Burmese Burmese
ဖေ‌ဖော်ဝါရီ 8, 2023

အငြိမ်းစားယူရန်အတွက် မည်ကဲ့သို့ပြင်ဆင်ထားရမည်နည်း။

အနာဂတ်တွင် အငြိမ်းစားယူရန်အတွက် မည်သို့ပြင်ဆင်သင့်သည်ကို စဉ်းစားနေပါသလား။ အငြိမ်းစား ယူရန်အတွက် စောနိုင်သမျှအစောဆုံးပြင်ဆင်ထားနိုင်ပါသည်။ မိမိ၏အနာဂတ်အတွက်ပြုလုပ်ထားနိုင် သည့် ကြိုတင်ပြင်ဆင်မှုများကိုသိရှိနိုင်ရန် ကျွန်ုပ်တို့၏ဆောင်းပါးတွင်လေ့လာကြည့်ပါ။

မျှဝေပါ။

အငြိမ်းစားယူရန် အလှမ်းဝေးသည်ဟုထင်ရသော်လည်း စောစီးစွာပြင်ဆင်ထားလျှင် မိမိအတွက် အထောက်အကူပြုနိုင်သည်။ မိမိသည် အသက် ၂၀ဖြစ်စေ၊ ၃၀ သို့မဟုတ် ၅၀ဖြစ်စေ ရေရှည်အတွက် အကျိုးရှိမည့်ပြင်ဆင်မှုများပြုလုပ်ထားနိုင်သည်။ မည်ကဲ့သို့အစပြုရမည်ကိုသေချာစွာမသိရှိပါက မိမိကိုယ်ကို အောက်ပါမေးခွန်းများကိုမေးကြည့်ပါ။  

၁။ မိမိထံတွင် စုဆောင်းငွေရှိပါသလား။  

၂။အငြိမ်းစားယူရန်အတွက် ငွေစုနိုင်ရန် မည်သို့ဘတ်ဂျက်ရေးဆွဲရမည်နည်း။  

၃။ အကြွေးယူထားပါသလား။ 

၄။အနာဂတ်အတွက် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျငွေကို မည်သို့ပြင်ဆင်ထားနိုင်သနည်း။ 

  

စောစောစီးစီးငွေစုဆောင်းခြင်းသည် အငြိမ်းစားယူရန်အဓိကသော့ချက်ဖြစ်သည်။  

အငြိမ်းစားယူသည့်အခါ သင်၏ဝင်ငွေ၊ထွက်ငွေသည် ယနေ့ထက်လျော့နည်းမည်ဖြစ်သည်။ ကျန်းမာရေး ပြဿနာကြောင့် အလုပ်မလုပ်နိုင်သောအခါ သို့မဟုတ် အလုပ်မှအနားယူရန်အချိန်တန်သည့်အခါ စောစီးစွာ အငြိမ်းစားယူချင်မည်ဖြစ်သည်။ 

အကယ်၍ သင့်ထံတွင် အငြိမ်းစားယူရန်စုဆောင်းငွေမရှိသေးလျှင် ယခုပင်အစပြုလိုက်ပါ။ စောစောငွေစုလျှင် အငြိမ်းစားယူမည့်အချိန်တွင် ငွေ‌ပမာဏပိုမိုစုဆောင်းမိမည်ဖြစ်သည်။  

ငွေကြေးဆိုင်ရာအကြံပေးနှင့်ဆွေးနွေးတိုင်ပင်ပြီး အငြိမ်းစားယူသည့်အခါလိုအပ်နိုင်သည့် စုဆောင်းရမည့်ငွေ ပမာဏကိုတွက်ချက်ထားနိုင်သည်။ အဆိုပါငွေပမာဏသည် အငြိမ်းစားယူပြီးနောက် မိမိနေထိုင်လိုသည့် နေထိုင်မှုပုံစံ၊ နေထိုင်စရိတ်နှင့် ဖြစ်လာနိုင်သည့်ကျန်းမာရေးအခြေအနေပေါ်တွင်မူတည်ပါသည်။  

 

မိမိသုံးငွေဘတ်ဂျက်ကိုရေးဆွဲပြီး ထိုဘတ်ဂျက်အတိုင်းသာသုံးစွဲပါ။  

အငြိမ်းစားယူရန်အတွက်ပြင်ဆင်ရာတွင် ပထမဆုံးခြေလှမ်းမှာ အစားအသောက်၊ လမ်းစရိတ်၊ အဝတ်အထည် နှင့် ပျော်ပွဲရွှင်ပွဲအတွက် မိမိသုံးစွဲသည့်ငွေပမာဏပါဝင်သော ဘတ်ဂျက်ရေးဆွဲရန်ဖြစ်သည်။ အဆိုပါဘတ်ဂျက် တွင် အကြွေးဝယ်ကဒ် သို့မဟုတ် ကျောင်းသားချေးငွေများ စသဖြင့် မိမိရယူထားသော ချေးငွေများကိုပါ ထည့်သွင်းတွက်ချက်ရန်လိုအပ်ပါသည်။ ဘတ်ဂျက်တွက်ချက်မှုပြုလုပ်ပေးသော ကျွန်ုပ်တို့၏ SaverAsia ကိုအွန်လိုင်းစာမျက်နှာမှတဆင့် အသုံးပြုနိုင်ပြီး ကျွန်ုပ်တို့၏ဝန်ဆောင်မှုတွင် လူကြီးမင်း၏ ထွက်ငွေများကို မှတ်သားထားပေးခြင်းဖြင့် လူကြီးမင်းသုံးစွဲငွေသည် လစဉ်သတ်မှတ်ထားသော ဘတ်ဂျက်ပမာဏအတွင်း ရှိနေစေရန် ကူညီပေးနိုင်ပါသည်။  

ဥပမာအားဖြင့်- လူကြီးမင်းသည် အခြေခံလိုအပ်ချက်နှင့် ကားဆီအတွက် လစဉ် ဒေါ်လာ၁၅၀၀ အသုံးပြုလို သော်လည်း ကားဆီမှာ တစ်ပတ်လျှင် ဒေါ်လာ ၃၀၀ခန့်ကုန်ကျနိုင်သဖြင့် မိမိအသုံးပြုရန် စုစုပေါင်း ဒေါ်လာ ၂၉၀၀ အားဘဏ်တွင်ထားရှိခြင်းဖြင့် ငွေပိုငွေလျှံအနည်းငယ် (ဒေါ်လာ ၃၀၀ခန့်) ကျန်မည့်အပြင် မိမိမျှော်မှန်း ထားသည့် ကုန်ကျငွေကိုလည်း လုံလောက်စွာပေးချေနိုင်မည်ဖြစ်သည်။ ငွေစုရာတွင်လည်း အလားတူပင် ဖြစ်သည်။ မိမိအတွက် အရေးကြီးသည့်ထွက်ငွေကိုချန်ထားပြီး လစဉ်သတ်မှတ်ထားသောစုငွေကို စုဆောင်းရန် ဖြစ်သည်။   

 

အကြွေးဆပ်ပါ။   

သင့်ထံတွင်အကြွေးရှိပါက ဆပ်ရန်အရေးကြီးပါသည်။ အကြွေးတင်ခြင်းသည် အငြိမ်းစားစုဆောင်းငွေကို ဆွဲချသွားနိုင်ပြီး သင်၏ဘဝနေထိုင်မှုအဆင့်အတန်းနှင့် သင့်ပတ်ဝန်းကျင်ရှိလူများ၏ဘဝကိုပင် ပြဿနာ ဖြစ်စေနိုင်သည်။ 

အကြွေးဆပ်ပါဟုဆိုသည့်အခါ အကြွေးဝယ်ကဒ်များ သို့မဟုတ် ချေးငွေများ၏အတိုးများကို ဆပ်မည့်အစား မိမိဘဝကိုတိုးတက်စေနိုင်သည့်အရာများတွင် မိမိငွေကိုသုံးစွဲသင့်ပါသည်။ မိသားစုနှင့်အတူ အပန်းဖြေခရီးထွက် ခြင်း၊ သင့်ဧည့်ခန်းရှိပရိဘောဂများကိုလဲလှယ်ခြင်းအတွက် မိမိငွေကို အသုံးပြုသင့်သည်။   

အကြွေးဆပ်နည်း အမျိုးမျိုးရှိပါသည်။ အချို့မှာ ချေးငွေတစ်ခုပြီးမှတစ်ခုဆပ်ပြီး အချို့မှာမူ ချေးငွေအားလုံး ပေါင်း၍ တပြိုင်နက်ဆပ်ကြသည်။ သင့်အတွက် အဆင်ပြေသည့်နည်းလမ်းမှာ မည်သည့်အရာဖြစ်စေကာမူ သို့မဟုတ် မည်သို့လုပ်ဆောင်ရန်ဆုံးဖြတ်စေကာမူ ရှေးဦးစွာမည်သည်ကိုဦးစားပေးဆောင်ရွက်သင့်ကြောင်း လေ့လာရပါမည်။  

 

ကျန်းမာရေးစောင့်ရှောက်မှုစရိတ်အတွက်ပြင်ဆင်ခြင်း   

အငြိမ်းစားယူရန်ပြင်ဆင်သည့်အခါ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်မြင့်မားလာခြင်းသည် လူအများစုအတွက် အဓိကစိုးရိမ်စရာအကြောင်းဖြစ်လာသည်။ အကယ်၍ကျန်းမာရေးအာမခံများမရယူထားပါက ကျန်းမာရေး ဝန်ဆောင်မှုအတွက် အိတ်ကပ်ထဲမှစိုက်ထုတ်ရမည်ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ကိုဖြေရှင်းရန် ကျန်းမာရေးစုငွေအကောင့်များအသုံးပြုနိုင်သည်။ ဤစုငွေအကောင့်တွင် စုဆောင်းသည့်ငွေသည် အခွန် ကင်းလွတ်ခွင့်ရရှိပြီး အရည်အချင်းပြည့်မှီသောကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးပြုသည့်အခါတွင် လည်း အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။ သင်၏နိုင်ငံတွင်းရရှိနိုင်သော ကျန်းမာရေးစုငွေနှင့်ပတ်သက်သည့် ရွေးချယ်စရာများနှင့် အများပိုင်ကျန်းမာရေးအာမခံများကို လေ့လာကြည့်ပါ။  

 

နိဂုံး 

အငြိမ်းစားယူရန်ပြင်ဆင်သည့်အခါ အကောင်းဆုံးသောငွေစုနိုင်သည့်နည်းလမ်းမှာ ထွက်ငွေထက် ဝင်ငွေ များပြားရန်ဖြစ်သည်။ သင်၏ထွက်ငွေအား လျှော့ချလို့ရသည့်နည်းလမ်းများကိုတွေးကြည့်ပါ။ သို့မှသာ ပိုမိုလျင်မြန်ထိရောက်စွာ ငွေစုဆောင်းနိုင်မည်ဖြစ်သည်။ လက်ရှိလုပ်ကိုင်သည့်အလုပ်မှ ပိုက်ဆံပိုမိုရရှိနိုင်မည့် နည်းလမ်းများကိုရှာဖွေခြင်း သို့မဟုတ် အချိန်ပိုင်းအလုပ်များလုပ်ကိုင်ခြင်းဖြင့် မိမိ၏ဝင်ငွေကိုလည်း တိုးပွားစေပါ။