြားငွေလဲနှုန်းထားများအကြောင်းကိုနားလည်ထားရန် အရေးကြီးပါသည်။ အထူးသဖြင့် မိမိအိမ်သို့ ငွေလွှဲသည့်အခါ နားလည်ထားသင့်ပါသည်။ ကံကောင်းစွာဖြင့် အကောင်းဆုံးသော နိုင်ငံခြားငွေလဲနှုန်းထားများ ကိုရှာဖွေရာတွင် ပိုမိုလွယ်ကူလာစေရန် နိုင်ငံခြားငွေလဲနှုန်းထားများနှိုင်းယှဉ်ပေးသော SaverAsia ရှိနေပြီ ဖြစ်သည်။ ကျွန်ုပ်တို့၏နိုင်ငံခြားငွေလဲနှုန်းထားများနှိုင်းယှဉ်ပေးသော ဝန်ဆောင်မှုအစီအစဉ်ကို SaverAsia အက်ပလီကေးရှင်း သို့မဟုတ် အင်တာနက်စာမျက်နှာကို အသုံးပြု၍ အခမဲ့ရရှိနိုင်ပြီဖြစ်သည်။ မိမိအိမ်သို့ ငွေမလွှဲခင် မိမိအတွက်အကောင်းဆုံးဖြစ်မည့် ဘဏ်သို့ နိုင်ငံခြားငွေလွှဲအော်ပရေတာများကို ရွေးချယ်နိုင်ပါသည်။  

အဆင်ပြေချောမွေ့စွာ ငွေလွှဲနိုင်ပါစေ။