Burmese Burmese
ဖေ‌ဖော်ဝါရီ 18, 2023

Western Unionအသုံးပြု၍ ငွေလွှဲခြင်းနှင့် ငွေလွှဲလက်ခံခြင်းတို့ကို မည်သို့ပြုလုပ်နိုင်သနည်း။

နိုင်ငံခြားသို့ငွေလွှဲ သို့မဟုတ် နိုင်ငံခြားမှငွေလွှဲလက်ခံရန် စဉ်းစားနေပါသလား။ Western Unionမှ သင့်အတွက် ရွေးချယ်စရာများကို ပြုလုပ်ပေးနေပါသည်။ အေးဂျင့်မှတဆင့်ဖြစ်စေ၊ အင်တာနက်ပေါ်မှ၊ WU အက်ပလီကေးရှင်းမှဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ငွေလွှဲနိုင်ပါပြီ။ ဤနောက်ဆုံးထွက်ရှိသည့်ဆောင်းပါးတွင် Western Union အကြောင်းလေ့လာကြပါစို့။

Western Union ဖြင့် ငွေပို့ပါ။

မျှဝေပါ။

Western Union ဆိုသည်မှာ အဘယ်နည်း။  

Western Union သည်ကြေးနန်းကုမ္ပဏီအဖြစ်စတည်တည်ထောင်ခဲ့ပြီး ၁၈၇၁ပြည့်နှစ်မှစ၍ ကုမ္ပဏီ၏ အချိတ်အဆက်များဖြင့် ငွေလွှဲသည့်ဝန်ဆောင်မှုများပေးခဲ့ရာ ကမ္ဘာ့ရှေးအကျဆုံးငွေလွှဲအော်ပရေတာထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၀၆ခုနှစ်မှစတင်၍ ငွေလွှဲခြင်းကိုအဓိကဝန်ဆောင်မှုပေးခဲ့ပြီး ကုမ္ပဏီ၏ ကွန်ယက်အား မြောက်ကိုးရီးယားနှင့်အီရန်မှလွဲ၍ ကမ္ဘာ့နိုင်ငံအသီးသီးသို့ ချဲ့ထွင်နိုင်ခဲ့သည်။ Western Union ၏ရည်မှန်းချက်သည် လူတို့၏ပိုက်ဆံများကိုရွှေ့ပြောင်းပေးခြင်းဖြင့်ကူညီပြီး ကောင်းသောအရာများ ဖြစ်ပေါ် စေရန်ဖြစ်သည်။  

  

Western Union အသုံးပြု၍ငွေလွှဲရန်အတွက် အောက်ပါလင့်ခ်ကိုနှိပ်လိုက်ပါ။ 

Want to send with Western Union? Click here to get started  

 

Western Union မည်သို့အလုပ်လုပ်ပါသနည်း။  

Western Unionတွင် နိုင်ငံပေါင်းစုံ၌အလုပ်လုပ်နေသော အေးဂျင့်ပေါင်း ၅၀၀,၀၀၀ ရှိနေပြီဖြစ်ပြီး ဤအချက်သည် Western Unionအားအခြားငွေလွှဲအော်ပရေတာများနှင့် ကွာခြားစေသည့်အချက်ဖြစ်သည်။ အေးဂျင့်များသည် ဝေးလံသောဒေသ၌ပင်  သင်ကိုယ်တိုင်ငွေလွှဲခြင်း၊ ငွေလွှဲလက်ခံခြင်းများပြုလုပ်ိနုင်ရန် အကူအညီပေးပါသည်။ အင်တာနက်မှဖြစ်စေ၊ အက်ပလီကေးရှင်း သို့မဟုတ် ဖုန်းမှတဆင့်ဖြစ်စေ ငွေလွှဲနိုင်ရန် အကူအညီပေးပြီး ငွေလွှဲလက်ခံသူများသည် မိုဘိုင်း သို့မဟုတ် ဘဏ်အကောင့်မှတဆင့် လက်ခံနိုင်သည်။  

 

Western Unionဖြင့်မည်သို့ငွေလွှဲရမည်နည်း။     

အကြွေးဝယ်ကဒ်၊ ဘဏ်အပ်ငွေ သို့မဟုတ် ငွေသားဖြင့် ငွေလွှဲနိုင်ပြီး အင်တာနက်၊ Western Union အက်ပလီကေးရှင်း၊ အေးဂျင့်များနှင့် ဖုန်းမှတဆင့်ငွေလွှဲလုပ်ငန်းစဉ်ပြုလုပ်နိုင်သည်။  

အင်တာနက် 

Western Unionကိုအသုံးပြု၍ အင်တာနက်မှတဆင့် နှုန်းထားများကိုစစ်ဆေးပြီး သင်ရှိနေသည့်နေရာမှ ငွေလွှဲခြင်းပြုလုပ်နိုင်သည်။     

၁။ အကောင့်ဖွင့်ပါ။ ဤအဆင့်တွင် အစိုးရအသိအမှတ်ပြုအိုင်ဒီလိုအပ်ပါမည်။  

၂။ သင်ငွေလွှဲမည့်နေရာကိုအတည်ပြုပါ။ ငွေလွှဲလက်ခံမည့်သူ၏ ဘဏ်အကောင့်၊ မိုဘိုင်းပိုက်ဆံအိတ် အကောင့် သို့မဟုတ် အနီးအနားရှိ Western Union အေးဂျင့်ကိုရွေးချယ်ရပါမည်။   

၃။ ငွေလွှဲလက်ခံမည့်သူ၏ကိုယ်ရေးအချက်အလက်ဖြည့်ပါ။ ဤအဆင့်သည် မိမိငွေလွှဲမည့်နည်းလမ်း ပေါ်မူတည်၍ပြောင်းလဲမှုရှိနိုင်သည်။ ဥပမာ – အေးဂျင့်မှတဆင့်ငွေလွှဲမည်ဆိုပါက ငွေလွှဲလက်ခံသူ၏ နာမည်နှင့် နေရပ်လိပ်စာကိုသာလိုအပ်ပါသည်။  

၄။ ငွေလွှဲခြင်းအတွက် ငွေပေးချေမှုပြုလုပ်ပါ။ ဤအဆင့်ကို ဘဏ်အကောင့် သို့မဟုတ် အကြွေးဝယ်ကဒ်မှတဆင့် ပြုလုပ်နိုင်ပါသည်။  

၅။ အတည်ပြုလိုက်ပြီး ငွေလွှဲလုပ်ငန်းစဉ်ပြီးမြောက်မှုရှိမရှိ ခြေရာခံပါ။ သင်ရွေးချယ်သည့် ငွေလွှဲ နည်းလမ်းပေါ်မူတည်၍ ငွေလွှဲထုတ်ယူခွင့်သည် မိနစ်ပိုင်းမှ ရက်ပိုင်းအထိကြာညောင်းနိုင်ပါသည်။ သင့်အား ငွေလွှဲနံပါတ်(MTCN)ကို ပေးထားမည်ဖြစ်ပြီး အဆိုပါနံပါတ်မှ သင်နှင့် ငွေလွှဲလက်ခံမည့်သူသည် သင်တို့၏ ငွေလွှဲလုပ်ငန်းစဉ်ကို ခြေရာခံလိုက်နိုင်သည်။  

 

Western Union အက်ပလီကေးရှင်းမှတဆင့်  

Western Unionအက်ပလီကေးရှင်းအသုံးပြုခြင်းဖြင့် လွယ်ကူစွာငွေလွှဲနိုင်ပြီး သင့်၏ယခင်ငွေလွဲလုပ်ငန်းစဉ်ကို မှတ်ထားပေးသောကြောင့် နောက်တဖန်ငွေလွှဲသည့်အခါ ပိုမိုလွယ်ကူမြန်ဆန်နိုင်ပါသည်။  

၁။ အကောင့်ဖွင့်ပါ။ ပထမဆုံးအကြိမ်အသုံးပြုမည်ဆိုပါက အက်ပလီကေးရှင်းအား Apple App Store သို့မဟုတ် Google Play Storeတွင် ဒေါင်းလုတ်ဆွဲပါ။ အကောင့်ဖန်တီးရန် အဆင့်များကိုပြုလုပ်ပြီး အီးမေလ်လိပ်စာဖြင့် မိမိအကောင့်အသစ်အား စာရင်းပေးသွင်းလိုက်ပါ။ အစိုးရအသိအမှတ်ပြုအိုင်ဒီ တစ်ခုခုဖြင့် စာရင်းပေးသွင်းရန် လိုအပ်ပါလိမ့်မည်။  

၂။ သင်ငွေလွှဲမည့်နေရာကိုအတည်ပြုပါ။ သင်လွှဲမည့်နေရာနှင့် ငွေပမာဏကိုအတည်ပြုပြီး ငွေလွှဲလုပ်ငန်းစဉ်စတင်လိုက်ပါ။ သင်နှင့် ငွေလွှဲလက်ခံမည့်သူအတွက်အဆင်ပြေဆုံးငွေလွှဲနည်းလမ်းအား ရွေးချယ်နိုင်ပါသည်။ ဘဏ်အကောင့်ထဲသို့တိုက်ရိုက်ငွေလွှဲခြင်း၊ ငွေသားဖြင့်ထုတ်ယူခြင်း၊ မိုဘိုင်း ပိုက်ဆံအိတ်အကောင့်ထဲသို့ ငွေလွှဲခြင်းစသည့်နည်းလမ်းများတွင် ငွေလွှဲလက်ခံမည့်သူ၏နိုင်ငံအလိုက် အသုံးပြုနိုင်သည့် နည်းလမ်းကိုရွေးချယ်နိုင်ပါသည်။ ထို့နောက်ငွေလွှဲလက်ခံမည့်သူ၏ကိုယ်ရေး အချက်အလက်ကို ဖြည့်သွင်းလိုက်ပါ။  

၃။ အင်တာနက်မှတဆင့်ငွေလွှဲခြင်းအတွက် ငွေပေးချေမှုပြုလုပ်ပါ။ ဤအဆင့်ကို ဘဏ်အကောင့် သို့မဟုတ် အကြွေးဝယ်ကဒ်မှတဆင့် ပြုလုပ်နိုင်ပါသည်။  

၄။ အတည်ပြုလိုက်ပြီး ငွေလွှဲလုပ်ငန်းစဉ်ပြီးမြောက်မှုရှိမရှိ ခြေရာခံပါ။ သင့်အား ငွေလွှဲနံပါတ်(MTCN)ကို ပေးထားမည်ဖြစ်ပြီး အဆိုပါနံပါတ်မှ သင်နှင့် ငွေလွှဲလက်ခံမည့်သူသည် သင်တို့၏ ငွေလွှဲလုပ်ငန်းစဉ်ကို ခြေရာခံလိုက်နိုင်သည်။  မိုဘိုင်းပိုက်ဆံအိတ်အကောင့်သို့ငွေလွှဲလျှင် သင်နှင့်ငွေလွှဲလက်ခံသူ၏ဖုန်းနံပါတ်သို့ ငွေလွှဲထုတ်ယူခွင့်ရရှိသည့်အခါ အတည်ပြုစာပို့ပေးမည်ဖြစ်ပါသည်။  

 

ဖုန်းမှတစ်ဆင့်  

Western unionသည် သင့်အား အချို့နိုင်ငံများသို့ ဖုန်းမှတစ်ဆင့်ငွေလွှဲနိုင်ရန်အကူအညီပေးနိုင်ပါသည်။ အင်တာနက်လိုင်းမရသည့်နေရာတွင်နေထိုင်သူများအတွက် အကူအညီဖြစ်နိုင်သည့်နည်းလမ်းဖြစ်ပါသည်။  

၁။ Western Unionဖုန်းနံပါတ်သို့ခေါ်၍ (1800 634 3422) မိမိအားအကူအညီပေးမည့်သူနှင့် ချိတ်ဆက်ပါ။   

၂။ သင်ငွေလွှဲမည့်နေရာကိုအတည်ပြုပါ။ ထို့နောက် ငွေလွှဲလက်ခံမည့်သူ၏ကိုယ်ရေး အချက်အလက်ကို ဖြည့်သွင်းပါ။   

၃။ ငွေလွှဲခြင်းအတွက် ငွေပေးချေမှုပြုလုပ်ပါ။ ဤအဆင့်ကို ဘဏ်အကောင့် သို့မဟုတ် အကြွေးဝယ်ကဒ်မှတဆင့်ဖြစ်စေ၊ ဆိုင်သို့ငွေသားဖြင့်သွားရောက်ပေးချေခြင်းဖြင့်ဖြစ်စေ ပြုလုပ်နိုင်ပါသည်။  

၄။ အတည်ပြုလိုက်ပြီး ငွေလွှဲလုပ်ငန်းစဉ်ပြီးမြောက်မှုရှိမရှိ ခြေရာခံပါ။ သင့်အား ငွေလွှဲနံပါတ် (MTCN)ကို ပေးထားမည်ဖြစ်ပြီး အဆိုပါနံပါတ်မှ သင်နှင့် ငွေလွှဲလက်ခံမည့်သူသည် သင်တို့၏ ငွေလွှဲလုပ်ငန်းစဉ်ကို ခြေရာခံလိုက်နိုင်သည်။   

 

အေးဂျင့်မှတစ်ဆင့်  

Western Union၏အေးဂျင့်ကွန်ယက်သည် တစ်ကမ္ဘာလုံးတွင်ဖြန့်ကျက်ထားသဖြင့် လူကိုယ်တိုင်သွားရောက် ငွေလွှဲနိုင်ရန် အကူအညီပေးမည့်အေးဂျင့်များသည် မိမိ၏အနီးအနားတွင်ရှိနေပါသည်။     

၁။ Western Union အေးဂျင့်၏တည်နေရာကို ပေးထားသောလင့်ခ်ကိုနှိပ်၍ရှာဖွေပါ။ [https://www.westernunion.com/au/en/find-locations.html].  

၂။ ငွေလွှဲခြင်းအတွက် ငွေပေးချေမှုပြုလုပ်ပါ။ ဤအဆင့်ကို ဘဏ်အကောင့် သို့မဟုတ် အကြွေးဝယ်ကဒ်မှတဆင့်ဖြစ်စေ၊ ငွေသားဖြင့်ဖြစ်စေ ပြုလုပ်နိုင်ပါသည်။   

၃။ Provide your and recipient’s details. သင်၏WU နံပါတ် သို့မဟုတ် ဖုန်းနံပါတ်၊ အစိုးရအသိအမှတ်ပြုအိုင်ဒီတစ်ခုခုနှင့်အတူ ငွေလွှဲလက်ခံမည့်သူ၏ကိုယ်ရေးအချက်အလက်ကို ဖြည့်သွင်းလိုက်ပါ။    

၄။ အတည်ပြုလိုက်ပြီး ငွေလွှဲလုပ်ငန်းစဉ်ပြီးမြောက်မှုရှိမရှိ ခြေရာခံပါ။ သင့်အား ငွေလွှဲနံပါတ် (MTCN)ကို ပေးထားမည်ဖြစ်ပြီး အဆိုပါနံပါတ်မှ သင်နှင့် ငွေလွှဲလက်ခံမည့်သူသည် သင်တို့၏ ငွေလွှဲလုပ်ငန်းစဉ်ကို ခြေရာခံလိုက်နိုင်သည်။  

  

Western Union ဖြင့် မည်သို့ငွေလွှဲလက်ခံနိုင်သနည်း။   

Western Union ဖြင့်ငွေလွှဲလက်ခံနိုင်သည့် နည်းလမ်းသုံးခုရှိပါသည်။  

  • ဘဏ်အကောင့်  

ငွေလွှဲလက်ခံသူ၏ဘဏ်အကောင့်သို့ တိုက်ရိုက်ငွေလွှဲနိုင်ပါသည်။  

  • မိုဘိုင်းပိုက်ဆံအိတ်  

အချို့နိုင်ငံများတွင် ငွေလွှဲလက်ခံသူသည် သူ၏မိုဘိုင်းပိုက်ဆံအိတ်အကောင့်ဖြင့် ငွေလွှဲလက်ခံနိုင်ပါသည်။  

  • ငွေသားထုတ်ယူခြင်း  

Western Union အေးဂျင့်များတွင် လူကိုယ်တိုင်ငွေသားထုတ်ယူနိုင်ပါသည်။ 

 

Western Union သည် လုံခြုံမှုရှိပါသလား။   

Western Unionသည် အသုံးပြုရန်လုံခြုံသောငွေလွှဲအော်ပရေတာဖြစ်ပါသည်။ လုံခြုံရေးစနစ်မှာ အောက်ပါအတိုင်းဖြစ်သည်။  

  • သင်၏ငွေလွှဲကိုခြေရာခံနိုင်သည်။ ထိုသို့ဖြင့် သင်၏ငွေသည် မည်သည့်လုပ်ငန်းစဉ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းနှင့် မည်သည့်အချိန်တွင်ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိစေနိုင်ပါ သည်။ ဤအချက်သည် မိမိ၏ငွေလွှဲပျောက်ဆုံးသည်ဟု ခံစားရမှုကို လျော့ချပေးနိုင်သည်။   
  • Western Unionတွင် ငွေကြေးမသမာမှုတားဆီးရေးစနစ်နှင့် မိမိငွေအားပြန်လည်ရယူနိုင်သည့် စနစ် ရှိသည်။ ငွေကြေးမသမာမှုတားဆီးရေးစနစ်အကြောင်းကို  [https://www.westernunion.com/au/en/fraudawareness/fraud-home.html] တွင်လေ့လာနိုင်ပြီး မိမိငွေအားပြန်လည်ရယူနိုင်မည့်နည်းလမ်းကို  [https://www.westernunion.com/au/en/fraudawareness/fraud-question-and-answer.html] တွင်လေ့လာနိုင်ပါသည်။  

 

Western Unionသည် ဈေးနှုန်းသက်သာပါသလား။    

Western Union ၏နှုန်းထားများကို အကောင်းဆုံးနားလည်နိုင်သည့်နည်းလမ်းမှာ အခြားငွေလွှဲ အော်ပရေတာများ၏ နှုန်းထားများနှင့်နှိုင်းယှဉ်ကြည့်ရန်ဖြစ်သည်။ ကျွန်ုပ်တို့၏ နှိုင်းယှဉ်ပြဇယားကိုအသုံးပြု၍ နှုန်းထားများအား နှိုင်းယှဉ်ချိန်ဆနိုင်သည်။