Burmese Burmese
ဖေ‌ဖော်ဝါရီ 13, 2023

MoneyGram အား အသုံးပြု၍ ငွေလွှဲခြင်းနှင့် ငွေလွှဲလက်ခံခြင်း

နိုင်ငံရပ်ခြားသို့ငွေလွှဲရန်စဉ်းစားနေပါသလား။ MoneyGramကို အသုံးပြုလိုက်ပါ! အင်တာနက်မှတဆင့် ဖြစ်စေ၊ အက်ပလီကေးရှင်းအသုံးပြု၍ဖြစ်စေ သို့မဟုတ် လူကိုယ်တိုင်ဖြစ်စေ ငွေလွှဲနိုင်ပါသည်။ ကျွန်ုပ်တို့၏ဘလော့ဂ်တွင် ငွေလွှဲနိုင်သည့်နည်းလမ်းများကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။

MoneyGram ဖြင့် ငွေပို့ပါ။

မျှဝေပါ။

MoneyGramဆိုသည်မှာအဘယ်နည်း။  

MoneyGram မှာ ငွေလွှဲဝန်ဆောင်မှုအော်ပရေတာဖြစ်ပြီး အထူးသဖြင့် နိုင်ငံတကာသို့ငွေလွှဲဝန်ဆောင်မှုပေးနေ ပါသည်။ အင်တာနက်မှဖြစ်စေ၊ အက်ပလီကေးရှင်းမှဖြစ်စေ ငွေလွှဲလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ရန် အေးဂျင့် ပေါင်း ၄သိန်းကျော်ဖြင့် ဝန်ဆောင်မှုပေးနေပါသည်။ MoneyGramအား အသုံးပြု၍ နိုင်ငံပေါင်း၂၀၀ကျော်သို့ ငွေလွှဲနိုင်ပြီး ငွေလွှဲများကို အေးဂျင့်ဆိုင်၊ ဘဏ်အကောင့်နှင့် မိုဘိုင်းပိုက်ဆံအိတ်မှတဆင့် လက်ခံရရှိနိုင်ပါသည်။  

 

MoneyGram အသုံးပြု၍ငွေလွှဲရန်အတွက် အောက်ပါလင့်ခ်ကိုနှိပ်လိုက်ပါ။ 

Want to send with MoneyGram? Click here to get started  

MoneyGram မည်သို့အလုပ်လုပ်ပါသနည်း။ 

MoneyGram သည် ငွေလွှဲသည့်အခါကုန်ကျစရိတ်ကိုလျော့ချနိုင်သည့် နည်းပညာနှင့်ဆန်းသစ်တီထွင်မှုကို အသုံးပြုထားပါသည်။ ဒီဂျစ်တယ်ပေးချေမှုဖြင့်ငွေလွှဲမှုကိုမြန်မြန်ဆန်ဆန်ပြုလုပ်စေနိုင်ရန် ဆန်းသစ်တီထွင် ထားပါသည်။ ထို့ကြောင့် MoneyGram တွင်ကုန်ကျစရိတ်သက်သာစွာနှင့် လျင်မြန်စွာငွေလွှဲနိုင်မည် ဖြစ်သည်။  

 

MoneyGram ဖြင့်မည်သို့ငွေလွှဲရမည်နည်း။   

MoneyGramအားအသုံးပြု၍ ငွေလွှဲနိုင်သည့် နည်းလမ်းသုံးခုရှိပါသည်။ အင်တာနက်စာမျက်နှာမှဖြစ်စေ၊ အက်ပလီကေးရှင်းမှဖြစ်စေ၊ အေးဂျင့်များမှတဆင့် လူကိုယ်တိုင်ငွေလွှဲခြင်းဖြစ်စေ ပြုလုပ်နိုင်သည်။  

အင်တာနက်စာမျက်နှာမှတဆင့်  

အင်တာနက်မှငွေလွှဲသည့်အခါ ငွေလွှဲခနှုန်းထားများကို လွယ်ကူစွာကြည့်ရှုနိုင်သည်။ ငွေလွှဲခြင်းပြုလုပ်နိုင်ရန် အောက်ပါအတိုင်းဆောင်ရွက်ပါ။  

၁။ စာရင်းပေးသွင်းပါ. လော့ဂ်အင်ဝင်ပါ သို့မဟုတ် အကောင့်အသစ်ပြုလုပ်ပါ။ အကောင့်အသစ်အား အစိုးရအသိအမှတ်ပြု မိမိအိုင်ဒီတစ်ခုခုဖြင့် အတည်ပြုလိုက်ပါ။  

၂။ မိမိငွေလွှဲမည့်နည်းလမ်းကိုရွေးချယ်ပါ. ငွေလွှဲလက်ခံမည့်နည်းလမ်းကို ရွေးချယ်ပါ။ ဘဏ်အကောင့်၊ မိုဘိုင်းပိုက်ဆံအိတ် သို့မဟုတ် ငွေသားဖြင့်လက်ခံခြင်းတို့ကို နိုင်ငံအပေါ်မူတည်၍ ရွေးချယ်နိုင်ပါသည်။ ထို့နောက် ငွေလက်ခံမည့်သူ၏ ကိုယ်ရေးအချက်အလက်နှင့် ငွေလက်ခံမည့်အကောင့်ကိုဖော်ပြပါ။  

၃။ ငွေပေးချေမှုပြုလုပ်လိုက်ပါ. လွှဲမည့်ငွေပမာဏကို အကြွေးဝယ်ကဒ် သို့မဟုတ် ဘဏ်အကောင့်မှတဆင့် ပေးချေလိုက်ပါ။  

   

အက်ပလီကေးရှင်းမှတဆင့်  

အက်ပလီကေးရှင်းကိုအသုံးပြုလျှင် ငွေရွှေ့ပြောင်းရန်လွယ်ကူပါသည်။ အက်ပလီကေးရှင်းတွင် လော့ဂ်အင် ဝင်ထားရုံဖြင့် ဆုငွေအစီအစဉ်များနှင့် ငွေလွှဲရန်လိုအပ်သည့်အချက်အလက်များကို သိမ်းဆည်းထားနိုင်သဖြင့် နောက်တစ်ဖန်ငွေလွှဲသည့်အခါ လွယ်ကူမြန်ဆန်လာမည်ဖြစ်သည်။ အောက်ပါအဆင့်များကိုပြုလုပ်ပါ။  

 

၁။ MoneyGram အက်ပလီကေးရှင်းကိုဒေါင်းလုတ်ဆွဲပါ. Google Play နှင့် App Storeတွင် ဒေါင်းလုတ်ဆွဲယူ နိုင်ပါသည်။  

၂။ MoneyGram အကောင့်ပရိုဖိုင်ထဲသို့ဝင်ပါ သို့မဟုတ် အကောင့်အသစ်ဖွင့်ပါ. သင်၏ ကိုယ်ရေး အချက်အလက်ကိုဖြည့်သွင်းပြီး အသုံးပြုသူမှာ သင်ဖြစ်ကြောင်းအတည်ပြုပါ။ ဤနေရာတွင် အစိုးရ အသိအမှတ်ပြုအိုင်ဒီတစ်ခုခုအသုံးပြုရန်လိုအပ်ပါလိမ့်မည်။  

၃။ ငွေလွှဲလက်ခံမည့်သူကိုအတည်ပြုပါ. လွှဲမည့်ငွေပမာဏနှင့် လက်ခံမည့်နည်းလမ်း ကိုအတည်ပြုပါ။  

၄။ ငွေပေးချေမည့်နည်းလမ်းကိုရွေးချယ်ပါ. အကြွေးဝယ်ကဒ် သို့မဟုတ် ဘဏ်အကောင့်မှတိုက်ရိုက် ပေးချေနိုင်သည့်အပြင် အေးဂျင့်မှတစ်ဆင့်ငွေသားဖြင့်လည်း ပေးချေနိုင်ပါသည်။  

၅။ ငွေလွှဲလုပ်ငန်းစဉ်ကို ဆောင်ရွက်ပါ. ပြုလုပ်ထားသည့်အချက်အလက်အသေးစိတ်ကို စစ်ဆေးပြီးနောက် ငွေလွှဲလိုက်ပါ။  

 

လူကိုယ်တိုင်ငွေလွှဲခြင်း  

ငွေသားကိုသာ အဓိကအသုံးပြုသူများအတွက် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ ထို့အပြင် မိမိသိလိုသည်များကို တာဝန်ရှိသူအားကိုယ်တိုင်ပြောဆိုမေးမြန်းနိုင်သောကြောင့် စိတ်ချမ်းသာမှုပေးနိုင်ပါသည်။ အေးဂျင့်မှတဆင့်ငွေလွှဲရာတွင် အောက်ပါအဆင့်များကိုပြုလုပ်ပါ။  

၁။ အေးဂျင့်ရှိမည့်နေရာကိုရှာဖွေပါ. အနီးအနားရှိအေးဂျင့်တည်နေရာကို ပေးထားသောလင့်ခ်ကိုနှိပ်၍ရှာဖွေပါ။ [https://www.moneygram.com/intl/xk/en-locator 

၂။ ပေးပို့မည့်သူနှင့် လက်ခံမည့်သူ၏ကိုယ်ရေးအချက်အလက်ကိုဖြည့်သွင်းပါ. သင်၏မှတ်ပုံတင်၊ ငွေလွှဲ လက်ခံမည့်သူ၏နာမည်အပြည့်အစုံနှင့်နေရပ်လိပ်စာ၊ ဘဏ်အကောင့် သို့မဟုတ် မိုဘိုင်းပိုက်ဆံအိတ်နှင့် သင်လွှဲမည့်ငွေပမာဏ စသည့်အချက်အလက်များကို ဖြည့်သွင်းရန် လိုအပ်ပါမည်။  

၃။ ငွေလွှဲလုပ်ငန်းစဉ်ကို ဆောင်ရွက်ပါ. ငွေလွှဲလျှောက်လွှာတွင် လိုအပ်သည်ကိုဖြည့်သွင်း ပြီးနောက် ငွေပေးချေလိုက်ပါ။  

၄။ ငွေလွှဲလက်ခံမည့်သူကိုအကြောင်းကြားပါ. ဘောက်ချာစာရွက်ကိုသိမ်းပြီး ငွေလွှဲလက်ခံမည့်သူထံ ဂဏန်းရှစ်လုံးပါဝင်သည့်ငွေလွှဲနံပါတ်ကိုပြောပြပါ။ သို့မှသာ ငွေလွှဲလက်ခံသူသည် ထိုနံပါတ်ဖြင့် လူကိုယ်တိုင် ငွေလွှဲလက်ခံနိုင်မည်ဖြစ်ပါသည်။ ထိုသို့နံပါတ်အားမပြောနိုင်ပါက ဘဏ်အကောင့်ထဲသို့သာငွေလွှဲဝင်မည် ဖြစ်သည်။  

 

MoneyGramဖြင့် မည်သို့ငွေလွှဲလက်ခံနိုင်သနည်း။  

MoneyGramဖြင့်ငွေလွှဲလက်ခံနိုင်သည့် နည်းလမ်းသုံးခုရှိပါသည်။ ဘဏ်အကောင့်မှဖြစ်စေ၊ မိုဘိုင်းပိုက်ဆံအိတ်မှဖြစ်စေ၊ အေးဂျင့်ထံတွင် လူကိုယ်တိုင်ငွေသားဖြစ်စေ ထုတ်ယူနိုင်သည်။   

ဘဏ်အကောင့်  

ဘဏ်အကောင့်မှငွေလွှဲလက်ခံလျှင် ငွေလွှဲလက်ခံသူသည် မည်သည့်အဆင့်ကိုမျှပြုလုပ်စရာမလိုဘဲ မိမိအကောင့်သို့ အလိုလိုငွေလွှဲရောက်ရှိမည်ဖြစ်သည်။  

မိုဘိုင်းပိုက်ဆံအိတ်  

မိုဘိုင်းပိုက်ဆံအိတ်မှငွေလွှဲလက်ခံလျှင် ငွေလွှဲလက်ခံသူသည် မည်သည့်အဆင့်ကိုမျှပြုလုပ်စရာမလိုဘဲ မိမိအကောင့်သို့ အလိုလိုငွေလွှဲရောက်ရှိမည်ဖြစ်သည်။   

  

ငွေသားထုတ်ယူခြင်း  

လူကိုယ်တိုင်ငွေသားထုတ်ယူလိုပါက အောက်ပါအဆင့်များကိုပြုလုပ်ပေးပါ။ 

၁။ MoneyGramတည်နေရာကိုရှာဖွေပါ. ငွေလွှဲလက်ခံသူသည် ပေးထားသောလင့်ခ်ကိုနှိပ်၍ အနီးအနားရှိ အေးဂျင့်တည်နေရာကိုရှာဖွေနိုင်ပါသည်။ (https://www.moneygram.com/mgo/us/en/locations) 

၂။ သင်၏ကိုယ်ရေးအချက်အလက်ကိုယူဆောင်လာပါ. ငွေလွှဲလက်ခံသူအား အတည်ပြုနိုင်ရန် ငွေလွှဲနံပါတ်နှင့် မှတ်ပုံတင်ကိုယူဆောင်လာရန်လိုအပ်ပါမည်။ ငွေလွှဲနံပါတ်သည် ငွေလွှဲသူ၏ ငွေလွှဲဘောက်ချာ သို့မဟုတ် ငွေလွှဲအတည်ပြုအီးမေးလ်တွင်ပါရှိသော နံပါတ်ဖြစ်သည်။ မှတ်ပုံတင်အတွက် အစိုးရအသိအမှတ်ပြု နိုင်ငံသားဖြစ်ကြောင်းအမှတ်အသား သို့မဟုတ် နေထိုင်ခွင့်ပါမစ်ရထားသောသက်သေအထောက်အထားကို ယူဆောင်လာနိုင်သည်။ သင် ယူဆောင်လာသောမှတ်ပုံတင်အထောက်အထားတွင် လိပ်စာမပါဝင်ပါက လိပ်စာကိုလည်း ဖော်ပြရန် လိုအပ်နိုင်သည်။  

၃။ ငွေလွှဲလက်ခံသည့်လုပ်ငန်းစဉ်ကိုဆောင်ရွက်ပါ. ငွေလွှဲလက်ခံသူသည် မိမိ ယူဆောင်လာသော ငွေလွှဲနံပါတ်နှင့် မှတ်ပုံတင်ကိုအသုံးပြု၍ ငွေလွှဲလက်ခံလျှောက်လွှာအား ဖြည့်သွင်းရန်လိုအပ်မည်ဖြစ်သည်။  

 

MoneyGram သည် လုံခြုံမှုရှိပါသလား။  

MoneyGramသည် အသုံးပြုရန်လုံခြုံသောဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသည်။    

  • MoneyGramသည် ငွေလွှဲလုပ်ငန်းစဉ်ဆောင်ရွက်နေမှုကို ငွေလွှဲသူနှင့် ငွေလွှဲလက်ခံသူ နှစ်ဦးစလုံးမှ ငွေလွှဲနံပါတ်နှင့် နောက်ဆုံးအမည်ကိုအသုံးပြု၍ စစ်ဆေးနိုင်ရန် ပြုလုပ်ထားပါသည်။ ငွေလွှဲလုပ်ငန်းစဉ်တွင် ပြဿနာရှိမရှိအားစစ်ဆေးရန် အကူအညီ ပေးနိုင်သည်။   
  • MoneyGram သည် သင်၏ငွေလွှဲလုပ်ငန်းစဉ်အားဖျက်သိမ်းလိုပါက ဖျက်သိမ်းပြီး လွှဲငွေအား ပြန်လည်ထုတ်နိုင်ရန် ပြုလုပ်ပေးထားပါသည်။ သင်၏ငွေလွှဲလုပ်ငန်းစဉ်ကိုဖျက်သိမ်း၍ လွှဲငွေ ပြန်လည်ထုတ်ယူလိုပါက ပေးထားသောလင့်ခ်ထဲတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ 

 Learn more about refunds here.   

  • MoneyGramသည် ငွေကြေးလိမ်လည်မှုများမရှိစေရန် ကြိုတင်ကာကွယ်ခြင်းများကို ပြုလုပ်ထားပါသည်။ ငွေကြေးလိမ်လည်မှုမှ သင့်အား မည်သို့အကာအကွယ်ပေးထားကြောင်း ကို ပို၍သိရှိနိုင်ရန် ပေးထားသောလင့်ခ်တွင် လေ့လာနိုင်ပါသည်။ 

 Learn more about fraud prevention here.  

 

MoneyGramသည် ဈေးနှုန်းသက်သာပါသလား။   

MoneyGram ၏နှုန်းထားများကို အကောင်းဆုံးနားလည်နိုင်သည့်နည်းလမ်းမှာ အခြားငွေလွှဲအော်ပရေတာများ၏ နှုန်းထားများနှင့်နှိုင်းယှဉ်ကြည့်ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ နှိုင်းယှဉ်ပြဇယားကိုအသုံးပြု၍ နှုန်းထားများအား နှိုင်းယှဉ်ချိန်ဆနိုင်သည်။   

 

MoneyGram နှင့် ဆုငွေအစီအစဉ်ဆိုသည်မှာ အဘယ်နည်း။   

MoneyGram နှင့်ဆုငွေသည် ကာစတန်မာအသစ်နှင့် ပုံမှန်ကာစတန်မာများအား ဆုငွေနှင့် လျှော့ဈေးများ ထောက်ပံ့ပေးသည့်အစီအစဉ်ဖြစ်သည်။ အစီအစဉ်တွင် ဒုတိယအကြိမ်ငွေလွှဲခြင်းအတွက် ၂၀ရာခိုင်နှုန်း လျှော့ဈေးရယူပြီး ၅ကြိမ်မြောက်ငွေလွှဲခြင်းအတွက် ၄၀ရာခိုင်နှုန်းလျှော့ဈေးရယူလိုက်ပါ။ MoneyGramဖြင့် ပုံမှန်ငွေလွှဲသူများအတွက် အထောက်အကူဖြစ်သောအစီအစဉ်ဖြစ်ပါသည်။ 

 

MoneyGram အသုံးပြု၍ငွေလွှဲရန်အတွက် အောက်ပါလင့်ခ်ကိုနှိပ်လိုက်ပါ။ 

Want to send with MoneyGram? Click here to get started