Burmese Burmese
ဖေ‌ဖော်ဝါရီ 20, 2023

စီးပွားပျက်ကပ်သည် မိမိငွေလွှဲခြင်းအပေါ် မည်သို့သက်ရောက်မှုရှိပါသနည်း။

စီးပွားပျက်ကပ်ကြောင့် မိမိ၏ငွေလွှဲခြင်းအပေါ် သက်ရောက်မှုရှိလာမည်ကို စိုးရိမ်နေပါသလား။ အိမ်သို့သင်လွှဲပေးသော ငွေပမာဏသည် ယခင်ထက်ပိုမိုများပြားလာပါသလား သို့မဟုတ် လျော့နည်းသွားပါသလား။ ထိုကဲ့သို့ဖြစ်ရခြင်း၏အကြောင်းအရင်းကို ကျွန်ုပ်တို့၏နောက်ဆုံး ဆောင်းပါးတွင် ဖတ်ရှုနိုင်ပါသည်။

မျှဝေပါ။

စီးပွားရေးပျက်ကပ်ဆိုသည်မှာ အဘယ်နည်း။  

စီးပွားပျက်ကပ်ဆိုသည်မှာ စီးပွားရေးတိုးတက်မှုနှောင့်နှေးသောအချိန်ကာလ သို့မဟုတ် ဆုတ်ယုတ်သော အချိန်ကာလကိုဆိုလိုသည်။ စီးပွားပျက်ကပ်သည် ဆုတ်ယုတ်မှုပြင်းထန်သည့် အပေါ်မူတည်၍ လပေါင်းများစွာ သို့မဟုတ် နှစ်ပေါင်းများစွာကြာနိုင်ပါသည်။ ထိုအချိန်ကာလတွင် လူတို့သည် သုံးစွဲနိုင်သည့်ငွေကြေးပမာဏ လျော့ကျသွားပြီး ထွက်ငွေများကိုလည်း ဖြတ်တောက်လိုက် ကြသည်။ စီးပွားရေးလုပ်ငန်းများသည်လည်း အမြတ်ရရှိမှုလျော့ကျသွားပြီး အချို့စီးပွားရေးများမှာ ရပ်ဆိုင်းရသည်အထိဖြစ်သွားနိုင်သည်။ ဤအရာသည် စီးပွားရေးအပေါ်ရေလှိုင်းသက်ရောက်မှု အဖြစ်ရှိလာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် အခြားသောစီးပွားရေး လုပ်ငန်းများ (ဥပမာအိမ်ခြံမြေ) အတွက် သုံးစွဲနိုင်သည့်ငွေပမာဏတွင်လည်း သက်ရောက်မှုရှိစေနိုင်သော ကြောင့်ဖြစ်သည်။   

  

စီးပွားပျက်ကပ်သည် မိမိငွေလွှဲခြင်းအပေါ် မည်သို့သက်ရောက်မှုရှိပါသနည်း။  

စီးပွားပျက်ကပ်အတွင်းငွေလွှဲသည့်အခါ အရေးကြီးသည့်အချက်များမှ တစ်ချက်မှာ နိုင်ငံခြားငွေလဲနှုန်း ဖြစ်သည်။ နိုင်ငံတကာငွေလဲဈေးကွက်များသည် အတက်အကျဖြစ်လာပြီး သူတို့နှင့်အတူ နိုင်ငံခြားငွေလဲနှုန်း များသည်လည်း အတက်အကျဖြစ်လာသည်။ မိမိနိုင်ငံပြင်ပသို့ငွေလွှဲသည့်အခါ ပြည်တွင်းသုံးငွေကြေးတန်ဖိုး တသည် အခြားနိုင်ငံ၏ငွေကြေးတန်ဖိုးထက် ပို၍ခိုင်မာနေနိုင်သကဲ့သို့ ပို၍အားနည်းနေနိုင်သည်။ စီးပွားရေးဖွံ့ဖြိုးပြီးနိုင်ငံများ ဖြစ်သည့် အမေရိကန်နိုင်ငံ သို့မဟုတ် ကနေဒါနိုင်ငံများမှ စီးပွားရေးအားနည်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသို့ ငွေလွှဲသည့်အခါ မိမိ၏လုပ်အားငွေများသည် တန်ဖိုးလျော့နည်းနိုင်ပါသည်။  

စီးပွားပျက်ကပ်အတွင်း ငွေလွှဲသည့်အခါသိထားရမည့်အချက်မှာ လူကိုယ်တိုင်သွားရောက်သည် ဖြစ်စေ သို့မဟုတ် ဘဏ်မှတဆင့်ဖြစ်စေအခြားသောနည်းလမ်းဖြင့်ဖြစ်စေ မည်သို့ပင်လွှဲစေကာမူ ထပ်ဆောင်း ကုန်ကျစရိတ်များရှိနေသေးသည်။ ငွေလွှဲသည့်အခါအသုံးပြုသည့် ဝန်ဆောင်မှုနှင့် ငွေပမာဏပေါ် မူတည်၍ ငွေလွှဲခနှင့် အခြားဝန်ဆောင်ခများပေးရန် လိုအပ်ပါလိမ့်မည်။ တစ်နှစ်ပတ်လုံးအတွင်း ဝန်ဆောင်မှုများလျှင် များသည့်အလျောက် အဆိုပါဈေးနှုန်းများသည်လည်း မြင့်တက်သွားနိုင်ပါသည်။  

မိမိအတွက်အကောင်းဆုံးရွေးချယ်မှုကိုပြုလုပ်နိုင်ရန် ငွေမလွှဲမီတွင် နိုင်ငံခြားငွေလဲနှုန်းထားများကို အမြဲစစ်ဆေး ကြည့်ပါ။ ကျွန်ုပ်တို့ SaverAsia နှိုင်းယှဉ်ပြဇယား SaverAsia Comparison Tool  ကို အသုံးပြု အိမ်သို့ ငွေလွှဲရန် အကောင်းဆုံးရွေးချယ်မှုကိုပြုလုပ်လိုက်ပါ။  

 

စီးပွားပျက်ကပ်အတွင်း ငွေကိုစုထားခြင်း သို့မဟုတ် ငွေလွှဲခြင်းတို့တွင် မည်သည့်ရွေးချယ်မှုသည် ပို၍အကျိုးရှိနိုင်ပါသနည်း။  

ရွေးချယ်မှုကိုမပြုလုပ်ခင် အောက်ပါအချက်များကိုစဉ်းစားသင့်ပါသည်။  

  • သင်သည်ငွေလိုအပ်ပါသလားအကယ်၍ လိုအပ်သည်ဆိုပါကငွေလွှဲလိုက်ပါ။  
  • သင့်ထံတွင် ငွေမည်မျှရှိပါသနည်းအကယ်၍ ဒေါ်လာ ၁၀၀၀ အောက်ဖြစ်လျှင် စုထားပါ သို့မဟုတ် ပြည်တွင်းထုတ်ကုန်နှင့် ဝန်ဆောင်မှုတစ်ခုခုအတွက် အသုံးပြုလိုက်ပါ။  
  • နိုင်ငံခြားငွေလဲနှုန်းထားအခြေအနေကို လေ့လာကြည့်ပါ။ ကောင်းမွန်သည်ဆိုပါက တတ်နိုင်သမျှ သုံးပါ/ငွေလွှဲပါ။  
  • မိမိလွှဲလိုက်သောငွေအား မည်သူမှလက်ခံရရှိသနည်းလက်ခံရရှိသူသည် အိမ်သို့ အကြိမ်ရေမည်မျှပို့ပေးလေ့ရှိသနည်းပုံမှန် (လစဉ်) ပို့ပေးသည်ဆိုပါက ငွေပမာဏ အများအပြားကိုအဆင်ပြေစွာလွှဲနိုင်သရွေ့ ငွေလွှဲခြင်းဆက်လက်ပြုလုပ်ပါ။  

  

စီးပွားပျက်ကပ်ကြောင့် မည်သူတို့သည်အကျိုးစီးပွားမဖြစ်ထွန်းသနည်း  

စီးပွားပျက်ကပ်ကြောင့် အကျိုးမဖြစ်ထွန်းသူများတွင်  

  • နိုင်ငံရပ်ခြားမှငွေလွှဲသူများ အကယ်၍ သင်၏မိသားစုဝင်များရှိရာ နိုင်ငံရပ်ခြားသို့ငွေလွှဲနေရ ပါက သင့်အတွက်အခက်အခဲများရှိလာမည်ဖြစ်သည်။ ဝန်ဆောင်မှုနှုန်းများ ပိုမိုမြင့်တက်လာ နိုင်ပြီး သင်၏ပြည်တွင်းသုံးငွေကြေးသည် နိုင်ငံခြားငွေကြေးထက် တန်ဖိုးလျော့ကျလာခြင်း ကြောင့် နိုင်ငံခြားငွေလဲနှုန်းထားများလည်းမြင့်တက်လာနိုင်သည်။ (ဥရောပငွေကြေး အကြပ်အတည်းကာလ အတွင်း ယူရိုငွေတန်ဖိုးကျလာသကဲ့သို့) အဆိုပါအချက်များကြောင့် သင်နှင့်သင်၏ငွေလွှဲကို နေထိုင်စရိတ်အဖြစ်အားကိုးနေရသော သင်၏မိသားစုအတွက် ငွေလွှဲခြင်းသည် စရိတ်ကြီးလာနိုင်သည်။   
  • နိုင်ငံရပ်ခြားတွင်ကျောင်းတက်နေသောကျောင်းသူ/သားများရှိသည့်မိသားစုများတွင် အများအားဖြင့် အိမ်မှပို့ပေးသောငွေလွှဲအား ကျောင်းစရိတ်နှင့်နေထိုင်စရိတ်အဖြစ် မှီခို နေထိုင်ရသည့်အခါ ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းခြင်းသည် ကုန်ကျစရိတ်ကို သိသိသာသာမြင့်တက်လာစေနိုင်သည်။ မြင့်မားသောကျောင်းစရိတ်များကို ပီဆို၊ရူပီးငွေ ဖြင့်မဟုတ် ဒေါ်လာယူရိုငွေဖြင့်သာပေးချေရသဖြင့် ငွေလဲနှုန်းကြောင့် တိုးလာသော စရိတ်များအားလုံးကိုကာမိစေရန် ငွေလွှဲသည့်အခါ ယခင်ထက် ငွေပမာဏအများအပြားလွှဲရန် လိုအပ်လာသည်။    

  

စီးပွားပျက်ကပ်ဖြစ်သည်ဖြစ်စေမဖြစ်သည်ဖြစ်စေ ငွေလွှဲခြင်းလုပ်ငန်းစဉ်သည် နိုင်ငံရပ်ခြားရှိသင့်မိသားစု၏ ငွေကြေးအတွက်အရေးပါသောအစိတ်အပိုင်းတစ်ခုအဖြစ်ဆက်လက်ရှိနေမည်ဖြစ်သည်။ လူကြီးမင်းသည် ကျွန်ုပ်တို့ဆောင်းပါးအားဖတ်ရှုခြင်းဖြင့် စီးပွားပျက်ကပ်ကြောင့်ဖြစ်လာနိုင်သော အကျိုးသက်ရောက်မှုကို နားလည်ပြီး ကြိုတင်ပြင်ဆင်ထားနိုင်ရန် အထောက်အကူဖြစ်မည်ဟုမျှော်လင့်ပါသည်။