Burmese Burmese
ဇူလိုင် 7, 2022

ငွေလွှဲဝန်ဆောင်မှုများ - နိုင်ငံခြားငွေလဲလှယ်နှုန်း (ငွေလဲနှုန်းပမာဏ)ဆိုတာဘာလဲ?

မျှဝေပါ။

နိုင်ငံခြားငွေလဲလှယ်နှုန်း၊ ငွေလွှဲဝန်ဆောင်မှုတွေနှင့် ဘဏ်တွေမှ ငွေလဲနှုန်းထားတွေကို လေ့လာကြည့်ရအောင်။

နိုင်ငံခြားငွေလဲလှယ်နှုန် (သို့မဟုတ်) ငွေလဲနှုန် ဆိုတာ ကိုယ့်ရောက်နေတဲ့ နိုင်ငံရဲ့ ငွေကြေးကနေ နိုင်ငံခြားငွေကြေးကို ဝယ်ယူတယ့်အခါမှာ ကျသင့်တဲ့ နှုန်းထား(ငွေလဲနှုန်းပမာဏ) ကို ပြောတာပဲဖြစ်ပါတယ်။ နောက်တစ်မျိုးပြောရရင် ကိုယ်ရောက်နေတဲ့ နိုင်ငံရဲ့ ငွေကြေးကနေ ကိုယ်ချစ်ရတဲ့ မိသားစုရှိတဲ့ အခြားတစ်နိုင်ငံရဲ့ ငွေကြေးကို ပို့လိုက်ရင် လက်ခံသူက ငွေပမာဏ  (သူနေသောနိုင်ငံရဲ့ငွေကြေး) ဘယ်လောက်ရနိုင်လဲဆိုတာပဲဖြစ်ပါတယ်။

ဥပမာလေးပြောပြမယ်။

ကိုယ်က ထိုင်းဘတ်ကနေ မြန်မာကျပ်ကို လဲဖို့ လိုက်ရှာနေတယ်ဆိုပါစို့။ ဒါဆိုရင် ကိုယ်ပို့မယ့် ငွေကြေးက ထိုင်းဘတ်၊ လက်ခံယူမယ့်ငွေကြေးက မြန်မာကျပ်။ သင်အခုလေ့လာရမှာက ထိုင်းဘတ် (၁)ဘတ်ဆိုရင် မြန်မာငွေ ဘယ်လောက်ရနိုင်လဲဆိုတာပါပဲ။

တကယ်လို့ ထိုင်းဘတ်(၁)ဘတ်က မြန်မာငွေ (၅၂)ကျပဆိုရင် ထိုင်းဘတ်(၁)ဘတ်ကို မြန်မာငွေ (၅၂)ကျပ်နဲ့ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ်က မြန်မာမှာရှိတဲ့ ကိုယ့်မိသားစုတွေဆီကို ဘတ်(၁၀,၀၀၀) ပို့မယ်ဆိုရင် မိသားစုဝင်တွေက မြန်မာငွေ (၅၂၀,၀၀၀)ကျပ်ရရှိမှာပဲဖြစ်ပါတယ်။ (၁၀,၀၀၀ဘတ် x၅၂ကျပ်)

ငွေလဲနှုန်းတွေကို ဘယ်လိုကြည့်ရမလဲ?

ငွေလဲနှုန်းတွေဟာ ဘဏ်တွေနဲ့ ငွေလဲဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေကနေ မကြာခဏ ပုံစံအမျိုးမျိုးနဲ့  စျေးဆိုကြပါတယ်။

 

Mid-market ငွေလဲနှုန်းဆိုတာဘာလဲ?

Mid-market ငွေလဲနှုန်းဆိုတာ ဘယ်အချိန်မှာမဆို မတူတဲ့ ငွေကြေး(၂)မျိုးကို “ရောင်း/ဝယ်” တဲ့ နှုန်းထားတို့ကြားရဲ့ အလယ်အမှတ်ကို ပြောတာပဲဖြစ်ပါတယ်။ ငွေလဲနှုန်းတို့ဟာ ငွေကြေးတို့ရဲ့ “ဝယ်လိုအားနဲ့ ရောင်းလိုအား” တို့အပေါ်မူတည်ပြီး အမြဲတမ်း ပြောင်းလဲနေတာပါ။

 

ဘဏ်တွေ၊ ငွေလဲဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေနဲ့ Mid-market နှုန်းတို့ရဲ့ ငွေလဲနှုန်းတွေဟာ ဘာလို့ကွာနေရတာလဲ?

Mid-market ငွေလွှဲနှုန်းတို့ဟာ ဘဏ်တွေ၊ ငွေလဲဝန်ဆောင်မှုပေးတဲ့ ဆိုင်တို့ရဲ့ ငွေလဲနှုန်းတို့နဲ့ များသောအားဖြင့် ကွာခြားပါတယ်။ ဘာလို့လဲဆိုတော့ ဘဏ်တွေ ငွေလဲဝန်ဆောင်မှုတို့ဟာ ငွေလဲနှုန်း “ရောင်း၊ဝယ်ခြင်း” တို့မှရသော အမြတ်အပြင် ထပ်ပြီး အမြတ်တင်လို့ပဲဖြစ်ပါတယ်။

 

အိမ်ကို ငွေလွှဲပေးတဲ့အခါမှာ ငွေလဲနှုန်းတွေကို သိပြီး နားလည်ထားဖို့က အရေးကြီးတဲ့အရာပါ။ ကံကောင်းစွာနဲ့ပဲ အကောင်းဆုံးသော ငွေလွှဲနှုန်းတွေကို ရှာဖွေဖို့ SaverAsia ရဲ့ “Compare Rates” လုပ်ဆောင်ချက် လိုမျိုး ငွေလွှဲနှုန်းထားတွေကို နှိုင်းယှဉ်ဖို့ website တွေရှိလာလို့ပဲဖြစ်ပါတယ်။ “Compare Rates”ဆိုပြီး ငွေလွှဲနှုန်းထားတွေကို နှိုင်းယှဉ်တဲ့ လုပ်ဆောင်ချက်ကို SaverAsia ရဲ့ အက်ပလီကေးရှင်းမှာပဲဖြစ်ဖြစ်၊ website မှာပဲဖြစ်ဖြစ် အခမဲ့ သွားရောက်လေ့လာ နှိုင်းယှဉ်ကြည့်လို့ရပါတယ်နော်။ အိမ်ကို ငွေမလွှဲမီ ဘဏ်တွေ၊ ငွေလွှဲဝန်ဆောင်မှုတွေရဲ့ နှုန်းထားအမျိုးမျိုးကို ကြည့်ပြီးတော့ ကိုယ်နဲ့ အဆင်ပြေပြီးတော့ အသင့်တော်ဆုံးဖြစ်မယ့် တစ်ခုကို ရွေးပြီးတော့ ချစ်တဲ့သူတွေဆီကို ငွေလွှဲလိုက်ပါနော်။

ငွေများများစုနိုင်ပါစေနော်။

 

ရေးသားသူ – Malorie Anne Manaois

ဇွန်လ ၇ရက်၊ ၂၀၂၂ခုနှစ်။