MAP ဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများကို စွမ်းရည်မြှင့်တင်ပေးနေသည့် အစိုးရမဟုတ်သော လူထုအခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်ပြီးသည်။ MAP ဖောင်ဒေးရှင်းက ဆောင်ရွက်လျက်ရှိသော အားလုံးအတွက် အလုပ်သမားအခွင့်အရေး (LRA) အစီအစဉ်က ဉပဒေရေးရာ အကူအညီများနှင့် စပ်လျဉ်းပြီး ပညာပေးဆောင်ရွက်ချက်များကို စီမံချက် အမျိုးမျိုးဖြင့် ပံ့ပိုးပေးလျက်ရှိသည်။ ထို LRA စီမံချက်သည် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်သမားအခွင့်အရေး ပညာပေးမှုများ၊ ဉပဒေရေးရာအကူအညီများနှင့် ရွှေ့ပြောင်းအလုပ်သမားများကို ကာကွယ်ပေးမည့် မူဝါဒများ တောင်းဆိုနိုင်စေရန် ရည်ရွယ်ဆောင်ရွက်ထားခြင်း ဖြစ်သည်။

Map Foundation
Community
ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများကို စွမ်းရည်မြှင့်တင်ပေးနေသည့် အစိုးရမဟုတ်သည့် လူထု အခြေပြု အဖွဲ့အစည်းတစ်ခုဖြစ်သည်။
CLICK FOR ORGANISATION DETAILS