Burmese Burmese
ဒီဇင်ဘာ 18, 2022

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားများနေ့အား ဆင်နွှဲကျင်းပခြင်း

မျှဝေပါ။

ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားများနေ့ပဲ ဖြစ်ပါတယ်။ ဒီနေ့ကိုဆင်နွှဲကျင်းပရခြင်းမှာ မိမိကိုယ်တိုင်နဲ့ မိိမိရဲ့ မိသားစုဝင်တွေအတွက် ပိုမိုကောင်းမွန်တဲ့ နေထိုင်မှုဘဝပုံစံရရန် နိုင်ငံရပ်ခြားကို ပြောင်းရွှေ့လုပ်ကိုင်သူတို့ရဲ့ ကူညီထောက်ပံ့ပေးမှုများနှင့် စွန့်လွှတ်အနစ်နာခံမှုတို့ကို ရည်ရွယ်ပြီးတော့ ကျင်းပရခြင်းဖြစ်ပါတယ်။ 

 

ရွှေ့ပြောင်းလုပ်သားတို့သည် စိတ်ဓာတ်မာကျောပြီး ဒူပေနာပေခံနိုင်ကြပါသည်။ SaverAsia မှ အခုလိုမျိုး ဘဝတက်လမ်းရှာနေကြပြီး ရင်ဆိုင်လာရသမျှပြဿနာတို့ကို ဘဝတက်လမ်းအတွက် ကြိုးပမ်းကာ ရင်ဆိုင်နေကြသော ရွှေ့ပြောင်းလုပ်သားအချို့နှင့် တွေ့ကြုံသိရှိခဲ့ရသည်ကိုလည်း ဝမ်းမြောက်မိပါသည်။ လုပ်သားတို့သည် အလုပ်ချိန်ပုံမှန်ထက်ကြာကြာ လုပ်ရသော်လည်း ဝင်ငွေနည်းစွာလက်ခံရရှိမှု၊ နိုင်ငံရပ်ခြားတွင် နေထိုင်၊ လုပ်ကိုင်နေရသည့်အခြေအနေတို့ကို ရင်ဆိုင်ကျော်လွှားနေကြရသည်။ 

 

ရွှေ့ပြောင်းလုပ်သားတို့၏ ရင်ဆိုင်ကြုံတွေ့နေရသည့် ပြဿနာများမှ တစ်ခုမှာ နိုင်ငံရပ်ခြားတွင် ငွေကြေးစီမံခန့်ခွဲရခြင်းဖြစ်သည်။ ငွေလဲနှုန်း၊ ငွေလွှဲခနှငိ့ အခြားသော ငွေရေးကြေးရေးကိစ္စတို့ဟာ ရွှေ့ပြောင်းလုပ်သားတစ်ယောက် သူ၏ မိသားစု၊ ချစ်ရသူများဆီသို့ ငွေလွှဲပို့ပေးရာတွင် အခက်အခဲများစွာဖြစ်စေပါသည်။ 

 

အခုလိုမျိုးအခြေအနေတို့ကို ကူညီပေးဖို့ SaverAsia ရှိနေတာပါ။ ငွေကြေးဆိုင်ရာအကြာင်းအရာတို့နှင့် ငွေလဲနှုန်းထားတို့ကို နှိုင်းယှဉ်ရာ Site တစ်ခုအနေနှင့် ရွှေ့ပြောင်းလုပ်သားတို့ရဲ့ ကြိုးပမ်းကာရှာဖွေထားသော ငွေကြေးတို့ကို အကောင်းဆုံးနှုန်းထား၊ အခြေအနေရစေရန် SaverAsia မှ ကူညီပေးရန် အဆင်သင့်ပဲဖြစ်ပါတယ်။ SaverAsia မှာ လုပ်သားတို့ သူတို့၏ မိသားစု၊ ချစ်ရသူတို့ကို ငွေလွှဲပို့ပေးရာတွင် အကောင်းဆုံးနှုန်းထားများ ရရှိစေရန် နှိုင်းယှဉ်ကူညီပေးသည့် လုပ်ဆောင်မှု နှင့် အရင်းအမြစ်တို့ပါဝင်ပါသည်။ 

 

ရွှေ့ပြောင်းလုပ်သားတို့ အသုံးပြုသော ငွေလွှဲဝန်ဆောင်မှုတို့၍ နှုန်းထားတို့သည် လုပ်သားတို့ရဲ့ အိမ်နိုင်ငံ၊ မိသားစုနေထိုင်ရာနိုင်ငံ၏ ငွေကြေးကိုလွှဲပြောင်းရာတွင် ငွေကြေးနှုန်းထားများ ကွာခြားနိုင်ပါသည်။ ယခုကဲ့သို့သော လုပ်သားတို့ လွှဲပြောင်းပေးလိုက်သည့် ငွေကြေးတို့သည် ၄င်းတို့၏ မိသားစုဝင်တို့၏ ဘဏ္ဍာရေးကို အကူအညီပေးထောက်ပံ့နေပါသည်။ ယခုကဲ့သို့သော ငွေကြေးတို့သည် ကမ္ဘာ့စီးပွါးရေးအတွက်လည်း အရေးပါသောအရာတစ်ခုဖြစ်ပြီး World Bank ၏ ခန့်မှန်းခြေအရ နိုင်ငံတကာငွေလွှဲဝန်ဆောင်မှုမှ ငွေလွှဲပြောင်းမှုဟာ 2022 တွင် အမေရိကန်ဒေါ်လာ 626 ဘီလီယံရှိပါသည်။ 

 

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းလုပ်သားများနေ့မှာ နိုင်ငံတကာရှိ ရွှေ့ပြောင်းလုပ်သားတို့နှင့် ၄င်းတို့၏ မိသားစုတို့အတွက် SaverAsia မှ ထောက်ခံအားပေးနေကြောင်း အသိပေးချင်ပါသည်။ လုပ်သားတို့၏ ကြိုးပမ်းအားထုတ်မှုတို့နှင့် ၄င်းတို့၏ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်းဆိုင်ရာတို့ကို ကူညီပေးရန် SaverAsia မှ တတ်နိုင်သမျှကြိုးစားပေးနေပါသည်။ ရွှေ့ပြောင်းလုပ်သားတို့နှင့် ၄င်းတို့၏ မိသားစုဝင်၊ ချစ်ရသူတို့အတွက် SaverAsia မှ တတ်နိုင်သမျှ အမြဲကြိုးစားအားထုတ်ပေးနေပါမည်။