SpeedSend သည် CIMB ဘဏ်က ဆောင်ရွက်နေသော ငွေလွှဲပေးလုပ်ငန်းတစ်ခု ဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ သြစတြေးလျ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဘင်္လားဒေ့ရှ်အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် ငွေလွှဲခြင်းနှင့် ငွေလက်ခံခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ရရှိနိုင်သော ဝန်ဆောင်မှုများမှာ ငွေလွှဲအမျိုးအစားအလိုက် ငွေသားအချင်းချင်း လွှဲပို့ခြင်း၊ ငွေသားမှ ဘဏ်စာရင်းထဲသို့ လွှဲပို့ခြင်း၊ ဘဏ်စာရင်းမှာ ငွေသားဖြင့်လွှဲပို့ခြင်းတို့ ပါဝင်ပါသည်။ SpeedSend အကြောင်း ပိုမိုသိရှိလိုပါက် CIMB ဘဏ်၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။