Mass Express သည် စင်္ကာပူအခြေစိုက် တရားဝင်ငွေလွှဲကုမ္ပဏီတစ်ခုဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရ်ှ၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ဗီယက်နမ်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ ငွေလွဲနိုင်သည်။ ဝန်ဆောင်မှုများတွင် ငွေသားနှင့်သော်လည်းကောင်း၊ ဘဏ်တွင်ငွေအပ်နှံ၍ အခြားငွေလွှဲစနစ်များဖြင့်သော်လည်းကောင်း ဆောင်ရွက်နိုင်သည်။ ယင်းတို့၏ ၀န်ဆောင်မှုများကို ပိုမိုသိရှိလိုပါက Mass Express ဝက်ဘ်ဆိုက်သို့ဝင်ရောက် လေ့လာနိုင်သည်။